Morning ပါ TYTimers တို့ရေ🍃🌞
ပုံမှန်ဆို ခုလိုရာသီမှာ စာမေးပွဲအတွက် စာတွေစု၊ စာတွေလုပ်နေရမဲ့ အချိန်ပေါ့✨
ဘယ်လိုပဲအခက်အခဲတွေရှိရှိ စာကြိုးစားလေ့လာနေတဲ့သူတွေအတွက်ကတော့ ရသမျှအခွင့်အရေးကိုအသုံးချပြီး online learningတွေ၊ self-study တွေနဲ့ ကိုယ်အားသန်ရာskillတွေဖြည့်နေကြမှာပဲ🤩
ဒါပေမဲ့ Online learningပဲဖြစ်ဖြစ် ၊self-studyပဲဖြစ်ဖြစ် ခုလိုsocial media ခေတ်ကြီးထဲမှာ Time Management မှ မလုပ်ဖြစ်ဖူးဆိုရင် ကိုယ်သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ လိုချင်တဲ့ target မရောက်တာတွေဖြစ်ဖူးကြလားမသိဘူး ( ဥပမာ - ၃ လအတွင်းအပြတ်လုပ်မယ်လို့ planချထားပြီး 8 လလောက်ကြာသွားတာမျိုးပေါ့)
ဒါကြောင့် ဒီနေ့မှာ TYTimersလေးတို့အတွက် Pareto Principleလို့ခေါ်တဲ့ 80/20 Rule study method တစ်ခုကို မျှဝေပေးချင်ပါတယ်🙆♂️
📝Pareto Principle ဆိုတာကတော့ 1960ခုနှစ်မှာ အီတလီစီးပွားရေးပညာရှင်တစ်ယောက်ဖြစ်တဲ့ Vilfredo Pareto က အီတလီမှာရှိတဲ့ 80% သောမြေတွေကို 20% သောလူတွေ ပိုင်ဆိုင်ထားတာကို တွေ့ရှိရင်းသား ပေါ်ပေါက်လာတာဖြစ်ပါတယ်။
ဒီ Ruleကို အားလုံးလည်း ရင်းနှီးပြီးသားဖြစ်သလို တစ်ချို့စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကျောင်းသား/သူ အများစုလည်း သုံးဖူးကောင်းသုံးဖူးပါလိမ့်မယ်။ သူ့ရဲ့သဘောတရားကတော့ ကျွန်တော်တို့ခံစားရတဲ့ အကျိုးတရား၈၀%ဟာ အကြောင်းတရား ၂၀%က လာတယ်လို့ဆိုလိုပါတယ်။
- စီးပွားရေးလောကမှာဆိုရင် 80% သော အကျိုးအမြတ်တွေက 20%သော customersတွေဆီက လာတယ်လို့ဆိုလိုပြီး၊Relationshipပိုင်းမှာဆိုလည်း ၈၀%ပျော်ရွှင်မှုဟာ ၂၀%လူတွေဆီက လာတယ်လို့ ဆိုလိုပါတယ်၊
စီးပွားရေး၊Relationship လောကတင်မကပါဘူး ဒီrule ကို အခြား လူမှုရေး၊ပညာရေး ၊ စိတ်ပိုင်းဆိုင်ရာ နှင့် အခြားကိစ္စတွေမှာလည်း သုံးကြလေ့ရှိပါတယ်။
အဲ့တာတွေထဲကမှ TYTimersလေးတို့အတွက် 80/20Ruleနဲ့ study and Managementလုပ်လို့ရတဲ့အကြောင်းကို မျှဝေပေးပါမယ်ခင်ဗျာ...💁
🔷 Manage your time effectively ( သင့်ရဲ့ အချိန်တွေကို ထိထိရောက်ရောက် စီမံခန့်ခွဲပါ )
✨Pomodoro techniqueလို့ခေါ်တဲ့ 25မိနစ် စာလေ့လာပြီး 5မိနစ် အနားယူတဲ့နည်းဖြစ်ပါတယ်✨
Pomodoro တစ်ခုစာအတွက်ဆို စုစုပေါင်း 25+5=30 မိနစ် ရပါတယ်။ အဲ့လို အဲ့လို ကိုယ့်ရဲ့ task မပြီးသေးခင်အထိ Promodoro တစ်ခုပြီးတစ်ခု cycle လည်ပြီး လေ့လာရတဲ့နည်းဖြစ်ပါတယ်...🙆♂️
80/20 rule အရဆို စုစုပေါင်း 30mins မှာ 5mins break ယူခြင်း 5/30 ( 20 % ) ဟာ အချိန်ဆွဲခြင်း 80%လောက်ကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်...
အချိန်ကတော့ ကိုယ်အဆင်ပြေတဲ့ limit သတ်မှတ်ပြီးလုပ်လို့ရပါတယ်။ But Break ပေးဖို့တော့မမေ့ပါနဲ့ TYTimers တို့ရေ *Break time ခဏတာယူခြင်းဟာ အာရုံစူးစိုက်မှုတွေကို ပိုတိုးတက်စေပြီး ဦးနှောက်ကို refreshဖြစ်စေသလို အချိန်ဆွဲခြင်းတွေကိုလည်း လျော့ချပေးနိုင်ပါတယ် *
ဒါကြောင့် အချိန်ဆွဲတတ်တဲ့အကျင့်ရှိရင် ဒီနည်းလေးကို try ကြည့်နော်🙆
🔷Study Smart ( စမတ်ကျကျ လေ့လာပါ )
ကျွန်တော်တို့တွေ tutorials or exams တွေဖြေရတော့မယ်ဆိုရင် လေ့လာရမဲ့topics တွေကများနဲ့ ဘယ်ကနေဘယ်လိုစလုပ်ရမလဲဆိုပြီး ခေါင်းခြောက်ဖူးပါလိမ့်မယ်🤯 ဒါကို Richard Koch ရဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားတာနဲ့ ဥပမာပေး ပြောပြပေးပါမယ်..
Richardက သူ့ရဲ့ graduation examအတွက် 80/20 Ruleနဲ့ စာလေ့လာပြီး Oxford Universityကနေ ထိပ်တန်းဂုဏ်ထူးတွေနဲ့ ဘွဲ့ရရှိခဲ့တာဖြစ်တယ်လို့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ သူက 550 topicsလုံး လေ့လာမဲ့အစား လွန်ခဲ့တဲ့ နှစ် ၂၀ စာမေးပွဲတွေက ဘုံ topics 6ခုကို ခွဲထုတ်ပြီး လေ့လာခဲ့တာပါ။
80% သော သူ့ရဲ့ exam result တွေဟာ 20%သော သူခွဲထုတ်လေ့လာခဲ့တဲ့ topics တွေကြောင့် ဖြစ်ပါတယ်✨
ပြောရရင်တော့ ကျွန်တော်တို့ စာမေးပွဲတွေ မဖြေခင် စာလေ့လာဖို့planဆွဲတဲ့အခါ သင်ခန်းစာတွေရဲ့ အရေးကြီးတဲ့ဟာတွေကို ခွဲထုတ်လေ့လာကြည့်ပါ။ ဆရာတွေက အရေးကြီးမေးခွန်းလို့ပြောတတ်တာတွေ ၊ သီးခြားအချိန်ပေးပြီးသင်တတ်တာတွေ ၊မေးခွန်းဟောင်းတွေ စတဲ့ဟာတွေကို 20%လောက် စနစ်တကျခွဲထုတ်ပြီးလေ့လာမယ်ဆိုရင် အချိန်အများကြီးလည်းမကုန် စာလုပ်ရတာလည်းနည်းသွားပြီး မေးခွန်းတွေကိုလည်း ကောင်းကောင်းဖြေနိုင်မယ်လို့ ယုံကြည်ပါတယ်...
* ဒီနည်းလမ်းလေးက စမတ်ကျကျလေ့လာလို့ အမှတ်များတဲ့အခါမှာလည်း သူငယ်ချင်းတွေကြား စာနည်းနည်းလုပ်ပြီး မေးခွန်းတွေဖြေနိုင်နေတာမို့ လူပါsmartကျနေမှာဆိုတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်မို့ စာမေးတဲ့ပွဲတွေကျင်းပရင် must try ပါ...😁🤩
🔷 Present Effectively! ( ထိထိရောက်ရောက် တင်ပြပါ )
ဒီဟာကတော့ စာလေ့လာတယ်ဆိုတာထက် ကိုယ့်ရဲ့ project တင်ပြတာတို့ ၊ discussion လုပ်တာတို့အတွက်အသုံးဝင်မဲ့နည်းလေးမို့ လုပ်ငန်းခွင်မှာလည်း အသုံးပြုလို့ရပါတယ်...
ကျွန်တော်တို့တွေ presentation တစ်ခုအတွက် PPT တွေပြင်တဲ့အခါ 80%လောက်က slidesအတွက်ပြင်ဆင်နေတဲ့အတွက်ကြောင့် audience attention က 20%လောက်သာရရှိနေတာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က slides တွေအတွက်သာပြင်ဆင်နေပြီး တကယ်အရေးကြီးတဲ့ manner ပိုင်းကို မပြင်ဆင်မိလို့ပါ။ 🤧
ကျွန်တော်တို့ presentation or meeting တစ်ခုမှာဆိုရင် ကိုယ်တိုင် audience ဘက်ကနေဝင်ကြည့်ကြည့်ပါ။ slides တွေဘယ်လောက်ကောင်းအောင် ပြင်ထားထား mannerပိုင်းက တက်ကြွမှု၊connection မရှိရင် ကျွန်တော်တို့ရဲ့ presentation ကို audience ဘက်က အာရုံစိုက်မှု 80%လောက်တောင် ကျဆင်းသွားနိုင်ပါတယ်။🙂 အဲ့ဒီတော့ 80/20 Rule နဲ့ ဘယ်လိုထိရောက်အောင်လုပ်ရမလဲဆိုတော့ အရမ်းကြီးမခက်ပါဘူး။ reversible လုပ်လိုက်ရုံပါပဲ။🙆♂️ Audience နဲ့ ဘယ်လို eye contact လုပ်ရမယ် ၊ ကိုယ် presentပေးရမဲ့ အကြောင်းအရာတွေ၊စကားလုံးတွေ ချောမွေ့အောင် ၊ကိုယ်ရဲ့ manner တွေ အကောင်းဆုံးဖြစ်နေအောင် 20%သာ အချိန်ပေးပြီး လေ့ကျင့်လိုက်ပါ။ 80%သော audienceဘက်ကအာရုံစိုက်မှုတွေ ၊ အောင်မြင်မှုတွေ ရရှိပါလိမ့်မယ်...
(Slides တွေကိုလည်း ပစ်ထားတာမျိုးမဟုတ်ဘဲ slides တွေအတွက် အချိန်တွေ ကုန်မနေဖို့ ပြောထားခြင်းဖြစ်ပါတယ် )
*ဒီနည်းလမ်းလေးက PPT တွေနဲ့ ဥပမာပေးပြောထားပေမဲ့ ကျွန်တော်တို့လေ့လာနေတဲ့ အရာတစ်ခုကို လူတွေရှေ့မှာ ပြန်လည်ချပြတဲ့အခါမျိုးကို ဆိုလိုပါတယ်*
ကဲ နည်းလမ်းလေးတွေလည်း ပြောပီးပီဆိုတော့ ဖတ်ပဲဖတ်မနေကြဘဲ ခုပဲ စမ်းလုပ်ကြည့်လိုက်ကြနော်🤩
သူငယ်ချင်းတွေကိုလည်း ကိုယ့်လို smartကျကျ တူတူလေ့လာရအောင် မျှဝေပေးလိုက်ပါအုံး TYTimers တို့ရေ✌️
💌 ၈၀ရာခိုင်နှုန်းသောရလဒ်တွေက သင့်ရဲ့ ကြိုးစားအားထုတ်မှု ၂၀ ရာခိုင်နှုန်းကနေ လာတာဖြစ်လို့ အချိန်တွေ ဖြုန်းမနေဘဲ 80/20 Rule နဲ့ အထာကျကျလေ့လာပြီး အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ တောင်းဆုပြုရင်း သာယာသော မနက်ခင်းအချိန်အခါလေးဖြစ်ပါစေခင်ဗျာ... 🌄✨
#austle
#80/20Rule_In_Studying
#takeyourtimemyanmar
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments