How to write a research proposal

Details

Hello TYTimersတို့ရေ👋,
ဒီနေ့မှာတော့ TYTimersတို့ကို sharing လုပ်ပေးချင်တဲ့အကြောင်းကတော့ ကျနော်တို့ degree program ပြီးဆုံးခါနီး ဒါမှမဟုတ် PhD Program တွေကိုလျှောက်တဲ့အခါမှာဒါမဟုတ် scholarship လျှောက်တဲ့နေရာမှာလိုအပ်တဲ့ requirement တစ်ခုဖြစ်တဲ့ research proposal အကြောင်းဘဲဖြစ်ပါတယ်။📝
📑Research proposal ဆိုတာဘာလဲ
Research proposalဆိုတာက အနီးစပ်ဆုံးပြောရမယ်ဆိုရင် ကျနော်တို့ research လုပ်ချင်တဲ့အကြောင်းအရာရယ် ဘာကြောင့် ဒီအကြောင်းအရာကို research လုပ်ချင်ရတာလည်း ပြီးတော့အဲ့လို researchလုပ်ဖို့မိမိအနေနဲ့ ဘယ်လို plan တွေဆွဲထားလဲ အစရှိတာကို formal writing ပုံစံမျိုးနဲ့ရေးပေးရတာပါ။
🤔Research Proposal တခုရေးမယ်ဆိုရင်ဘာတွေအရေးကြီးဆုံးလဲ
Research proposal ရဲ့အဓိကရည်ရွယ်ချက်က ကိုယ့်ရဲ့ researchက ဘာကြောင့်မိမိတက်ရောက်လိုတဲ့ program နဲ့သင့်လျော်သလဲဆိုတာကို ကိုယ့်ကိုထောက်ခံပေးမယ့် university ဒါမှမဟုတ် funding လုပ်ပေးမယ် organization ကို စည်းရုံးသိမ်းသွင်းဖို့ဘဲဖြစ်ပါတယ်။
Research proposal ဟာ majorအလိုက်ကွဲပြားနိုင်ပေမယ့်များသောအားဖြင့် အချက်5ချက်ကိုအခြေခံပြီးရေးလေ့ရှိပါတယ်။
အဲ့ဒါတွေကတော့
1. အဓိပ္ပာယ်ပေါ်လွင်စေတဲ့ ခေါင်းစဉ်
2. မိမိresearch လုပ်လိုတဲ့အကြောင်းအရာကို ချုံငုံပြီးအဓိပ္ပာယ်ရှင်းလင်းစွာဖော်ပြနိုင်မှု
3. Research နဲ့ပတ်သက်ပြီးမေးနိုင်တဲ့မေးခွန်းတွေကို ကြိုတင်ပြင်ဆင်ထားခြင်း
4. ကိုယ် research လုပ်မယ့်ပုံစံနဲ့နည်းစနစ်တွေ
5. နောက်ဆုံးအနေနဲ့ကတော့ မိမိရဲ့ research နဲ့ပတ်သက်ပြီးတော့reference ယူခဲ့တာတွေအစရှိတဲ့အချက်တွေပါ၀င်ဖို့လိုပါတယ်။
ကဲဒီလောက်ဆိုရင်TYTimersတွေအနေနဲ့ research proposal ကိုဘယ်လိုရေးရမယ်ဆိုတာအနည်းအကျဉ်းတော့သိသွားလောက်ပြီထင်ပါတယ်။နောက်နေ့တွေမှာလည်းဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ content တွေကို sharing လုပ်ပေးသွားဦးမှာမို့ စောင့်မျှော်ပေးကြပါဦးလို့ တောင်းဆိုရင်းနှုတ်ဆက်လိုက်ပါတယ်။🙏
#takeyourtimemyanmar #howtowritearesearchproposal


Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!