"Gender Equality Today for a Sustainable Tomorrow"
မင်္ဂလာနံနက်ခင်းလေးပါ TYTimersတို့ရေ☕🍂
ဒီနေ့ဟာ International Women's Dayဆိုတာ မှတ်မိကြလား 🤔
ဟုတ်ပါတယ်။ ဒီနေ့မတ်လ၈ရက်နေ့ဟာ ကျွန်တော်တို့မြန်မာနိုင်ငံကအမျိုးသမီးတွေအပါအဝင် တစ်ကမ္ဘာလုံးကအမျိုးသမီးတွေအကုန်လုံးပါဝင်ဆင်နွှဲနိုင်တဲ့ ၁၁၁နှစ်မြောက် "အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့" လေးပဲဖြစ်ပါတယ်💐💜
💐International Women's Dayဆိုတာ လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေး၊စီးပွါးရေး၊လူမှုရေးကိစ္စတွေမှာ အမျိုးသမီးတွေဟာ ဘယ်လောက်အထိရောက်ရှိ ပါဝင်ဦးဆောင်နိုင်လာလဲဆိုတာ ဂုဏ်ပြုတဲ့နေ့တစ်နေ့ဖြစ်ပြီး လက်ရှိမျက်မှောက်ခေတ်အခြေအနေရဲ့ နိုင်ငံရေး၊စီးပွါးရေး မညီမျှမှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်ဆိုတာကို ပြန်လည်သတိပြုမိစေရန် ရည်ရွယ်ပြီး Protests and Strikes Campaignတွေ ပြုလုပ်ကြတဲ့နေ့လေးပဲဖြစ်ပါတယ်...
ဒါကြောင့် ဒီနေ့မှာ TYTimerတို့ကို International Women's Day(IWD)ဘယ်လိုဖြစ်လာလဲ၊ဘယ်လိုတွေကျင်းပကြလဲဆိုတဲ့အကြောင်း ဗဟုသုတအနေနဲ့ အနည်းငယ်မျှဝေပေးပါရစေ💁
IWD ဆိုပြီး ဘယ်လိုဖြစ်ပေါ်လာခဲ့လဲ?? 🤔
- 1908ခုနှစ်မှာ New Yorkမြို့မှာရှိတဲ့ အမျိုးသမီးပေါင်း 15,000ကျော်က အလုပ်ချိန်တွေလျှော့ပေးပြီး လစာတွေတိုးပေးဖို့ မဲပေးခွင့်တွေ တောင်းဆိုရင်း ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။
အဲ့လိုဆန္ဒပြမှုတွေကြောင့် အမေရိကန်ဆိုရှယ်လစ်ပါတီကနေ 1909ခုနှစ်၊ February 28ရက်နေ့မှာ National Woman's Dayကို ပထမဆုံးအနေနဲ့ ကြေညာပေးခဲ့ပါတယ်✨
၁၉၁၀ခုနှစ်နှောင်းပိုင်းမှာတော့ Communist Activistတစ်ဦးဖြစ်တဲ့ Ms.Clara Zetkinက Copenhagenမှာကျင်းပခဲ့တဲ့ နိုင်ငံတကာအလုပ်သမားညီလာခံမှာ Women's rightsတွေရရှိရေးအတွက် International Women's Day(IWD)ဖန်တီးပေးဖို့တောင်းဆိုခဲ့ပါတယ်။အဲ့ဒီမှာ အခြား၁၇နိုင်ငံက အမျိုးသမီး၁၀၀ကျော်ကလည်းသဘောတူခဲ့တာကြောင့် IWDဆိုပြီး တရားဝင်ကျင်းပနိုင်လာခဲ့တာဖြစ်ပါတယ်✨✨
🎊ပထမဆုံးcelebrationအနေနဲ့ 1911ခုနှစ်မှာ Austrila,Denmark, Germanyနဲ့ Switzerlandနိုင်ငံမှာကျင်းပခဲ့ပြီးတော့ 2011ခုနှစ်မှာ နှစ်၁၀၀ပြည့်အခမ်းအနားအဖြစ်လည်း အထူးကျင်းပခဲ့ကြပါသေးတယ်
-1975ခုနှစ်မှာတော့ UNကနေ International Women's Dayအဖြစ် officialသတ်မှတ်ပေးခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက နိုင်ငံပေါင်း ၈၀ ကျော်အထိ ပါဝင်ဆင်နွှဲလာခဲ့ကြပါတယ်...
* ထူးခြားတဲ့တစ်ခုအနေနဲ့က Ms.Clara အဆိုပြုတင်သွင်းတဲ့အချိန်မှာ March8ရက်နေ့အဖြစ်မသတ်မှတ်ရသေးပါဘူး၊အဲ့ဒီအချိန်တုန်းက IWDဖြစ်လာစေဖို့သာ အဓိက ရည်ရွယ်ကြရင်း Dateအတိအကျမသတ်မှတ်ကြရသေးပါဘူး။
အဲ့ဆို March 8 ဘယ်လိုဖြစ်ပေါ်လာလဲ❓
-၁၉၁၇ခုနှစ် March8မှာ Russiaအမျိုးသမီးတွေက "Bread and Peace" ဆိုတဲ့strikeတစ်ခု သပိတ်မှောက်တောင်းဆိုခဲ့ကြပြီး လေးရက်အကြာမှာ ရှင်ဘုရင်ကို ထီးနန်းစွန့်ခိုင်းခဲ့ကြပါတယ်။အဲ့အချိန်မှာ ယာယီအစိုးရက အမျိုးသမီးတွေမဲပေးပိုင်ခွင့်ဆိုတဲ့ အမျိုးသမီးအခွင့်အရေးပေးခဲ့ပါတယ်
-ဒါကြောင့် အမျိုးသမီးအခွင့်အရေးတစ်ခုရခဲ့တဲ့နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ပထမဆုံးသပိတ်မှောက်ခဲ့ကြတဲ့ March8ရက်နေ့ကိုအစွဲပြုပြီး International Women's Dayအဖြစ် မတ်လ၈ရက်နေ့ကို တရားဝင်announceလုပ်ခဲ့ကြတာဖြစ်ပါတယ်🎊🎊
🙋နောက်ထပ် ဒီလိုနေ့မျိုးမှာ ပျော်စရာကောင်းတဲ့အရာလေးတစ်ခုကတော့ အမျိုးသမီးတွေက Purple Colorတွေ ဝတ်ဆင်ကြပြီး campignကို ပါဝင်ဆင်နွှဲလေ့ရှိတာပါပဲ💜
- 1908ခုနှစ်မှာ UKက WSPU အဖွဲ့အစည်းကနေ
ခရမ်းရောင်က justice and dignity ၊အစိမ်းရောင်က hope,အဖြူရောင်က purityကို ကိုယ်စားပြုတဲ့အနေနဲ့ Purple,Green and Writeတွေကို IWDရဲ့ကိုယ်စားပြုအရောင်တွေအဖြစ် သတ်မှတ်ခဲ့တာကြောင့်ဖြစ်ပါတယ်
-ခုဆိုရင် International Women's colorအဖြစ် purpleကို သတ်မှတ်ထားတာကိုတော့ TYTimersတို့လည်း သိကြလိမ့်မယ်ထင်ပါတယ် ( အဲ့ကြောင့် အမျိုးသမီးတွေက IWDမှာ purpleကို ဦးစားပေးသုံးပြီး ဆင်နွှဲလေ့ရှိကြပါတယ်)
💐ဒါ့အပြင် ဒီလိုနေ့မှာဆို Austrila, Germany, Switzerland, Russiaအပါအဝင် နိုင်ငံအချို့မှာ National Holidayအဖြစ်သတ်မှတ်ပေးလေ့ရှိပါတယ်(မြန်မာနိုင်ငံတော့ မပါသေးပါဘူး😁)
အီတလီနိုင်ငံမှာဆိုရင် အမျိုးသမီးတွေကို Mimosaပန်းလေးတွေပေးပြီး ဂုဏ်ပြုဆင်နွှဲကြလေ့ရှိပါတယ်
(Official holidayအဖြစ်သတ်မှတ်ထားတဲ့နိုင်ငံအချို့မှာဆို March8 မတိုင်ခင် ၃ရက်အလိုလောက်ကတည်းက ပန်းရောင်းချမှုတွေ ၂ဆလောက်ထိကို မြှင့်တက်လေ့ရှိပါတယ်တဲ့)
တရုတ်လိုနိုင်ငံကြီးကတောင် holidayမသတ်မှတ်ပေးပေမဲ့ ဒီလိုနေ့မှာ အမျိုးသမီးတွေကို အလုပ်ခွင်မှာ Half-day off ပေးလေ့ရှိပါတယ်
💐 ကျန်တဲ့Holidayတွေနဲ့မတူဘဲ ထူးခြားတဲ့အရာနောက်တစ်ခုကတော့ နှစ်စဉ်နှစ်တိုင်းမှာ UNကနေ yearအလိုက် themeသတ်မှတ်ပေးလေ့ရှိပါတယ် 💜
2022အတွက် themeကတော့ #BreakTheBias လို့ကြေညာထားပါတယ် ခင်ဗျာ✨
🙋ကျွန်တော်တို့နိုင်ငံမှာလည်းတရားဝင်Hoildayအဖြစ်မသတ်မှတ်ရသေးပေမဲ့ ကျွန်တော်တို့နိုင်ငံက အမျိုးသမီးတွေကလည်း ကမ္ဘာပေါ်က အမျိုးသမီးတွေထဲက အမျိုးသမီးတွေပဲမို့ ပါဝင်ချင်တယ်ဆိုရင် genderဘက်လိုက်မှုတွေဖျက်သိမ်းပေးပြီး ခွဲခြားဆက်ဆံမှုတွေ၊မညီမျှမှုတွေကို ငြင်းပယ်တဲ့signအနေနဲ့ လက်နှစ်ဖက်ကို ကြက်ခြေခတ်ပုံစံထားပြီး ရိုက်ထားတဲ့ photoကို #BreakTheBias ဆိုတဲ့ hashtag နဲ့ ပါဝင်လို့ရပါတယ်။
ကိုယ်ကအမျိုးသမီးမဟုတ်ဘူး။ ဒါမဲ့ ဒီနေ့မှာ campignမှာပါဝင်ချင်တယ်ဆိုရင် ကိုယ်ရဲ့အမေတွေ၊အဒေါ်တွေ၊ချစ်သူတွေကို ပန်းစည်းလေးတွေ၊လက်ဆောင်လေးတွေ ပေးပြီးလည်း ဂုဏ်ပြုပေးပြီး ပါဝင်လို့ရပါတယ် ခင်ဗျာ🙋
ဒါ့အပြင် IWDနဲ့ပတ်သက်ပြီး ကိုယ်ပြောပြချင်တဲ့ quotesလေးတွေ၊ကိုယ်ဂုဏ်ပြုပေးချင်တဲ့ အမျိုးသမီးတွေကို အမှတ်တရဂုဏ်ပြုစာလေးတွေလည်း ဒီpost အောက်မှာ comment ရေးပြီး ပါဝင်နိုင်ပါတယ် ခင်ဗျာ💌
အားလုံးပဲ Break The Bias ပါဗျာ 🙅
ဒီနေ့မှာ ကိုယ်ချစ်ရတဲ့အမျိုးသမီးတွေကို ဂုဏ်ပြုစာလေးတွေ၊ လက်ဆောင်လေးတွေပေးပြီး အသိအမှတ်ပြုပေးကြဖို့လည်း တိုက်တွန်းရင်း....
HAPPY INTERNATIONAL WOMEN'S DAY ပါခင်ဗျာ💜🤍
Reference:
https://en.m.wikipedia.org/wiki/International_Women%27s_Day
#austle
#IWD2022
#BreakTheBias
#internationalwomen'sday
#march8
#takeyourtimemyanmar
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments