Career တစ်ခုအနေနဲ့ဖြစ်လာတဲ့ Vlogging နဲ့ မြန်မာနိုင်ငံ 🇲🇲
ကျွန်တော်တို့မြန်မာနိုင်ငံမှာ Covid ပိုးစတင်တွေ့ရှိခဲ့တဲ့နေ့ကစပြီး ကျောင်းတွေပိတ်၊ ရုံးတွေပိတ်၊ ကုန်တိုက်ကြီးတွေမှာအလုအယက်တိုးကြိတ်ဝယ်တာတွေဖြစ်ကြတာကိုမှတ်မိကြဦးမယ်ထင်ပါတယ်..
ကျွန်တော်တို့တက္ကသိုလ်ကျောင်းသားတွေအတွက်တော့ မမေ့နိုင်တဲ့နေ့လေးပါပဲ။ အပေါင်းအသင်းတွေတရုန်းရုန်း၊ ချစ်သူကြင်ဖော်လေးတွေကလဲတစ်တွဲတွဲနဲ့ နေ့ရက်တိုင်းမြိုင်နေတဲ့ ရွှေဝါရောင်ကံကော်မြေကို ဒီလောက်ကြာတဲ့အထိနောက်တစ်ကြိမ်ခြေချခွင့်မရတော့ဘူးလို့ ဘယ်သူကများထင်ခဲ့မှာလဲဗျာ...🍂
Covid Pandemic ကာလ အားလုံး Home Stay ရမယ်လို့သတ်မှတ်လိုက်တဲ့အချိန်ကစပြီး အိမ်တွင်းပဲအောင်းနေရတဲ့ကျွန်တော်တို့အတွက်အချိန်တွေပိုလျှံလာတဲ့အခါမှာ တစ်ခုခုကိုစမ်းလုပ်ကြည့်ချင်လာကြပါတယ်။ ဒီလိုကာလမျိုးမှာက အပြင်ကလဲထွက်မရ၊ အလုပ်ရှိတယ်ဆိုရင်တောင်မှပဲအလုပ်တွေပိတ်ကြနဲ့ဆိုတော့ အိမ်တွင်းအောင်းရင်းနဲ့ဘယ်လိုမျိုးဝင်ငွေရအောင်လုပ်မလဲဆိုတာကို ကြံဖန်လာတော့တာပေါ့...
ဒီအချိန်မှာ Social Media တွေ၊ Digital Platform တွေကအတော်လေးကိုအသက်ဝင်လာပါပြီ။ တစ်ချို့ကလဲ Blog/content လေးတွေဖန်တီးပြီးရေးတင်ကြတာရှိသလို၊ Video blog (Vlog) လို့ခေါ်တဲ့ကိုယ်ပြောချင်တဲ့အကြောင်းအရာကို Video Content လေးလုပ်ပြီးတင်ကြတဲ့သူတွေလဲရှိပါတယ်...
အပြင်ထွက်ပြီးဝင်ငွေရှာမရတော့ အိမ်မှာနေရင်း income ရဖို့က Digital Platform အပြင်တစ်ခြားလွယ်ကူတာမရှိတဲ့အခါမှာ အရင်က Social Media မှာကြုံသလိုပေါ့ပေါ့ပါးပါး content လေးတွေဖန်တီးနေတဲ့သူတွေတောင်မှပဲ Daily Schedule ချပြီးဒီကနေဘယ်လိုဝင်ငွေရမလဲတွက်ချက်လာရပါတယ်...💸
Online Shop တွေ၊ Online Payment တွေအစရှိတဲ့အရင်ကတွင်တွင်ကျယ်ကျယ်သိပ်မသုံးခဲ့တဲ့ Digital Marketing Strategy တွေကိုတောင်အသုံးချပြီး ၁၈/၁၉ အရွယ်လူငယ်လေးတွေကအစအခွင့်အလမ်းတွေဖောက်လာကြပါတယ်။ ဒီထဲမှာမှမြန်မာနိုင်ငံမှာယခင်က ကျယ်ကျယ်ပြန့်ပြန့်မရှိခဲ့တဲ့ Vlogging ဆိုတဲ့နယ်ပယ်ကလဲလူငယ်တွေအတွက် career တစ်ခုအဖြစ်တိုးထွက်လာပါတော့တယ်... 🎬
ဆိုတော့ Vlogging ဆိုတာဘာလဲ
Vloggig ဆိုတာကိုယ်ပြောပြချင်တဲ့အကြောင်းအရာ Content ကို blog ပုံစံရေးသားမဲ့အစား၊ Video Clip လေးတစ်ခုဖန်တီးပြီး YouTube၊ Facebook တို့လို Platform တွေမှာချပြတာဖြစ်ပါတယ်။ Video Content ဖြစ်သွားတဲ့အတွက်ပြောပြရုံတင်မဟုတ်ဘဲ လုပ်ပြလို့ပါရသွားတာပေါ့။ Vlogger ဆိုတာကတော့ဒီ Vlog တွေကိုဖန်တီးတဲ့သူတွေကိုပြောချင်တာဖြစ်ပါတယ်...
အကယ်လို့ ကိုယ့်မှာရှိတဲ့ Phone လေးထောင်ပြီး video လေးရိုက်၊ Facebook မှာတင်ရင်ကော Vlogger ဖြစ်ပြီလားလို့မေးရင်တော့ "မဖြစ်သေးဘူး" လို့ပဲဖြေရပါမယ်။ Vlogging လုပ်ဖို့ဆိုတာဒီထက်ပိုတဲ့အရာတွေလိုအပ်ပါသေးတယ်။ ဒီလိုပြောလိုက်ခြင်းက Phone နဲ့ Vlog ရိုက်တဲ့သူတွေကိုဝေဖန်တာမဟုတ်ပါဘူး။ ဒါပေမဲ့ Vlogging ကို Phone နဲ့စတင်မယ်ဆိုရင်လဲမှားရွင်းတဲ့ရွေးချယ်မှုတော့မဟုတ်ပါဘူး... 💁♂️
Vlog Type တွေကတော့မျိုးစုံရှိပါတယ်။တစ်ချို့က ကိုယ့်ရဲ့အမှတ်တရတွေကိုပြန်လည်မျှဝေတဲ့ Vlog လေးတွေရိုက်ကြတာရှိသလို (ဥပမာ - Travel Vlog၊ Daily Lifestyle Vlog) ၊ ကိုယ်သိထားတဲ့အကြောင်းအရာတွေကို Knowledge Sharing ပုံစံမျိုးတင်ကြတာတွေအပြင်၊ နောက်ဆုံးလူတိုင်းသိကြမဲ့ Streaming တွေအထိပါအကျုံးဝင်ပါတယ်။ YouTube မှာဆိုရင်သက်ဆိုင်တဲ့ Company တွေနဲ့ချိတ်ပြီး Community မှာ Paid တက်ရတဲ့ Online Course တွေတောင်လုပ်ကြတာရှိပါတယ်...
Video တွေကိုအပင်ပန်းခံပြီးတင်နေရတဲ့အကြောင်းအရင်းကတော့ ဒီ Platform တွေကနေ Digitally ဝင်ငွေရဖို့ဆိုရင်လဲမမှားပါဘူး။ YouTube မှာဆိုရင် AdSense Account ရှိရုံနဲ့ကိုယ့်ရဲ့ Video တွေမှာဘယ်လောက် Viewers ရှိသလဲနဲ့ Video တွေကိုကြည့်တဲ့ Watch Hours ဘယ်လောက်လဲဆိုတာပေါ်မူတည်ပြီး ပိုက်ဆံပြန်ရပါတယ်။ ရှိရုံနဲ့ဆိုလို့ ဝမ်းသာမသွားကြပါနဲ့ဦး။ YouTube ကော Facebook ကောကမြန်မာနိုင်ငံမှာ Officially Support မလုပ်ပါဘူး။ ဆိုတော့ ပိုက်ဆံ Transaction လုပ်တဲ့အခါမှာ PayPal Account တို့ဘာတို့တော့ရှိဖို့လိုပါတယ်...
ဒီ Platform တွေကနေဘယ်လိုပိုက်ဆံရမှာလဲ
Vlogger တွေအများဆုံးစုစည်းတဲ့ YouTube နဲ့ပဲဥပမာပေးပြောပြပါရစေ။ YouTube မှာဆိုရင်အဓိအားဖြင့်ခွဲလိုက်မယ်ဆိုရင် Group (၄) ခုရှိပါတယ်...
1️⃣ Advertiser (Company)
2️⃣ YouTube
3️⃣ Vlogger
4️⃣ Viewer (Audience)
ဆိုတော့ Advertiser (Company) ကနေသူတို့ကြော်ညာချင်တဲ့အကြောင်းအရာကို YouTube ကိုပိုက်ဆံပေးပြီး YouTube Platform မှာတင်ခိုင်းပါတယ်။ ကြော်ညာချည်းပဲသီးသန့်တင်လို့မရတဲ့အခါမှာ Video တွေနဲ့ညှပ်ပြီးတင်ဖို့လုပ်လာတာပေါ့။ အဲ့တော့ Video ပိုင်ရှင် Vlogger (တစ်နည်းအားဖြင့်) Channel ပိုင်ရှင်ကို Company ကနေရလာတဲ့ငွေရဲ့ percent အနည်းငယ်ခွဲပေးရပါတယ်။ ဒါကြောင့်လဲ You ကျွန်တော်တို့
YouTube က Video တွေကြည့်တဲ့အခါမှာမစခင် Ad Clip တွေမြင်နေရတာအဲ့တာကြောင့်ပါ။ YouTube အနေနဲ့ဒီလို Company တွေကနေဝင်ငွေရနေတဲ့အတွက်ကျွန်တော်တို့ User တွေကို free ပေးသုံးလို့ရသွားသလို၊ Vlogger တွေအနေနဲ့လဲဒီ Ad တွေကိုလက်ခံနေသ၍ပိုက်ဆံရနေဦးမှာပါ...
Company အနေနဲ့လဲသူတို့ကြော်ညာချင်တဲ့အရာကို အ
မြန်ဆုံးနဲ့ User တွေဆီပို့ပေးနိုင်သွားသလို၊ ကျွန်တော်တို့ကလဲဘာ Subscription ကြေးမှပေးစရာမလိုပဲ YouTube က Video တွေကို free ကြည့်လို့ရသွားစေပါတယ်။ လေးဘက်လေးဦး အဆင်ပြေသွားတာပေါ့။ ငွေ Transaction ဘယ်လိုလုပ်ရတယ်၊ AdSense Account ဘယ်လိုဖွင့်ရတယ်ဆိုတာတွေကိုတော့အကျယ်တဝံ့မပြောပြတော့ပါဘူးခင်ဗျ...
စိတ်ပါဝင်စားလို့သိချင်တယ်ဆိုရင်တော့
https://youtube.com/channel/UCa6sSlus7ogSq_wFYU9Ngpg
ဒီ Channel လေးကို Subscribe လုပ်ထားသင့်ပါတယ်။ Online ကနေငွေဘယ်လိုရှာမလဲဆိုတာတွေကိုအချက်အလက်ကျကျ မြန်မာလိုရှင်းပြထားတာကြောင့်လူငယ်တွေအတွက်ပါအကျိုးရှိမှာပါ။
ဒါတွေဘာလို့ပြောပြနေရတာလဲဆိုတော့ လက်ရှိနိုင်ငံရေးအခြေအနေတွေအရရော၊ ဒါတွေပြီးသွားရင်တောင် Pandemic ကဆက်ရှိဦးမှာလားမသေချာတဲ့အခြေအနေမှာ အပြင်ထွက်ပြီးလုပ်ငန်းတွေလည်ပတ်ခွင့်မရခဲ့ရင် ဒီလို Digitally Income ရဖို့ကထည့်ကိုစဉ်းစားရမှာပါ။ တခြားနိုင်ငံတွေမှာဆိုရင် ကျွန်တော်တို့လို Uni Student တွေကအစကိုယ်ပိုင် Channel တွေနဲ့တစ်ပိုင်တစ်နိုင်ကိုယ်သိထားတဲ့ Subject နဲ့ပတ်သတ်တာဖြစ်ဖြစ် Video Content လေးတွေဖန်တီးပြီး ဒီကနေ Pocket Money ရှာကြတာတွေရှိပါတယ်။ သူတို့အတွက် ဒါက Part Time Job လို့တောင်ပြောလို့ရပါတယ်...
ခက်တာက ကျွန်တော်တို့မြန်မာနိုင်ငံကဒါမျိုးတွေမှာအတော်လေးနောက်ကျတယ်ဆိုတာပြောပြနေစရာတောင်မလိုပါဘူး။ ဘယ်သူ့ကြောင့်ဒါတွေဖြစ်တယ်ဆိုတာလဲ သိပြီးသားဖြစ်မှာပါ။ ခုနောက်ပိုင်းဆိုရင် Vlogger တွေကို Company တွေကတစ်ဆင့်မခံပဲ Video ထဲမှာတင်ထည့်ပြောခိုင်းတာမျိုးတွေပါရှိပါတယ်။ Percent တော့ပိုရတာပေါ့။ ဒါ့အပြင်နောက်ပိုင်းခေတ်စားလာတာကတော့ Tik Tok ပါ။ Tik Tok ကနေလဲ Follower အရေအတွက်၊ View အရေအတွက်အပေါ်မူတည်ပြီးပိုက်ဆံရှာလို့ရပါတယ်။ ( Tik Tok က Boycott List ထဲမှာပါတဲ့အတွက်ရှောင်ရှားဖို့ကိုတော့သတိချပ်လိုပါတယ်ဗျ)
" မြန်မာနိုင်ငံမှာကော Vlogger တွေရှိလား" မေးရင်တော့ရှိပါတယ်။ အနီးစပ်ဆုံး Reference ယူပြောရရင်မြန်မာနိုင်ငံမှာ Vlogger အဖြစ်ရပ်တည်လာတာနှစ်အတော်ကြာပြီလ်ို့ပြောလို့ရတဲ့ TBH Labs နဲ့ပြောပြချင်ပါတယ်။ သူတို့ Media Group ဆိုရင် 2015-2016 ဝန်းကျင်လောက်ထဲက Tech Reviews တွေ၊ Tech Tips တွေ၊ Tech နဲ့ပတ်သတ်တဲ့ Updated News တွေကိုတင်ပေးလာတာဒီနှစ်စပိုင်းထိပါပဲ။ သူတို့ရဲ့အတွေ့အကြုံအရဆိုရင် Vlogger တစ်ယောက်ဖြစ်ဖို့မလွယ်ကူပါဘူး။ အချိန်လဲပေးရသလို၊ TBH Labs ဆိုရင် 2018 လောက်မှလူတွေစပြီးအကျွမ်းတဝင်ရှိလာတာပါ။ ကျော်ကြားချင်လို့လုပ်တာဆိုရင်တော့ ရှောင်သွားလိုက်တာကောင်းပါတယ်...
Vlog တစ်ခုရလာဖို့အတွက်...
📌Content Idea ရှိဖို့လိုပါတယ်
📌 Video Content ဖြစ်တဲ့အတွက်ကိုယ့်ရဲ့ content နဲ့ပတ်သတ်တဲ့အရာတွေကို Video ထဲမှာကောင်းကောင်း Capture လုပ်နိုင်ရပါမယ်( မဟုတ်ရင် Podcast ပဲနားထောင်မှာပေါ့)
📌 Editing Tools တွေသုံးတတ်ဖို့လဲလိုအပ်ပါတယ်။ မဟုတ်ရင်ကျွန်တော်တို့ရဲ့ Raw Video တွေဟာရီစရာကောင်းနေမှာပါ (ဒါရုပ်ရှင်မဟုတ်ပါဘူး)
Fun fact : YouTube မှာ Video Content တွေဖန်တီးနေတဲ့သူတွေကို YouTuber လို့လဲခေါ်ပါတယ်။
Video Content တွေ Create လုပ်တော့မယ်ဆိုရင်သိထားသင့်တဲ့အချက်တွေ 👇
https://fb.watch/7t-6DmVq2u/
ဆိုတော့ ဒီနေ့မှာကြားဖူးနားဝရှိနေတဲ့ Vlogging အကြောင်းတီးမိခေါက်မိလောက်ကြမယ်ထင်ပါတယ်။တစ်ခု'မှာ'လိုတာက Vlogging ကို Career တစ်ခုအနေနဲ့လုပ်မယ်ဆိုရင် Professional ဆန်ဖို့ပါ။ မတတ်တစ်ခေါက် Video လေးတွေတင်ပြီး Vlogger လို့ခံယူထားတယ်ဆိုရင်တခြား Professional Vlogger တွေကိုစော်ကားရာကြပါတယ်။ဒါကတော့ Career တိုင်းလိုလိုပါ။ ကဲ စာအရှည်ကြီးလဲဖတ်ပြီးသွားပြီဆိုတော့ အားလုံးပဲ ကောင်းကောင်းအိပ်စက်အနားယူပါခင်ဗျ... Sleep well TYTimers ✨
#Barry
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments