Hello TYTimersတို့ရေ👋,
ဒီနေ့ TYTimersတွေအတွက် sharing လုပ်ပေးချင်တဲ့အကြောင်းကတော့ College ဒါမှမဟုတ် University တွေလျှောက်တဲ့နေရာမှာမရှိမဖြစ်နဲ့အလိုအပ်ဆုံးဖြစ်တဲ့ personal statementရေးနည်းအကြောင်းကို sharing လုပ်ပေးမှာဖြစ်ပါတယ်။
🛑Personal Statement ဆိုတာဘာလဲ❓
Personal Statement ဆိုတာ university or collegeလျှောက်တဲ့နေရာမှာ မိမိရဲ့အကြောင်း၊မိမိရဲ့အားသာချက်တွေ၊ဘယ်လိုအကြောင်းအရာတွေက ဒီမေဂျာကိုလျှောက်ဖို့ အားဖြစ်စေလဲ၊ ဘာကြောင့်သူတို့ တက္ကသိုလ်ကိုရွေးချယ်ဖြစ်တာလဲ စတဲ့အချက်တွေကိုစိတ်၀င်တစားနဲ့ရေးသားခိုင်းတဲ့ Eassayဘဲဖြစ်ပါတယ်။
🛑ကောင်းမွန်တဲ့ personal statement တစ်ခုဖြစ်အောင်ဘယ်လိုရေးမလဲ❓
ကျောင်းလျှောက်တဲ့နေရာမှာ personal statement ဟာအရေးကြီးတဲ့အခန်းကဏ္ဍန်မှာပါ၀င်ပါတယ်။ ကောင်းမွန်တဲ့ personal statement ရေးနိုင်ဖို့ဆိုရင် အောက်ပါအချက်တွေကိုသတိပြုကာရေးသားဖို့လိုအပ်ပါတယ်။
၁။ အချိန်မဆွဲမိပါစေနဲ့
ကျောင်းသားအများစုဟာ personal statement အတွက်အချိန်ကိုသီးသန့်မပေးဘဲ အနားကပ်မှပြင်ဆင်တတ်ကြပါတယ်။ အဲ့လိုမျိုးအနားကပ်မှပြင်ဆင်တဲ့ အခါအကောင်းဆုံးအနေအထားကိုမရရှိဘဲ အပြိုင်အဆိုင်များတဲ့ university တွေမှာဆိုadmission အငြင်းခံရဖို့ဖြစ်နိုင်ချေများပါတယ်။
၂။ အသေးအမွှားလေးတွေကိုဂရုစိုက်ပါ
Personal statement ရေးခိုင်းတဲ့အခါမှာတက္ကသိုလ်တွေက စာလုံးရေဘယ်လောက်၊ဘယ် font နဲ့ရေးရမလဲ၊စာလုံး size ဘယ်လောက်စတဲ့ requirements တွေကို website ထဲမှာဖော်ပြတတ်ပါတယ်။ အဲ့လိုအသေးအမွှားတွေကိုဂရုမစိုက်ဘဲရေးမိတယ် ဆိုရင် first impression မှာတင်သူများထက်နိမ့်သွားတတ်လို့ ဂရုစိုက်သင့်ပါတယ်။
၃။ မိမိရေးထားတာကို ပြန်ဆန်းစစ်ပါ
ကျောင်းသားအများစုဟာ personal statement ကို ပထမတခါရေးပြီးတာနဲ့ပြန်လှည့်မကြည့်တတ်ပါဘူး။ အဲ့လိုမျိုးမလုပ်ဘဲအနည်းဆုံး တစ်ခေါက် ပြန်ဖတ်ပြီးအမှားပြင်တာတို့၊ ပိုကောင်းအောင်ဘယ်လိုရေးမလဲတို့စသည်ဖြင့် ပြန်ဆန်းစစ်သင့်ပါတယ်။
ကဲဒီလောက်ဆိုရင် ကောင်းမွန်တဲ့ personal statement ဖြစ်အောင်ဘယ်လိုရေးမလဲဆိုတာ TYTimers တို့နားလည်လောက်ပြီထင်ပါတယ်။ ကဲ TYTimersတို့လည်း personal statement ကိုကောင်းကောင်းရေးနိုင်ပြီး ကိုယ်တက်ချင်တဲ့ကျောင်းမှာတက်နိုင်ပါစေလို့ ဆုတောင်းရင်း နှုတ်ဆက်လိုက်ပါတယ်။
Have a nice weekend 💕
#takeyourtimemyanmar #howtowriteagoodpersonalstatement
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments