IGCSE

Details

IGCSE ဆိုတာကတော့ နိုင်ငံတကာအသိအမှတ်ပြုတဲ့ certificate ရရှိမယ့် UK စာမေးပွဲတစ်ခုဖြစ်ပြီး full form ကတော့ “International General Certificate of Secondary Education” ပါ။ စာမေးပွဲဖြေဆိုဖို့ဆိုရင်တော့ နှစ်စဉ် နိုင်ငံပေါင်း(၉၀) မှ ကျောင်းသား (၂)သန်းကျော်ကို international exam တွေစစ်ပေးလေ့ရှိတဲ့ the British Council 🇬🇧 တစ်နေရာတည်းမှာပဲဖြစ်ဆိုနိုင်မှာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ BC ကတော့ Yangon Exams နဲ့ Mandalay Exams ဆိုပြီးသတ်မှတ်ပေးထားလို့ အဲ့ထဲကမှ ကိုယ့်ဒေသပေါ်မူတည်ပြီး သွားရောက်ဖြေဆိုနိုင်ပါတယ် ။

IGCSE ရဲ့ အဓိကအားသာချက်ကတော့ စာမေးပွဲအောင်လက်မှတ်ရှိရုံနဲ့ နိုင်ငံတကာက တက္ကသိုလ်အတော်များများကို entry test ဖြေစရာမလိုပဲ လွယ်လင့်တကူ တိုက်ရိုက်လျှောက်ထားနိုင်တာပဲဖြစ်ပါတယ်။

IGCSE မှာ စာမေးပွဲမေးခွန်းထုတ်၊ စာစစ်၊ အမှတ်ပေး၊ အောင်လက်မှတ်ထုတ် စသည်တို့ပြုလုပ်ပေးတဲ့ EXAM BOARD သုံးခုရှိပါတယ် ။

Exam board အဖွဲ့ (၃)ခု ရှိတာကြောင့် ကွဲပြားတဲ့စာမေးပွဲမေးခွန်းပုံစံနဲ့ မတူညီတဲ့ question paper (၃)ခုရှိပါတယ်။ ဒါကြောင့် ကျောင်းသား၊ကျောင်းသူတွေ အနေနဲ့ အတန်းစတက်ကတည်းကမှ Exam Register လုပ်တဲ့အထိ ကိုယ်လေ့လာထားပြီး curriculum နဲ့ဖြေဆိုမယ့် Exam Board ကိုသတိပြုရွေးချယ်သွားကြဖို့ လိုအပ်ပါလိမ့်မယ် ခင်ဗျာ။ Exam Board နဲ့ Exam တွေကတော့ …

EXAM boards & Series 🤔

1. Cambridge IGCSE by Cambridge Assessment International Education (CIE) Exam Board
2. Edexcel International GCSE by Pearson Edexcel Academic Qualifications Exam Board,
3. Oxford AQA International GCSE by Oxford International AQA Examinations Exam Board

Cambridge IGCSE နဲ့ Edexcel International GCSE စာမေးပွဲတွေကတော့ လူသိလည်းများသလို ဖြေဆိုသူလည်းပိုများလေ့ရှိကြပါတယ်။

Exam board ပေါ်မူတည်ပြီး နှစ်စဉ်စာမေးပွဲကျင်းပပြုလုပ်ပေးတဲ့အကြိမ်ရေနဲ့ အချိန်တွေလည်းမတူညီကြပါဘူး ခင်ဗျာ …

1. Cambridge IGCSE ဆိုရင် ( March, May, November) မြန်မာနိုင်ငံအတွက် ( May, November)
2. Edexcel International GCSE ( January, June)
3. Oxford AQA International GCSE (May, November)

Exam duration ကတော့ ကိုယ်ယူထားတဲ့ subject အနည်းအများပေါ်မူတည်ပြီး တစ်လဝန်းကျင်လောက်ကြာလေ့ရှိပါတယ်။

Grade ဘယ်လိုပေးလဲ 🤔
Grading တွေအနေနဲ့ကတော့ Core and Extended ဆိုပြီး curriculum နှစ်ခုပေါ်အခြေခံထားပြီး Core Curriculum အတွက်ဆိုရင် highest to lowest Grading ( C to G ) ဖြစ်ပြီး Extended Curriculum အတွက်ကတော့ highest to lowest Grading ( A* to E ) ဖြစ်ပါတယ်။

Scoring 🎯

Distinction : Grade A in five subjects and Grade C or above in two subjects
Merit : Grade C or above in five subjects and Grade F or above in two subjects
Pass : Grade G or above in seven subjects

IGCSE Levels 🔍

Cambridge GCSE, UK GCSE “O” level နဲ့ ညီမျှတဲ့ IGCSE မှာဆိုရင် ပျမ်းမျှအားဖြင့် PRE-IGCSE, IGCSE, and International AS & A Levels ဆိုပြီး အဆင့်သုံးဆင့်ရှိပါတယ်။

IGCSE ဘာသာရပ်များ 📚

Subjects တွေအများကြီးထဲကမှ ကိုယ့် interest ကိုလိုက်ပြီး ကြုက်တဲ့ subject တွေရွေးယူရမှာဖြစ်ပြီး (minimum 5 to max 15 ) ယူရမှာဖြစ်ပါတယ်။ English, Maths and Science ကိုတော့ အဓိကယူကြရပါတယ်။
Subject ရွေးချယ်ရာမှာ အခြေခံထားတဲ့ Subject Area တွေအနေနဲ့တော့ …

1. Language and Literature,
2. Humanities and Social Sciences,
3. Mathematics
4. Sciences
5. Creative, Technical and Vocational

Cambridge IGCSE subject တွေကိုတော့ ဒီမှာကြည့်ရှုနိုင်ပါတယ်ခင်ဗျာ …
✅ http://www.cambridgeinternational.org/.../cambr.../subjects/

How to Register 🤔
✅ www.britishcouncil.org.mm/exam/school-exams/how-to-register

စာမေးပွဲဖြေဆိုမယ့်နေ့မှာ required documents တွေပြီးရင် အရေးအကြီးဆုံးကတော့ ဝီရိယရှိဖို့ နဲ့ စိတ်မလှုပ်ရှားပဲ တည်တည်ငြိမ်ငြိမ် ဖြစ်နေဖို့ပါပဲ။ IGCSE ကတခြား စာမေးပွဲတွေလို စာသင်နှစ်ပြီးတိုင်း ဖြေဆိုရတာမျိုးမဟုတ်ပဲ ကိုယ်စိတ်တိုင်းကျလေ့လာပြီးပြီလို့ ယူဆရမှသာ စာမေးပွဲကြေးသွင်းပြီး ဖြေရတာဖြစ်လို့ revision အခေါက်ခေါက်အခါခါပြန်ပြီးသည် အချိန်ကောင်းကောင်းယူနိုင်ပါတယိ။

Exam day ဆောင်ရန်ရှောင်ရန် 📝

1. စာမေးပွဲဖြေဆိုရမယ့် BC မှ သတ်မှတ်ပေးထားတဲ့နေရာကိုသွားရမှာဖြစ်ပြီး exam room ထဲကို အနည်းဆုံး မိနစ် (၃၀) စောရောက်နေရပါမယ်။
2. ID ( NRIC or passport for international students )
3. Statement of Entry ( exam registration confirm ထားတဲ့ document )
4. Pens and Pencils in a clear pencil case ( stationery တွေပဲပါကြောင်းပြနိုင်ရမှာပါ )
5. Scientific calculator
6. ကိုယ့် subject အတွက်လိုအပ်မယ့် တခြား equipment တွေရယ် ယူဆောင်သွားရမှာဖြစ်ပါတယ်။

Exam Room အတွင်းယူဆောင်ခွင့်မပြုတာတွေကတော့
1. Mobile phones, any electronic devices
2. Valuable belongings

Practical, oral, IT နဲ့ art/design စာမေးပွဲတွေအတွက်တော့ အပေါ်ကဖော်ပြထားတာနဲ့ အနည်းငယ် ကွဲပြားနိုင်ပါတယ်။

For more information ℹ️
✅ www.britishcouncil.org.mm/exam/school-exams


Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!