Christmas Truce 1914

Details

🎄မင်္ဂလာပါ TYTimer တို့ရေ။ ဘာမှ စ မရေးခင် အရင်ဆုံး TYTimer တွေ အားလုံးကို “We Wish You A Merry Christmas”လို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။🙆🏻‍♂️ ဒီနေ့ကတော့ Christmas နေ့ ဖြစ်တာကြောင့်မလို့ ရုံးတွေလည်းပိတ်၊ အလုပ်တွေလည်းပိတ်လို့ အိမ်မှာ မိသားစုနဲ့ အပန်းဖြေနေမယ့်ရက် ဖြစ်မယ်ထင်ပါတယ်။ အခု ဒီနေ့ Content မှာတော့ Christmas နဲ့ ပတ်သတ်တဲ့ ချစ်စရာကောင်းတဲ့ အဖြစ်အပျက်လေးတစ်ခုကို ပြောပြပေးပါမယ်ခင်ဗျာ။ TYTimer တွေလည်း အချိန်ရလောက်မယ်ထင်တာကြောင့် ဒီ Article လေးကို အဆုံးထိ ဖတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်နော်။

🎄ကျွန်တော် အခုပြောပြမယ့် အဖြစ်အပျက်လေးကတော့ ပထမကမ္ဘာစစ်စဖြစ်ပြီး လပိုင်းလောက်အကြာ Christmas နေ့မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခု ဖြစ်ပါတယ်။ ၁၉၁၄၊ ဒီဇင်ဘာလ ပြင်သစ် နယ်စပ်မှာ တစ်ဖက်က အင်္ဂလိပ်နဲ့ ပြင်သစ်၊ အခြား တစ်ဖက်မှာတော့ ဂျာမဏီတပ်တွေက တစ်ဖက်နဲ့ တစ်ဖက် သေနတ်တွေနဲ့ ချိန်ထားပြီး နယ်စပ်ကို စောင့်နေကြတဲ့ အချိန် ဖြစ်ပါတယ်။ နှစ်ဖက်လုံးလည်း ရာသီဥတုဒဏ်လည်း အကြီးအကျယ်ခံနေရတဲ့အချိန်ပေါ့။ သူတို့တူးထားတဲ့ ကတုတ်ကျင်းတွေထဲလည်း မိုးရေတွေဝင်၊ လူတွေလည်း ရွံ့တွေထဲ ပေပွ၊ ရာသီဥတုကလည်း အတော်အေးနေပြီး အကုန်လုံး အိမ်ကို လွမ်းနေတဲ့အချိန်လည်း ဖြစ်နေပါတယ်။ အဲ့ဒီတော့ နှစ်ဖက်လုံးက အတိုင်အဖောက်ညီညီနဲ့ ထမင်းစားချိန်ဆိုလည်း နှစ်ဖက်လုံး တစ်ချိန်တည်းစားပြီး မပစ်ဘဲနေလိုက်၊ ကင်းလှည့်လို့ တစ်ဖက်နဲ့ တစ်ဖက်တွေ့ရင်လည်း မပစ်ဘဲ ကိုယ်လည်းလွတ်ပေး၊ သူလည်းလွတ်ပေး ဒီလိုနဲ့ ရာသီဥတုဒဏ်ရော၊ စစ်ဒဏ်ရော နှစ်ခုလုံးကြောင့် Morale တွေ ကျနေကြပါတယ်။

🎄ဒီလိုနဲ့ Christmas မရောက်ခင် ဒီဇင်ဘာ ၂၄ ရက်မှာတော့ Silent Night သီချင်းကို German ဘက်ကနေ အုပ်စုလိုက်ကြီး စဆိုကြပါတယ်။ အင်္ဂလိပ်နဲ့ ပြင်သစ်ဖက်ကလည်း အဲ့သီချင်းကိုပဲ သူတို့ဘာသာနဲ့ ပြန်အော်ဆိုကြပါတယ်။ အစကတော့ မညီမညာ အပြိုင်အော်ကြတာပေါ့။ ဒါပေမယ့် ကြာလာတော့ နှစ်ဖက်လုံး တက်ညီလက်ညီနဲ့ ဒီသီချင်းကိုပဲ တူတူအော်ဆိုကြပါတော့တယ်။ ဗိုလ်မှူးတွေကတော့ အပစ်အခတ်ရပ်ဖို့ တရားဝင် မညှိနှိုင်းရဘူးလို့ အမိန့်ထုတ်ထားပေမယ့် တစ်ဖက်နဲ့ တစ်ဖက် မနက်ဖြန် မင်းတို့ မပစ်ရင် ငါတို့ မပစ်ဘူး ဒီလိုတွေ အော်ပြောကုန်ပါတော့တယ်။

🎄Christmas နေ့ရောက်တဲ့အခါမှာတော့ မိုးလည်းမရွာတော့ပါဘူး၊ ရွံ့တွေလည်း ခြောက်သွားပြီး ရာသီဥတုကလည်း နှင်းလေးတဖွဲဖွဲလောက်နဲ့ပဲ သာယာနေပါတယ်။ စစ်ပြန်ခဲ့တဲ့ English တပ်သားတစ်ယောက်ရဲ့ ဒိုင်ယာရီအရတော့ ဂျာမန် တပ်သား သုံးယောက်လောက်က No Man’s Land ပေါ်ကို ဘာလက်မှတ်မှ မပါဘဲ တက်ခဲ့ပါတယ်။ (No Man’s Land ဆိုတာ နယ်စပ်မှာ စစ်တပ်နှစ်တပ်ကြား ဘယ်သူမှ မသွားရတဲ့ မြေပြင်ကို ခေါ်တာပါ။) အစကတော့ အင်္ဂလိပ်နဲ့ ပြင်သစ်တပ်တွေက ရန်ပြုဖို့ တက်လာတယ်လို့ ထင်ကြတာပေါ့။ ဒါပေမယ့် ဘာလက်နက်မှ မပါလာတာကို တွေ့လိုက်တဲ့အခါမှာတော့ အင်္ဂလိပ်နဲ့ ပြင်သစ်တပ်တွေလည်း No Man’s Land ပေါ်ကို ဘာလက်နက်မှ မပါဘဲ သွားကြပြီး ရန်သူနဲ့ နှုတ်ဆက်ကြတယ်၊ စကားတွေ ပြောကြပါတော့တယ်။ တချို့ဆိုရင် အိမ်က လှမ်းပို့လိုက်တဲ့ Christmas လက်ဆောင်တွေကို တစ်ဖက်နဲ့ တစ်ဖက် ဖလှယ်ကြပါတယ်။ တချို့ကတော့ ဘောလုံးတောင် ကန်လိုက်ကြပါသေးတယ်။ ဂျာမန် ဗိုလ်မှူးတစ်ယောက်ကတော့ သူတို့နယ်ထဲမှာ ကျသွားတဲ့ England တပ်သားတစ်ယောက်ရဲ့ သူ့မိသားစုအတွက်ပေးမယ့် စာလေးကို အင်္ဂလိပ် ဗိုလ်မှူးတစ်ယောက်ကို ပေးခဲ့တယ်လို့လည်း သမိုင်းရှိခဲ့သေးပါတယ်။ တပ်တွေအကုန်လုံး ရန်သူ မိတ်ဆွေမခွဲခြားဘဲ တစ်ရက်လုံး ပျော်ပျော်ရွှင်ရွှင်နဲ့ စကားတွေပြော၊ လက်ဆောင် ဖလှယ်တာတွေ လုပ်ခဲ့ကြတာပါနော်။ နယ်စပ်က အကျယ်ကြီး ဖြစ်တာမလို့ တချို့နေရာတွေမှာ အပစ်အခတ်ရပ်တာကို နှစ်သစ်ကူးတဲ့ထိ လုပ်ခဲ့ပေမယ့် တချို့နေရာတွေမှာတော့ Christmas နေ့ အပြီးမှာ ကိုယ့်တပ်ကို ပြန်နေရာယူခဲ့ကြပါတယ်။

🎄၂၀၂၁ က ကျွန်တော်တို့တွေ အားလုံးအတွက် မလွယ်ကူတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။ ဒီနှစ်ထဲမှာ မိဘနဲ့ ကတောက်ကဆ ဖြစ်ခဲ့တာလည်း ရှိချင်ရှိခဲ့ပါမယ်။ သူငယ်ချင်းအချင်းချင်းလည်း ပြသနာတစ်ခုခုကြောင့် မခေါ်မပြောဖြစ်ခဲ့တာတွေလည်း ရှိချင်ရှိခဲ့မယ်။ ဆွေမျိုးအချင်းချင်းလည်း ဝေးကွာနေလို့ စကားမပြောဖြစ်တာတွေလည်း ရှိချင်ရှိမယ်။ ဒါပေမယ့် အကုန်လုံးကတော့ ကိုယ်တန်ဖိုးထားတဲ့လူတွေ ဖြစ်နေတာကြောင့် ကိုယ့်အချင်းချင်း ပြသနာလေးတွေကို ခဏဘေးထားပြီး “Merry Christmas” ဆိုတဲ့ စကားလေးတစ်ခွန်းလောက်တော့ သွားပြောကြဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ TYTimer တွေအားလုံးလည်း “Merry Christmas” ပါခင်ဗျာ။🙆🏻‍♂️

#harry
#takeyourtime
#christmastruce1914
#christmas


Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!