Book Recommendation – The 7 Habits of Highly Effective People

Details

📚မင်္ဂလာပါ TYTimer တို့ရေ။ ဒီနေ့မှာတော့ TYTimer တွေအတွက် အလွန် တန်ဖိုးရှိတဲ့ စာအုပ်လေးတစ်အုပ်အကြောင်းကို ပြောပြပေးပါမယ်ခင်ဗျာ။
ဒီစာအုပ်ကို Stephen R.Covey ရေးထားပြီးတော့ The 7 Habits of Highly Effective People လို့ ခေါ်ပါတယ်ခင်ဗျာ။ မြန်မာဘာသာပြန်အနေနဲ့ကတော့ ၂၁ ရာစု သားရွှေဥဆိုပြီး ထွက်ရှိထားပါတယ်။
ဒီစာအုပ်ရဲ့ ခေါင်းစဉ်ကို ကြည့်ပြီး ကိုယ်အရင်ဖတ်ဖူးတဲ့ စာအုပ်တွေလိုပဲ To-Do List တွေ ရေးခိုင်းမယ်၊ အပေါင်းအသင်းတွေ ပေါင်းခိုင်းမယ်၊ လူတွေကို Influence ဖြစ်နိုင်အောင် စကားပြောလေ့ကျင့်မယ်တွေ ဘာတွေ ရေးထားမယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် ဒီစာအုပ်မှာ ဒီလို အချက်တွေ တစ်ခုမှ ပြောမထားဘဲ မတူညီတဲ့ တကယ်အသုံးဝင်လက်တွေ့ကျတဲ့ အကျင့် (ရ)ခုကို ပြောပြပေးထားတာ ဖြစ်ပါတယ်။

📚ကျွန်တော်တို့တွေ Productivity စာအုပ်တွေ၊ Motivational စာအုပ်တွေ Self-Help စာအုပ်တွေ ဖတ်ရင် အမြဲဖတ်နေရတာတွေ ရှိပါတယ်။ လူတွေနဲ့ ဘယ်လို ပေါင်းသင်းဆက်ဆံရမယ်၊ စကားဘယ်လို ပြောရမယ်၊ Public Image ကောင်းအောင် ဘယ်လိုနေကြမလဲ၊ ဘယ်လို ဝတ်စားကြမလဲ စတာတွေကို ပြောလေ့ရှိပါတယ်။ ဒီလိုမျိုး အကျင့်တွေကို စာအုပ်ထဲမှာ “Personality Ethic” လို့ ဖော်ပြထားပါတယ်။ Personality Ethic ကို Focus လုပ်ပြီး ပြင်တယ်ဆိုရင် အဓိက တက်တဲ့ ပြသနာကတော့ အပေါ်ယံပဲ ပြောင်းသွားတာပါ။ ဥပမာ - လူတွေကို ပေါင်းသင်းဆက်ဆံတတ်အောင် စကားပြောနည်း စာအုပ်ထဲက နည်းနာတွေကို အသုံးပြုကြမယ်ဆိုကြပါစို့။ ဒါပေမယ့် ကို်ယ့်ရဲ့ စိတ်ထဲမှာ ဒီလူကို အမြင်စောင်းနေရင် ဘယ်သင့်တော်ပါ့မလဲ။ ကိုယ်က Public Image ကောင်းအောင်လို့ အမြဲပြုံးနေမယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ မပျော်ဘဲ နေရင် ဘယ်သင့်တော်ပါ့မလဲ။ ဒါကြောင့်မလို့ ဒီလို နည်းလမ်းတွေကို အသုံးမပြုဘဲ အခြေခံ အချက်တွေဖြစ်တဲ့ Integrity, Courage, Proactivity, Modesty စတဲ့ “Character Ethic” တွေကို ပြင်ရမယ်လို့ စာအုပ်ထဲမှာ အကျင့် (ရ)ခုကို မိတ်ဆက်ပေးထားပါတယ်ခင်ဗျာ။

📚Habit (၇) ခုကိုတော့ Private Victory, Public Victory, Renewal ဆိုပြီး သုံးပိုင်းခွဲပြီး ဖော်ပြပေးထားရာမှာ ကျွန်တော်ကတော့ အဲ့ထဲက Habit (၃)ခု အကြောင်းကို ပြောပြပေးသွားပါမယ်။

📚(၁) Be Proactive.
Proactive ဆိုတာကို မြန်မာလိုတော့ အတိအကျ အဓိပ္ပာယ်မရှိပါဘူး။ အနီးစပ်ဆုံး ပြောပြရရင် သူများပြောတာ၊ သူများလုပ်တာတွေကို ဦးတည်ပြီး မတုံ့ပြန်ဘဲ မိမိ ဆုံးဖြတ်ချက်၊ မိမိသဘောနဲ့ လုပ်ဆောင်တာကို ပြောတာပါ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကျွန်တော်တို့ ထိန်းချုပ်လို့ ရတာတွေ ရှိတယ်၊ ကျွန်တော်တို့ ထိန်းချုပ်လို့ မရတာတွေ ရှိတယ်။ ရာသီဥတု ပူတာတွေ၊ ကားကြပ်တာတွေ၊ မီးပြတ်တာတွေ၊ စာမေးပွဲ အမှတ်ပေး စည်းမျဉ်းကျပ်တာတွေ၊ စာမေးပွဲ မေးခွန်းခက်တာတွေ စတာတွေကို ကျွန်တော်တို့တွေ ထိန်းချုပ်လို့ မရပါဘူး။ ဒီလို ထိန်းချုပ်လို့ မရတာတွေကို စုပြီး “Circle of Concern” လို့ ခေါ်ထားပါတယ်။ ကျွန်တော်တို့ ထိန်းချုပ်လို့ ရတဲ့ အရာတွေကိုစုပြီးတော့ “Circle of Influence” လို့ ခေါ်ထားပါတယ်။ သူရဲ့ အဓိက ပြောထားတဲ့အချက်ကတော့ ကိုယ်ထိန်းချုပ်လို့ မရတဲ့ “Circle of Concern” ထဲက အရာတွေကို Complain မလုပ်ဖို့ပါ။ ကိုယ်ထိန်းချုပ်လို့မရတဲ့ “Circle of Concern” ထဲက အရာတွေကို အလေးမပေးဘဲ ထိန်းချုပ်လို့ ရတဲ့ “Circle of Influence” ထဲက အရာတွေကို အလေးပေးဖို့ပါ။ ဥပမာအားဖြင့် - စာမေးပွဲ အမှတ်မကောင်းတဲ့ ကျောင်းသားနှစ်ယောက်မှာ Reactive ဖြစ်တဲ့ ကျောင်းသားကတော့ “စာမေးပွဲက ခက်ပြီး အမှတ်ပေးစည်းမျဉ်းက ကျပ်လိုက်တာကွာ၊ ဘယ်လိုလုပ်တတ်နိုင်မလဲ” ဆိုပြီး စာမေးပွဲကို အပြစ်တင်တတ်ပြီးတော့ Proactive ဖြစ်တဲ့ ကျောင်းသားကတော့ “စာမေးပွဲက ခက်တယ်၊ အမှတ်ပေးစည်းမျဉ်းကလည်း ကျပ်တယ်ဆိုတော့ နောက်တစ်ခါရောက်ရင် စာကို နှိုက်နှိုက်ချွတ်ချွတ်ပိုပြီး လေ့လာမယ်၊ အမှတ်ပေးစည်းမျဉ်းကိုလည်း လေ့လာကြည့်မယ်” ဆိုပြီး ကိုယ်ထိန်းချုပ်နိုင်တဲ့ အရာကိုပဲ အာရုံစိုက်ပါတယ်။

📚(၂) Begin with the End in Mind
ဒီအချက်တော့ ကိုယ်ဘဝမှာ နောက်ဆုံးဘာဖြစ်ချင်လဲ၊ ဘာလိုချင်လဲဆိုတာကို သေချာသိဖို့ပါ။ အလုပ်တွေ လုပ်နေတာကို လှေကားတက်နေတယ်လို့ ယူဆကြည့်ကြပါစို့။ အလုပ်တွေ ကြိုးစား၊ လှေကားကို တက်ရင်းတက်ရင်းနဲ့ နောက်ထိပ်ရောက်တဲ့အချိန်ကြည့်လိုက်တော့ အဆောက်အဦး အမှားကြီးပေါ်ကို တက်မိထားပါလေရော။ ကျွန်တော်တို့ဘဝမှာလည်း ဒီလိုပါပဲ။ အလုပ်တွေကြိုးစား၊ စာတွေကြိုးစားပြီး ကိုယ်ရောက်တဲ့နေရာက ကိုယ်မရောက်ချင်တဲ့နေရာကြီး ဖြစ်နေတတ်ပါတယ်။ အဲ့အတွက်ကြောင့် ကိုယ်နောက်ဆုံးမှာ ဘယ်နေရာမှာ ဘာဖြစ်ချင်နေလဲဆိုတာကို သိဖို့ လိုအပ်ပါတယ်။

📚(၃) Put First Things First
မနက်မိုးလင်းရင် အရင်လုပ်တဲ့အလုပ်က ဖုန်းကြည့်တယ်ဆိုတာ ၁၀ယောက်မှာ ၉ယောက်ပါပဲ။ တကယ်တော့ ဖုန်းမကြည့်လိုက်လို့လည်း ဘာမှတော့ ဖြစ်မသွားဘူး။ ညခင်းလည်း ဒီလိုပါပဲ။ ညနက်တဲ့ထိ ဖုန်းကို ကြည့်မိကြတယ်။ မကြည့်လို့ မဖြစ်အခြေအနေတော့လည်း မဟုတ်ပြန်ဘူး။ နောက်ရက်ရောက်တော့ မနက်ခင်း အိပ်ရာထနောက်ကျပြီး အရေးကြီးတဲ့ ကိစ္စတွေကို သေချာမလုပ်ဖြစ်တော့ဘဲ ဖြစ်တတ်ပါတယ်။ အဲ့တာကြောင့် ဒီစာအုပ်ထဲမှာ ကိုယ့်အတွက် လက်ရှိ အရေးကြီးတဲ့အရာတွေကို သိထားဖို့ လိုအပ်ပါတယ်။ ကိုယ့်မိသားစုကို အချိန်ပေးဖို့ အရေးကြီးလား၊ ရည်းစားကို အချိန်ပေးဖို့ အရေးကြီးလား၊ အလုပ်က အရေးကြီးလား စတာတွေကို သိထားပြီး ဒါတွေကို Focus လုပ်ထားဖို့ အရေးကြီးပါတယ်။ လောလောဆယ် အရေးမကြီးတဲ့ ဖုန်းသုံးတာတွေ၊ TV ကြည့်တာတွေကို မလုပ်ရဘူးလို့ ဆိုလိုချင်တာမဟုတ်ပါဘူး။ လိုအပ်တာကို ဦးစားပေးရမယ်လို့ ဆိုလိုချင်တာပါ။ စာအုပ်ထဲမှာတော့ အလုပ်တွေကို ဘယ်လိုခွဲရမလဲဆိုတာကို Urgent, Not Urgent, Important, Unimportant ဆိုပြီးတော့ ဇယားနဲ့ ခွဲပြထားပါတယ်။

📚ကျွန်တော်အခုပြောသွားတဲ့ Habit (၃) ခုကတော့ Private Victory အပိုင်းပဲ ရှိပါသေးတယ်။ Public Victory နဲ့ Renewal အပိုင်းကိုတော့ TYTimer တွေ မူလအရသာအတိုင်း ဖတ်ဖို့ ချန်ထားပေးပါတယ်နော်။
ဒီစာအုပ်လေးက ကျွန်တော်ကို စာဖတ်ဝါသနာပါအောင် လုပ်ခဲ့ရုံသာမက အကြိုက်ဆုံး စာအုပ်တွေထဲက တစ်အုပ်လည်း ဖြစ်တဲ့အတွက်ကြောင့် TYTimer တွေ အတွက် Recommend လုပ်ရခြင်း ဖြစ်ပါတယ်။ ဒီစာအုပ်ဖတ်ဖူးတဲ့ TYTimer တွေလည်း ဒီစာအုပ်အပေါ် ကိုယ့်ရဲ့ အမြင်လေးတွေကို ပြောပြပေးသွားပါဦးခင်ဗျာ။ TYTimer တွေအားလုံး မင်္ဂလာရှိသော မနက်ခင်းလေးကို ပိုင်ဆိုင်ကြပါစေ။💁‍♂️

#harry
#takeyourtime
#the7habitsofhighlyeffectivepeople
#bookrecommendation


Is this content useful to you?

Thanks for your feedback


Add Comment

Comments

cmt_img
Bryan December 23, 2024

If you want to live a better life in reality, The 7 habits of highly effective people book will help you.