🔭မင်္ဂလာပါ TYTimer တို့ရေ။ Self-Improvement Day-6 ကနေ ကြိုဆိုပါတယ်ခင်ဗျာ။ TYTimer တွေအတွက် ဒီနေ့ရဲ့ Self-Improvement Tip လေးကတော့ “Embrace the Fear of Failure” ပဲ ဖြစ်ပါတယ်။ ကျရှုံးမှာ ကြောက်တဲ့စိတ်က လူတိုင်း ဘဝမှာ တစ်ခါတမဟုတ် တစ်ခါ ကြုံဖူးတဲ့ အရာ ဖြစ်ပါတယ်။ တစ်ခုခု စွန့်စားဖို့ ရှိလာရင် “ငါလုပ်နိုင်ပါ့မလား”၊ “ငါ ကျရှုံးသွားရင် လူတွေက ဘယ်လိုထင်ကြမလဲ” စသဖြင့် အကြောက်တရား အမြဲဝင်လေ့ဝင်ထ ရှိတတ်ပါတယ်။ တစ်ခါတလေ ကြောက်လွန်းအားကြီးလို့ မစွန့်စားလိုက်တာတွေလည်း အများကြီးပါပဲ။ ဒါဆိုရင် လုံးဝ ကြောက်စိတ်မရှိရဘူးလား။ လုံးဝကြောက်စိတ်မရှိလို့လည်း တကယ်တော့ အဆင်မပြေပါဘူး။ အလွန်ကြောက်လွန်းရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်မရောက်ဘဲ ဖြစ်တတ်ပြီး လုံးဝမကြောက်ရင်တော့လည်း ကြိုးစားအားထုတ်ဖို့ စိတ်အားထက်သန်တာမျိုး မရှိဘဲ ဖြစ်တတ်ပါတယ်။
🔭အဲ့တာကြောင့် ကြောက်စိတ် လွန်ရမှာလည်း မဟုတ်သလို၊ ကြောက်စိတ်ကို ပစ်ပယ်ရမှာတော့လည်း မဟုတ်ပါဘူး။ ကြောက်စိတ်ကို ကိုယ်လိုချင်သလို အသုံးချပြီး ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင် သွားရမှာ ဖြစ်ပါတယ်။
🔭ဒီနေ့အတွက် Self-Improvement Tip လေးကတော့ ဒီလောက်ပါပဲ TYTimer တို့ရေ။ မင်္ဂလာရှိသော မနက်ခင်းလေးကို ပိုင်ဆိုင်ကြပါစေနော်။🥰
#harry
#takeyourtime
#embracethefearoffailure
#selfimprovementtips
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments