အိမ်တစ်အိမ်ရဲ့တန်ဖိုး
အိမ်ရဲ့တန်ဖိုးဆိုတာ အိမ်ဘယ်လောက်ကောင်းတယ်၊ မကောင်းဘူးပေါ်မှာ ဆိုလိုတာမဟုတ်ဘဲ အိမ်ရဲ့ လုံခြုံမှု၊ အိမ်မှာနေတဲ့လူတွေရဲ့ မေတ္တာတရား၊ မေတ္တာတရားနဲ့ လုံခြုံရင်လည်း အိမ်ဟာနွေးထွေးပါတယ်။
အိမ်က အရာအားလုံးရဲ့ စတင်ရာတဲ့လေ ...
အိမ်တစ်လုံးသာ အခြေတကျရှိနေရင် အဲ့နောက်ကွယ်မှာ ကျွန်တော်တို့ စားဖို့သောက်ဖို့ကိုပဲ ပူပင်စရာရှိပါတယ်။ အိမ်က ကိုယ်နဲ့အသားကျနေတဲ့ ပတ်၀န်းကျင်၊ ကမ္ဘာပေါ်မှာ အိမ်က
သက်တောင့်သက်သာ အဖြစ်ဆုံးနေရာလို့ ခံစားရတယ်၊ တစ်နေကုန် လှုပ်ရှားရုန်းကန်ရင်း အပြင်ပတ်၀န်းကျင်မှာ ဘယ်လောက်ပဲ ပျော်စရာ၊ စိတ်လှုပ်ရှားစရာတွေ့တွေ့ အိမ်က ကိုယ်အမြဲအိပ်ရတဲ့ အိပ်ယာလေးလောက် စွဲမက်စရာမကောင်းဘူး။
အဲ့ဒီခံစားချက်က နွေးထွေးတဲ့ မိသားစုလေးနဲ့ နေလို့ဖြစ်တဲ့ အိမ်လေးတစ်လုံးရဖို့ နွံထဲကရုန်းသလို ရုန်းခဲ့ရတဲ့ သူတွေဆို ပိုလို့တောင် ခံစားရမယ်ထင်ပါတယ်။ ဒါပေမဲ့ ဥမကွဲ၊ သိုက်မပျက်ဆိုတဲ့ စကားလေးကို မြန်မာနိုင်ငံက မိသားစုတချို့ ကြားချင်ကြမယ်မထင်တော့ပါဘူး။ မိသားစုတွေ သေကွဲရှင်ကွဲ ကွဲကြရပြီ၊ နွေးထွေးတဲ့အိမ်တွေ မီးလောင်ပြာကျခဲ့ကြရပြီ၊ မချမ်းသာသော်လည်း ပျော်ပါသည်တဲ့လေ၊ အခုတော့ အပျော်တွေပါ ပျောက်ဆုံးကြရပြီ၊ ကျွန်တော်တို့တွေ ဒီအချိန်တွေကို မေ့လို့မဖြစ်ပါ၊ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကာလ သုံးခုလုံးမှာ အမြဲတမ်းမှတ်ထားရမဲ့ အရာဖြစ်ပါတယ်၊ မှတ်ထားရုံနဲ့ ရပ်တန့်သွားမှာလည်း မဟုတ်သလို တတ်နိုင်တဲ့ဟာကို ရရင်ရသလို တာ၀န်အနေနဲ့ထားပြီး လုပ်ဆောင်ကြရအောင်။
မျက်ရည်တွေဟာ ကျမြဲတိုင်းကျနေတုန်းပါပဲ၊ အရမ်းပူတဲ့ဆောင်းဦးမှာ အေးချမ်းပါစေလို့ ဆုတောင်းပေးရုံနဲ့ မပြီးတော့ပါ။
#koon
#takeyourtimemyanmar
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments