အင်္ဂလိပ်စာကို Language တစ်ခုလို လေ့လာမယ်ဆိုရင် 🗣📖

Details

မင်္ဂလာပါ။ နေကောင်းကျန်းမာရှိကြပါရဲ့လား TYTimers တို့ရေ...🤗

ဒီစာကိုဖတ်နေကြတဲ့ TYTimers လေးတွေထဲမှာ English စာလေ့လာနေကြတဲ့ စာဂျပိုးလေးတွေ ဘယ်လောက်တောင်ပါနေမလဲ။👀 ဒီနေ့မှာတော့ ကျွန်တော်က English ဘာသာစကား လေ့လာနေသူတွေအတွက် အခြေခံကျပြီး မဖြစ်မနေသိဖို့လိုတဲ့ Tips တစ်ချို့ကို Sharing လုပ်ပေးချင်ပါတယ်။ ကျွန်တော်က English တစ်ခုကိုပဲ အဓိကထားပြောသွားပေမဲ့ အခုပြောတဲ့ Tips တွေက ဘယ်ဘာသာစကားအတွက်မဆို အတူတူပါပဲနော်။ ဒါကြောင့် ကိုယ်က English မဟုတ်ဘဲ တခြားဘာသာစကားတစ်ခုခုကို လေ့လာနေတာဆိုရင်လည်း ဒီ Tips လေးတွေက အသုံးဝင်မှာပါ။

ကဲ ဒါဆိုရင်တော့ စလိုက်ရအောင်။ 👇

1️⃣ Test your level

ဒါကတော့ ဘာမှမလေ့လာသေးခင် အရင်ဆုံးလုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ အများစုက အင်္ဂလိပ်စာကို ကျောင်းမှာဘာသာရပ်တစ်ခုအနေနဲ့ သင်ခဲ့ကြရပေမဲ့ Language တစ်ခုအနေနဲ့ကတော့ တတ်မြောက်သွားတယ်ဆိုတာ ရှားပါတယ်။ ဆိုတော့ ကိုယ်က Language တစ်ခုအနေနဲ့ စပြီးလေ့လာတော့မယ်ဆိုရင်တော့ လက်ရှိမှာ ကိုယ်ရဲ့ English skill က ဘယ် level မှာရှိတယ်ဆိုတာ သိဖို့အရေးကြီးပါတယ်။ စစ်တဲ့နေရာမှာလည်း Speaking, Listening, Reading and Writing အကုန်လုံးကို စစ်ပြီး Skill တစ်ခုစီမှာ ကိုယ့် Level ဘယ်လောက်ရှိတယ်ဆိုတာ သိထားဖို့လိုပါတယ်။ ဒါဆိုရင် ကိုယ်က ဘယ်အပိုင်းမှာတော့ အားကောင်းတယ် ဘယ်အပိုင်းမှာတော့ ပိုလေ့လာရမယ်ဆိုတဲ့ ကိုယ်ရဲ့ Language level ကို သိသွားမှာဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးဘယ်လို ဆက်လေ့လာရမယ်ဆိုတာ ပိုပြီးလွယ်ကူလာမှာပါ။

2️⃣ Choose right resources
Language တစ်ခုလေ့လာတော့မယ်ဆိုရင်တော့ ဖတ်ရမဲ့စာအုပ်တွေ Video တွေ Speaking, Listening, Reading and Writing စသဖြင့် Skill အသီးသီးက လိုအပ်တဲ့ Resources တွေကို လိုက်စုတတ်ကြတယ် မဟုတ်လား။ ( ကိုယ် Save ထားသမျှ စာအုပ်တွေအကုန်လိုက်ဖတ်တာ မဖတ်တာကတော့ တစ်ပိုင်းပေါ့လေ😜 ) အဲလို Study resources တွေလိုက်စုတဲ့အခါ များသောအားဖြင့် တွေ့သမျှအကုန်လိုက်စု ပြီးတော့ တကယ်စာလုပ်တဲ့အခါကျတော့ ဘယ်ဟာက ဘာစလုပ်ရမှန်းမသိဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေကျတော့လည်း ကိုယ်က Intermediate လောက်ရှိပေမဲ့ Advanced level စာတွေကို သွားဖတ်မိတာဆိုရင်လည်း မလိုက်နိုင်ဖြစ်သွားတတ်သလို ကိုယ်က Upper Intermediate လောက်ရှိတာကို Elementary level စာတွေသွားဖတ်မိရင် ပျင်းနေရမှာပါ။ ဒါကြောင့် အင်တာနက်မှာတွေ့သမျှ အကုန်လိုက် save တာထက်စာရင် ကိုယ့် Level နဲ့ ကိုက်ရဲ့လား အရင်တိုက်ကြည့်နော်။

3️⃣ Get exposure everyday

ဘယ်ဘာသာစကားကိုမဆို လေ့လာတဲ့အခါ အမှန်တကယ်တတ်မြောက်ဖို့အတွက် အလိုအပ်ဆုံးကတော့ Exposure လို့ခေါ်တဲ့ ဘာသာစကားနဲ့ထိတွေ့မှုပါ။ အင်္ဂလိပ်စာအတွက်ဆိုလည်း အင်္ဂလိပ်သီချင်းတွေ နားထောင်တာ Movies and TV Show တွေကို ကြည့်တာ English လိုပြောတဲ့ You Tube Video တွေကြည့်တာ ကိုယ်သိတဲ့ Vocabulary တွေကို နေ့စဉ်စကားပြောတဲ့အခါ ထည့်သုံးတာ၊ English လိုဆောင်းပါးလေးတွေ ဖတ်တာ၊ English လို ဒိုင်ယာရီရေး၊ Note ရေးတာ Social Media မှာသူငယ်ချင်းတွေနဲ့ Chat တဲ့အခါအင်္ဂလိပ်လိုပြောတာ စသဖြင့် ကိုယ်ရဲ့ Daily Life မှာ ဒီဘာသာစကားက စိမ့်ဝင်လာတဲ့အထိ Exposure ရှိအောင်လုပ်ပါ။ Subject တစ်ခုလိုမဟုတ်ဘဲ Language တစ်ခုလိုလေ့လာတဲ့အခါ ပေါ့ပေါ့ပါးပါးလေ့လာတာက လက်တွေ့မှာပိုထိရောက်ပါတယ်။ ကိုယ်က Movies တွေ Series တွေကြည့်ရင်း လေ့လာမယ်ဆို သူတို့သုံးတဲ့ Language အသုံးပြုပုံတွေ Vocabulary တွေနဲ့ အသံထွက်၊ ဒါတွေကိုလည်း ဂရုစိုက်ပြီးကြည့်ဖို့တော့လိုပါတယ်။ တစ်ခါတစ်လေကျတော့လည်း ဖြစ်တတ်ပါတယ်၊ ရုပ်ရှင်ကနေ အင်္ဂလိပ်စာသင်မယ်ဆိုပေမဲ့ ရုပ်ရှင်ဇာတ်ကြောင်းပေါ် အာရုံရောက်သွားပြီးတော့ Language learning ကိုမေ့သွားတတ်ပါတယ်။ အဲဒီတော့ ဖြစ်နိုင်ရင် ပထမတစ်ခါကိုရုပ်ရှင်ကိုအာရုံစိုက်ကြည့်ပြီး နောက်တစ်ခါကို Language ကိုဦးစားပေးကြည့်တာမျိုး နဲ့ ခဏခဏကြည့်ပါ။ ဒီတော့ Exposure လည်းရှိရမယ် Focus လည်းရှိရပါမယ်နော်။

4️⃣ Find study buddy

ကိုယ်နဲ့ Language level တူတဲ့ Study buddy ရှာပြီး လေ့လာတာမျိုးကလည်း ပိုတတ်လွယ်ပါတယ်။ ကျန်တဲ့အပိုင်းတွေကတော့ တစ်ယောက်တည်းလေ့ကျင့်လို့ရပေမဲ့ Speaking လိုမျိုးကကျတော့ အပြောကျင့်ဖို့ နောက်တစ်ယောက်လိုပါတယ်။ ဒီလိုမှမဟုတ်ဘူး တစ်ယောက်တည်းပဲ လေ့ကျင့်ချင်တယ်ဆိုရင်လည်း မှန်ရှေ့မှာ စကားပြောကျင့်လို့တော့ ရပါတယ်။ ဒါပေမဲ့ Study buddy နဲ့ လေ့ကျင့်တာကတော့ ကိုယ်လေ့လာတာ သူလေ့လာတာအပြန်အလှန်ဝေမျှလို့လည်း ရတဲ့အပြင် လက်တွေ့ Conversation တစ်ခုဖြစ်တဲ့အတွက် Skill တက်ဖို့ကပိုပြီးလည်း Practical ဖြစ်ပါတယ်။ သူငယ်ချင်းနဲ့အတူ လေ့လာရတာကတော့ ကိုယ်မမြင်မိတာ သတိမထားမိတာတွေ သူကထောက်ပြ ကိုယ်ကသူ့ကို ပြန်ထောက်ပြနဲ့ဆိုတော့ ဝါသနာတူသူငယ်ချင်းတွေနဲ့ ဆိုတော့ ပိုလည်းပျော်ဖို့ကောင်းမှာပါ။

5️⃣ Take your time

ဘာသာစကားတစ်ခုကို လေ့လာတာ ဘယ်နလနဲ့တက်မယ်ဆိုပြီး Fixed သတ်မှတ်ဖို့ခက်ပါတယ်။ ကိုယ်လေ့လာနိုင်ရင် လေ့လာနိုင်သလောက် တစ်လလောက်နဲ့ သိသိသာသာတိုးတက်ရင်လည်း တိုးတက်နိုင်သလို ၆လ တစ်နှစ်လောက် မှ Fluent ဖြစ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ အဓိကကတော့ ကျွန်တော်ပြောခဲ့သလိုပဲ ဒီဘာသာစကားကို တစိုက်မတ်မတ် ထိတွေ့နေပြီး ပေါ့ပေါ့ပါးပါးနဲ့လေ့လာဖို့ပဲ လိုပါတယ်။ မပြောတာကြာရင် မရေးတာကြာရင်တော့ မပြောတတ် မရေးတတ်ဖြစ်ကြမှာပါပဲ။ ဒါကြောင့် အရမ်းမလောဖို့လည်းလွယ်သလို ၂လလောက်နဲ့ မတိုးတက်ဘူးဆိုပြီးလည်း လက်မလျှော့ပါနဲ့။ ဘာသာစကားကိုလေ့လာရင် အချိန်တစ်ခုအတွင်းမှာတော့ တစိုက်မတ်မတ်လေ့လာနိုင်မှ Fluent ဖြစ်လာမှာပါ။

အခုပြောပြသွားတဲ့ Tips တွေကတော့ English စာအပြင် ဘာသာစကားတစ်ခုခု လေ့လာနေတဲ့သူတိုင်းအတွက် အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ခင်ဗျ။


#EnglishLearning#Language
#takeyourtimemyanmar


Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!