📕အားလုံးပဲ မင်္ဂလာပါ။ Self Improvement Tips – Day Three ကနေ ကြိုဆိုလိုက်ပါတယ်ခင်ဗျာ။
ဒီနေ့မှာတော့ Consistency ရှိဖို့ အတွက် ပြောပြပေးမှာ ဖြစ်ပါတယ်။
📕ကျွန်တော်တို့တွေ Gym ဆော့တယ်ဆိုပါစို့။ ဗလတွေထွက်လာပါတယ်ဆိုတဲ့နေ့ ကွက်တိကို ပြောလို့ ရပါသလား။ ဝိတ်ချတယ်ဆိုကြပါစို့။ ဝိတ်ကျသွားပါတယ်ဆိုတဲ့နေ့ ကွက်တိကို ပြောလို့ ရပါသလား။ ကျွန်တော်တို့ မွေးပြီး ၆လလောက် မှာ စကားစပြောကြတယ်။ စကား စ ပြောတတ်ပါပြီဆိုတဲ့နေ့ ကွက်တိကို ပြောလို့ ရပါသလား။ မရပါဘူး။ ဘာလို့လဲဆိုတော့ အလုပ်တွေ အကုန်လုံးက မှန်မှန်လုပ်လာပြီး တဖြည်းဖြည်းနဲ့ ပုံမှန်လုပ်မှ အကျိုးကျေးဇူးက တစ်ချိန်မှာ ပြတာပါ။
📕ဒါဆိုရင် Consistency ရှိအောင် ဘယ်လိုလုပ်ရမလဲ။ Gym တစ်ရက်ဆော့လို့ ဗလက ထွက်မလာတော့ ကျွန်တော်တို့မှာ Motivation မရှိတတ်ပါဘူး။ Motivation ရှိလာအောင်ရော ဘယ်လိုလုပ်ကြမလဲ။ Consistency ရှိဖို့အတွက် အရိုးရှင်းဆုံးနည်းလမ်းကတော့ Habit Scoreboard ထားဖို့ပါ။ ကိုယ်က ဗလထွက်ချင်လို့ Gym ကို နေ့တိုင်းသွားချင်တယ်ဆိုရင် Gym သွားတဲ့နေ့တွေ မှတ်သားမယ့် Habit Scoreboard ကို ထားလိုက်ပါ။ တစ်ရက်သွားရင် တစ်ရက် မှတ်လိုက်ပါ။ တဖြည်းဖြည်းနဲ့ ရက်တွေများလာတဲ့အခါမှာ ကြားထဲက တစ်ရက်ဖျက်ရမှာကို အလွန်ဝန်လေးသွားပါတယ်။ Gym သွားတဲ့ရက်တွေ တဖြည်းဖြည်းများလာကို မြင်ရတဲ့အခါမှာလည်း Gym ပုံမှန်သွားဖို့ Motivation လည်း ရလာပါတယ်။
📕Consistency မရှိဘဲ အလုပ်ကြိုးစားရင်လည်း အကျိုးမရှိဘဲ ဖြစ်ခဲ့တာများပါတယ်။ တစ်ခါတလေမှာ ငါဒီလောက် ကြိုးစားနိုင်ရဲ့သားနဲ့ ဘာလို့ တိုးတက်မလာရတာလဲဆိုပြီးတော့လည်း စိတ်ဓာတ်တွေ ကျတတ်ပါတယ်။
📕အဲ့တာကြောင့် ကိုယ်က ကြိုးစားချင်စိတ်ရှိတယ်၊ ကြိုးလည်း ကြိုးစားမယ်လို့ ဆုံးဖြတ်ထားရင် Consistency လေးရှိဖို့တော့ လိုအပ်ပါမယ်နော်။🙆🏻♂️
#harry
#takeyourtime
#consistency
#selfimprovementtips
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments