TYTimer တို့ရေ၊ အိမ်မှာ နေရင်း ဘာလေ့လာရင် ကောင်းမလဲ စဉ်းစားနေကြတယ်မလား။❓ ဒါပေမယ့် သင်တန်းတွေ ဘာတွေတက်ရင် ပိုက်ဆံက ကုန်ဦးမယ်၊ ဒါမှမဟုတ်ရင် နယ်မှာ နေလို့ လိုင်းမကောင်းလို့ Online Class တက်ဖို့လဲ အဆင်မပြေတဲ့လူတွေလည်း ရှိနေကြမယ်ထင်ပါတယ်။🥲 အဲ့တာကြောင့် ဒီနေ့မှာတော့ TYTimer တွေအတွက် ပိုက်ဆံ တစ်ပြားမှမကုန်ဘဲ ပညာရနိုင်မယ့် Free-Learning Platform တွေကို မိတ်ဆက်ပေးပါမယ်ခင်ဗျာ။🤩
(၁) Coursera ✔️ – www.coursera.org
Free course လို့ပြောလာတာနဲ့ ခေါင်းထဲ အရင်ဆုံး ပေါ်လာတာကတော့ coursera ပါပဲ။ Coursera က free ပေးတဲ့ course တွေရှိသလို အချိန်နဲ့ fee ပေးရတဲ့ course တွေလည်း ရှိပါတယ်။ သူက free course တွေဆိုရင် certificateလိုချင်မှ ပိုက်ဆံပေးရပါတယ်။ essay ရေးပြီးတော့လည်း certificate free ရနိုင်ပါတယ်။ free မပေးတဲ့ course တစ်ချို့တောင်မှ audit လုပ်ပြီး သင်ကြားလို့ရပါတယ်။ Quiz တွေတော့ ဖြေလို့ မရဘူးပေါ့။ ဖုန်းအတွက်ဆိုရင် app ရှိပြီး video တွေ download ဆွဲထားလို့ ရပါတယ်။
(၂) FutureLearn ✔️ – www.futurelearn.com
FutureLearn က free course တွေ အကုန်နီးပါး ရတဲ့ website ဖြစ်ပါတယ်။ ဒါပေမယ့် သူက coursera လိုမျိုး video နဲ့ အဓိက သင်တာ မဟုတ်ပါဘူး။ စာတွေဖတ်၊ Quiz တွေဖြေပြီး လေ့လာရပါတယ်။ နောက်ပြီး သူက free course တစ်ခုကို သူပေးထားတဲ့ အချိန်မှာပဲ access ရပါတယ်။ အဲ့ဒီထက် ကျော်သွားရင်တော့ premiumကို မြှင့်ပြီး ပိုက်ဆံပေးရပါလိမ့်မယ်။
(၃) Alison ✔️ – www.alison.com
Alison ဆိုတဲ့ website ကတော့ free course တွေ အများကြီးပေးထားတဲ့ websiteတစ်ခုပါပဲ။ သူကလည်း coursera လိုပဲ certificate လိုချင်ရင်တော့ ပိုက်ဆံပေးရပါမယ်။
(၄) Edx ✔️ – www.edx.org
Edxက free course တွေ များများစားစား ရှိတဲ့ website တစ်ခုပါ။ ဒီwebsiteကို ထောင်ထားတာကလည်း Harvard နဲ့ MIT ကဆိုတော့ အလွန်ကောင်းမွန်တဲ့ Course တွေနဲ့ Lecture တွေကို Free သင်ယူခွင့်ရမှာ ဖြစ်ပါတယ်။
ဒီwebsite တော်တော်များများကို ကိုယ့်ရဲ့ university ကပေးတဲ့ mail နဲ့ Sign up လုပ်ထားမယ်ဆိုရင် free course တွေ ပိုရပါတယ်။
(၅) Justin Guitar ✔️ – www.justinguitar.com
Justin Guitar ကတော့ free guitar lessons တွေမှာ လူသိအများဆုံးလို့ ပြောလို့ရပါတယ်။ 100% free ပါ။ ဂီတာကို အခြေခံကစပြီး သေသေချာချာသင်ပေးထားပါတယ်။ ဘယ်သန်တွေအတွက်တောင် course သပ်သပ်လုပ်ပေးထားပါတယ်။ သီချင်းတွေသင်ရင်တော့ tab တော့ မရပါဘူး။ သီချင်း tab တွေ free ဖြန့်ပေးလို့ YouTuber တွေ copyright ထိတာတွေ ခဏခဏ ဖြစ်ကြလို့ပါ။ Guitar တီးချင်ပေမယ့် သင်တန်းတက်ဖို့ အချိန်မရတဲ့ လူတွေအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
(၆) BBC learning English ✔️ – https://www.bbc.co.uk/learningenglish/
အပေါ်က website တွေမှာ လေ့လာချင်လို့ ရှိရင်တော့ English listening နဲ့ Vocabulary ကောင်းဖို့ လိုလိမ့်မယ်နော်။ BBC Learning English ဟာဆိုရင် အချိန်နဲ့ တစ်ပြေးညီ အသစ်ဖြစ်လာတဲ့ vocab တွေကို အမြဲတင်ပေးနေပါတယ်။ နောက်ပြီး သင်တဲ့ အခါမှာ ပြောပြတဲ့ အကြောင်းအရာတွေကလည်း လုံးဝ up to date ပါပဲ။ English က language ဖြစ်နေတော့ အမြဲလေ့ကျင့်နေမှ အဆင်ပြေမှာဖြစ်တဲ့အတွက် သင်တန်း မတက်ဖြစ်ဘူးဆိုရင်တောင် ဒီ website ကနေ ပုံမှန်လေး သင်ဖြစ်နေရင် Englishက တိုးတက်လာမှာပါ။
(၇) EnglishClass101 ✔️ - https://www.englishclass101.com
101 class တွေကတော့ အားလုံး သိတဲ့ အတိုင်း Language တွေတော်တော်များများအတွက် class တွေရှိပါတယ်။ English Class 101 ကလည်း videoတွေ တင်ပြီး သင်တာအပြင် YouTube မှာlive ပါလွှင့်ပြီး သင်ပေးပါတယ်။ ( နောက်ပြီး စာသင်ပေးတဲ့ ဆရာမ Alisha ကတော်တော်ချောလို့ ကျွန်တော်တော့ ခဏခဏ သွားသင်ဖြစ်ပါတယ်။😛 )
(၈) Curiosity Stream ✔️ - https://curiositystream.com
ဒါကတော့ Documentary website တစ်ခု ဖြစ်ပါတယ်။ Documentaryတွေက ကြည့်လို့ကို မကုန်နိုင်အောင် များပါတယ်။ တစ်လကို $3 ပေးရပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ သိပ်သဘောကျလှချည်ရဲ့တော့ မဟုတ်ပါဘူး။ Netflix က documentary တွေကို မမီပေမယ့် curiosity stream ကတော့ အရေအတွက်အားဖြင့် ပိုများပါတယ်။ တစ်လ $3 ဆိုတော့ တစ်ပတ်ဘေလ်ဖိုးတောင် မရှိပါဘူးဗျာ။ 1080p quality နဲ့ဆိုတော့ တန်တယ်လို့ ပြောလို့ရပါတယ်။
(၉) GCED Online Campus ✔️ - https://www.gcedonlinecampus.org
ဒီ Platform လေးကတော့ United Nations Education, Scientific and Cultural Organization (UNESCO) က တည်ထောင်ထားတဲ့ GCED Online Campus ဆိုတဲ့ Platform လေးပဲ ဖြစ်ပါတယ်ခင်ဗျာ။
GCED Online Campus မှာတော့ Course အမျိုးအစား နှစ်ခုရှိပါတယ်။
Open Courses – Open Course တွေ တော်တော်များများကတော့ ကြိုက်တဲ့အချိန်မှာ လေ့လာလို့ ရပြီး Self-pace နဲ့ သွားရတဲ့ Course တွေမျိုး ဖြစ်ပါတယ်။
Courses by Registration – Courses by Registration ကတော့ ကာလတစ်ခုအတွင်း ပြီးအောင် တက်ရပြီးတော့ Self-pace နဲ့ သွားရတာရှိသလို Instructor-based နဲ့ သွားရတာမျိုးလည်း ရှိပါတယ်။
ဒါတွေကတော့ Online Class ကို Zoom ကနေ မတက်ဖြစ်တဲ့၊ free course တွေ လိုချင်နေတဲ့၊ နောက်ပြီး website ကောင်းကောင်းလေးတွေ သိချင်နေတဲ့ TYTimer တွေအတွက်ဖြစ်ပါတယ်။ အားလုံးပဲ Website တွေမှာ သင်ကြားရတာ အဆင်ပြေကြပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ။🥰 TYTimer တွေအားလုံး မင်္ဂလာရှိသော ညချမ်းလေးကို ပိုင်ဆိုင်ကြပါစေခင်ဗျာ။🙆🏻♂️
#harry
#takeyourtime
#freecourses
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments