📕Hello… TYTimers! ဒီနေ့မှာတော့ TYTimer တွေအတွက် စာကို Effective ဖြစ်ဖြစ် ဘယ်လိုလေ့လာရမယ်ဆိုတာ သိပ္ပံနည်းကျ ပြောပြထားတဲ့ Make it Stick ဆိုတဲ့ စာအုပ်လေးအကြောင်းကို ပြောပြပေးမှာ ဖြစ်ပါတယ်။🙆🏻♂️
📕ကျွန်တော်တို့တွေ စာကြည့်လို့ ပြန်လည်လေ့ကျင့်ခန်းလုပ်တဲ့အချိန်ရောက်ရင် ဘာလုပ်ကြပါသလဲ။ စာကို ပြန်ဖတ်ကြပါတယ်။ ငယ်ငယ်က စာကို သေသေချာချာ ကြေကြေညပ်ညပ်မှတ်မိချင်ရင် ဘာလုပ်ကြပါသလဲ။ ပြန်ဖတ်ကြပါတယ်။ ဒီလိုဆိုရင်တော့ ကျွန်တော်တို့ရဲ့ စာလေ့လာတဲ့နည်းလမ်းက လွယ်လွယ်နဲ့ ရသလို လွယ်လွယ်နဲ့လည်း မေ့မယ် နည်းလမ်းလည်း ဖြစ်ပါတယ်။
📕စာအုပ်ရဲ့ အဓိက Core Message ကတော့ “မှတ်ရတာ လွယ်လေ လွယ်လွယ်မေ့လေဖြစ်ပြီးတော့၊ ခက်ခက်ခဲခဲကြိုးစားပြီး မှတ်ရတဲ့ နည်းလမ်းတွေက ကြာကြာစွဲမြဲတယ်” ဆိုတာပဲ ဖြစ်ပါတယ်။
📕စာအုပ်ထဲမှာတော့ အဓိက Technique (၃)ခု ထိ ရှိပေမယ့် ကျွန်တော်က နည်းလမ်း (၂)ခုကို ဒီ Post မှာ ဖော်ပြပေးသွားပါမယ်ခင်ဗျာ။
(၁) Self-Quizzing (or) Retrieving
📕အရင်ဆုံး Retrieving နဲ့ စာကို ရိုးရိုးပြန်ဖတ်တာ ဘာကွာလဲဆိုတာ ပြောပြပေးပါမယ်ခင်ဗျာ။ စာကို ရိုးရိုး ပြန်ပြန်ဖတ်တာမျိုးက Passive Learning လို့ ခေါ်ပါတယ်။ ဘာလို့လဲဆိုရင် Information တွေကို ကိုယ်က မထုတ်ဘဲ ကိုယ့်ခေါင်းထဲကိုပဲ ထပ်ခါထပ်ခါပြန်သွင်းနေလို့ပါ။
Retrieving ကတော့ Active Learning ပါ။ Retrieving က ဘယ်လိုမျိုးလဲဆိုရင် ကိုယ်လေ့လာဖူးတဲ့ Topic တစ်ခုရဲ့ အကြောင်းကို ကိုယ့်ခေါင်းထဲမှာ ပြန်ပြီးတော့ ရှင်းပြတာမျိုး၊ ပြန်တွေးကြည့်တာမျိုးကို ပြောတာပါ။ Scientific Study တွေကလည်း Retrieve လုပ်တာက Rereading ထက် ပို Effective ဖြစ်တယ်ဆိုတာ ပြောထားရုံသာမက စာကို ခဏခဏပြန်ဖတ်တဲ့ နည်းလမ်းက စာကို သေချာပိုင်နိုင်နေပြီဆိုပြီး ထင်ယောင်ထင်မှား ဖြစ်စေနိုင်ပါတယ်။ တစ်ခါတလေမှာ ကျွန်တော်တို့က စာထဲက Context ကိုတော့ သိတယ်။ ဒါပေမယ့် အပြင်မှာ သေချာအသုံးမချနိုင်ဘဲ ဖြစ်နေတာ အဲ့လိုပိုင်နိုင်ပြီလို့ထင်နေတဲ့ ထင်ယောင်ထင်မှား ဖြစ်မှုကြောင့်လဲ တစ်စိတ်တစ်ပိုင်းပါပါတယ်။ ဒါဆိုရင် Retrieve လုပ်တာကို စာအုပ်တစ်အုပ်ဖတ်တာနဲ့ ကျွန်တော် ဥပမာ ပေးပါမယ်။ စာအုပ်တစ်အုပ်ဖတ်ရင် တစ်ခါတလေမှာ သေချာအသုံးချနိုင်အောင်ဆိုပြီး ပြန်ဖတ်တာမျိုးလုပ်တတ်ပါတယ်။ ဒါပေမယ့် ဒါက Effective ထင်သလောက် မဖြစ်တဲ့အတွက်ကြောင့် စာအုပ်ကို တစ်ခန်းဖတ်ပြီးသွားရင် စာအုပ်ထဲမှာ ပြောထားတဲ့ အဓိက အချက်တွေကဘာတွေလဲ၊ ဘာလို့ ဒါတွေကို ဖော်ပြထားတာလဲ၊ ဒီဗဟုသုတတွေကို အပြင်မှာ ဘယ်လို အသုံးချရမလဲဆိုတာကို ခဏလောက် ပြန်တွေးကြည့်တာပဲ ဖြစ်ဖြစ်၊ ချရေးကြည့်ထားတာပဲ ဖြစ်ဖြစ်လုပ်ထားရင် ပိုပြီး ထိရောက်ပါတယ်။ အဲ့ဒီလိုပဲ စာလုပ်ရင် Quiz တွေ ခဏခဏပြန်ဖြေကြည့်တဲ့လူက ခေါင်းထဲမှာ စာပိုစွဲတာကို တွေ့ရမှာပါ။
(၂) Interleaving
📕Interleaving ဆိုတာကတော့ ကိုယ်လေ့လာနေတဲ့အရာတစ်ခုကို ထပ်ခါထပ်ခါဆက်တိုက် လုပ်မနေဘဲ ကြားထဲကနေ အခြား အကြောင်းအရာတွေကို ခြားပေးတာဖြစ်ပါတယ်။ Interleaving ကိုတော့ Language တစ်ခုကို စလေ့လာတဲ့ သူတစ်ယောက်အနေနဲ့ ဥပမာပေးပြပါမယ်ခင်ဗျာ။ ကျွန်တော်တို့ “Gomen Nasai” ဆိုတဲ့ Japanese Phrase တစ်ခု ကို မှတ်ထားချင်တယ်ဆိုကြပါစို့။ ဒီစကားတစ်ခုထဲကို ၁၅ခေါက်လောက် တောက်လျှောက်ထိုင်ရွတ်နေရင် လွယ်လွယ်နဲ့တော့ မှတ်မိသွားပါလိမ့်မယ်။ ဒါပေမယ့် ခဏလောက်ကြာရင်လည်း လွယ်လွယ်နဲ့ မေ့သွားပါတယ်။ အဲ့တာကြောင့် ကြားထဲမှာ အခြားစကားလုံးတွေ ခြားပြီး လေ့လာပေးရပါတယ်။ “Gomen Nasai”, “Konnichiwa”, “Itadakimasu”, “Arigatou Goazimasu” ဒီလိုမျိုး စကားလုံးကို Interleave လုပ်ပြီး မှတ်သားထားဟာ မှတ်ရတာတော့ ခက်ပါတယ်။ ဒါမေယ့် မေ့ဖို့လည်း ခက်ပါတယ်။
📕အခုကျွန်တော် ပြောပြပေးသွားတဲ့ Technique နှစ်ခုအပြင် စာအုပ်ထဲမှာ “Spaced Repetition” ဆိုတဲ့ Technique အကြောင်းကိုလည်း ပြောပြပေးထားပါတယ်။ ဒီနောက်ဆုံး Technique လေးကိုတော့ TYTimer တွေ စာအုပ်ထဲမှာပဲ မူလအရသာအတိုင်း ဖတ်လို့ရအောင် ချန်ထားပေးလိုက်ပါတယ်နော်။ TYTimer တွေ အားလုံး မင်္ဂလာရှိသော မနက်ခင်းလေးကို ပိုင်ဆိုင်ကြပါစေခင်ဗျာ။🥰
#harry
#takeyourtime
#makeitstick
#bookrecommendation
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments