Facebook မှသည် Meta ဆီသို့

Details

Facebook မှသည် Meta ဆီသို့.....

မနေ့ကတင်ပဲ ဇူဇူတစ်ယောက် Facebook Company ရဲ့နာမည်ကို Metaverse ဆိုပြီးပြောင်းလိုက်ပါတယ်။ ဒီနေရာမှာ တစ်ခုရှိတာက အခုလို rebranding ပြန်လုပ်လိုက်တာဟာကျွန်တော်တို့သုံးနေတဲ့ Facebook , Messenger, Instagram, WhatsApp အစရှိတဲ့ app တွေကိုသက်ရောက်မှုရှိမှာမဟုတ်ပါဘူး။ မိခင် Company နာမည်, Facebook ကိုသာ Meta Company ဆိုပြီးပြောင်းလိုက်တာပါ။

ဇူဇူကဘာကိစ္စနဲ့ rebrand ပြန်လုပ်ရတာလဲဆိုရင်

" လက်ရှိ Company နာမည်ကအနာဂတ်မှာဆက်ဖြစ်ထွန်းလာမဲ့ လုပ်ငန်းတွေကိုကိုယ်စားမပြုနိုင်ဘူးလေ၊ ဒါကြောင့်ပြောင်းလဲပြစ်ဖို့လိုအပ်တာပေါ့၊ အချိန်တစ်ခုရောက်လာတဲ့အခါလူတွေအမြင်မှာ Facebook လို social media တစ်ခုထက် Meta ကို Company တစ်ခုအနေနဲ့မြင်စေချင်ပါတယ်" လို့ Zuckerberg ကဆိုပါတယ်...

ဒီလိုပြောင်းရတဲ့အဓိကဦးတည်ချက်ကတော့ Metaverse ဆိုတဲ့နည်းပညာကိုခြေလှမ်းစလိုက်တာပါ၊ Metaverse ကိုအရှင်းဆုံးပြောပြရရင်တော့ Virtual World/ Virtual Reality ဖြစ်ပြီးတော့ တနည်းပြောရရင် လူတွေကို Online စာမျက်နှာပေါ်ကနေ Online ပေါ်ကိုအမှန်တကယ်ရောက်လာအောင်ကြံနေတာပါ။

လက်ရှိလဲတစ်ကမ္ဘာလုံးမှာက Work from Home တွေ၊ Online Learning တွေ၊ Virtual Concert တွေနဲ့ Virtual World ကြီးထဲလုံးဝမရောက်သေးရင်တောင် ကိစ္စအတော်များများမှာ Virtual Activity တွေနဲ့ဖြစ်နေကြပါပြီ။ Metaverse ကတော့ခုနလို Online ဖြော်ဖြေရေးအဆင့်ကိုကျော်လွန်ပြီး လူနေမှုဘဝကိုပါ Virtual World ထဲမှာတည်ဆောက်လာမှာပါ။

ဥပမာ - ကျွန်တော်တို့ Online ပေါ်မှာဈေးဝယ်မယ်ဆိုရင် Page တစ်ခုချင်းစီကိုလိုက်ရှာစရာမလိုဘဲ၊ အပြင်မှာတကယ်ဈေးဝယ်သလို Virtual World ထဲကဈေးတန်းထဲမှာ ကိုယ်ရဲ့ Character နဲ့လျှောက်သွားပြီး ကြည့်လို့ရမယ်၊ မေးလို့ရမယ်၊ ဈေးဆစ်လို့ရမယ်၊ လမ်းမှာကိုယ့်အသိ Character တွေနဲ့တွေ့ရင်လဲနှုတ်ဆက်လို့ရမယ် စတာမျိုးတွေလိုပါ။

ဒါကိုစဥ်းစားမိတော့ဘာကိုသတိရသွားလဲဆိုတော့ Wall-E တို့၊ Ready Player One တို့လိုဇာတ်ကားတွေကိုပါ။ ကမ္ဘာကြီးပျက်သွားပြီးတော့ လူတွေက VR Glass တွေတပ်ပြီးတော့ အပြင်မှာဖြစ်ပျက်နေတာအကုန်မေ့၊ Virtual World ထဲမှာ vacation ကျပြီးအစားအသောက်လွန်နေကြတာမျိုးတွေပေါ့။

Metaverse ဖြစ်လာဖို့ဘာတွေလိုအပ်မလဲ❔

လူတွေ Internet သုံးဖို့အတွက်အရင်က Computer ကနေ၊ အခုဆို Laptop၊ Smart Phone၊ Smart Watch တွေနဲ့တင်သုံးလို့ရလာသလို၊ Metaverse ဖြစ်ဖို့ AR/VR Headsets တွေ၊ AR/VR မျက်မှန်တွေလိုအပ်ပါတယ်။ ဇူဇူကလွန်ခဲ့တဲ့လေးနှစ်လောက်က VR Headset တွေလုပ်တဲ့ Octopus ဆိုတဲ့ Company ကိုဝယ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ လလောက်ကလဲ AR မျက်မှန်ထုတ်ရောင်းခဲ့တယ်ဆိုတော့ တဖြည်းဖြည်းချင်းတော့ လမ်းဖောက်နေပါပြီ။

ဆိုတော့ အနာဂတ်ကဘယ်လိုဖြစ်လာမလဲဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းနေပါပြီ။ ဒါတွေက ချက်ချင်းကြီးဝုန်းဒိုင်းဖြစ်လာမှာ မဟုတ်လို့စိတ်ပူစရာတော့မရှိပါဘူး။ ဒါပေမဲ့သေချာတာကတော့ Metaverse ကတော့သေချာပေါက်ဖြစ်လာမှာပါ။

Metaverse ကဘယ်လိုမျိုးဖြစ်လာမလဲသိချင်ရင် Ready Player One ရုပ်ရှင်ကိုတစ်ချက်လောက်ရှာပြီးကြည့်ကြည့်ဖို့ recommend လုပ်ပါတယ်....

အားလုံး ကောင်းသောနေ့လေးပါ ✨🍂

#Barry


Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!