John Denver နှင့် Country Roads

Details

John Denver နဲ့ Country Roads 🎵

“𝐂𝐨𝐮𝐧𝐭𝐫𝐲 𝐫𝐨𝐚𝐝𝐬 , 𝐭𝐚𝐤𝐞 𝐦𝐞 𝐡𝐨𝐦𝐞……𝐓𝐨 𝐭𝐡𝐞 𝐩𝐥𝐚𝐜𝐞 𝐈 𝐛𝐞𝐥𝐨𝐧𝐠 , 𝐖𝐞𝐬𝐭 𝐕𝐢𝐫𝐠𝐢𝐧𝐢𝐚 𝐌𝐨𝐮𝐧𝐭𝐚𝐢𝐧 𝐦𝐚𝐦𝐚”

ဒီ Lyric လေးကိုတော့ ပိရိသတ်အတော်များများကြားဖူးနားဝရှိကြမှာပါ။ Country Song တစ်ပုဒ်ဖွင့်ပါလို့ပြောလိုက်ရင် ဒီသီချင်းကိုပဲပြေးမြင်ကြတာ ကျွန်တော်တစ်ယောက်ထဲမဟုတ်လောက်ဘူးတော့ထင်ပါတယ်။ ဆိုတော့ ဒီနေ့မှာ ယခုချိန်ထိ Country Side တွေကော၊ မြို့ပြမှာပါ Iconic ဖြစ်နေသေးတဲ့ လွန်ခဲ့တဲ့အနှစ်ငါးဆယ်လောက်က John Denver ရဲ့ ဂန္တဝင်မြောက်ခဲ့တဲ့ “𝚃𝚊𝚔𝚎 𝚖𝚎 𝚑𝚘𝚖𝚎 , 𝙲𝚘𝚞𝚗𝚝𝚛𝚢 𝚁𝚘𝚊𝚍𝚜” သီချင်းအကြောင်းကျွန်တော်နဲ့အတူနောက်ကြောင်းလှန်ကြည့်ရအောင်...

ဒီသီချင်းက John Denver ရဲ့ 1971 မှာထွက်ခဲ့တဲ့ “Poems, Prayers & Promises” Album ထဲက single record တစ်ပုဒ်ပါ။ ဒီသီချင်းကို American song writers တွေဖြစ်တဲ့ Bill Danoff နဲ့ ဇနီး ဖြစ်သူ Taffy Nivert တို့က စတင်ရေးသားခဲ့တာပါ။ အစောဦးပိုင်းမှာကတော့ ဒီသီချင်းကို American country rocker တစ်ယောက်ဖြစ်တဲ့ Johnny Cash အတွက်ဆိုပြီးရေးခဲ့ကြပေမဲ့ John Denver နဲ့တွေ့အပြီးမှာသူနဲ့ပိုလိုက်ဖက်တာကြောင့်ရယ်၊ Denver ကလဲသဘောကျတာကြောင့် ဒီသီချင်းကိုအပြီးသတ်ဖို့နဲ့ သူ့ရဲ့ Album သစ်မှာထည့်သွင်းဖို့သဘောတူခဲ့ကြပါတယ်။

ဒီသီချင်းရဲ့ Lyric တချို့မှာ -

“Almost heaven, West Virginia….Blueish mountains, Shenandoah river”

“West Virginia, Mountain mama” ဆိုပြီး West Virginia ကိုခဏခဏထည့်ဆိုတာတွေ့ရမှာပါ။

ဒီသီချင်းထွက် ပြီးတဲ့အချိန်မှာလဲ သီချင်းနဲ့အတူ West Virginia ပြည်နယ်ကအတော်လေး စိတ်ဝင်စားမှုခံခဲ့ရပါတယ်။ ဒါပေမဲ့ထူးဆန်းတာတစ်ခုက West Virginia က John Denver ရဲ့ Hometown မဟုတ်သလို၊ ဒီသီချင်းကိုစရေးခဲ့တဲ့ Bill Danoff တို့ဇနီးမောင်နှံကလဲ Virginia ပြည်ကိုတစ်ခါမှမရောက်ဖူးပါဘူးတဲ့။

ဖြစ်စဥ်က - 1970 အကုန်လောက်မှာ Bill တို့ couple ကမိသားစုနဲ့ New Year မှာပြန်လည်တွေ့ဆုံဖို့ Maryland, Montgomery ကောင်တီတစ်လျှောက်မှာရှိတဲ့ Clopper လမ်းမကြီးကနေမောင်းနှင်လာခဲ့ပါတယ်။ အဲ့အချိန်မှာ လမ်းမကြီးကိုဆန်ပြီးတိုက်ခတ်လာတဲ့လေညှင်းရယ် ၊ ခပ်လှမ်းလှမ်းကတောင်တန်းပြာကြီးရယ် တွေကြောင့် ဒီသီချင်းကိုဖန်တီးဖို့ စိတ်ကူးရခဲ့ပါတယ်။ ဒါပေမဲ့သူတို့ဖြတ်ခဲ့တဲ့ Maryland က Syllables အရ သီချင်းရဲ့ Rhyme နဲ့မညီတာကြောင့် Massachusetts(မက်ဆာချုဆက်) နဲ့ပြောင်းဆို ကြည့်တော့လဲအဆင်မပြေပြန်ပါဘူး။ West Virginia နဲ့ညည်းကြည့်တဲ့အချိန်မှာတော့ Rhyme နဲ့အံကိုက်ဖြစ်နေတဲ့အတွက်ထည့်သွင်းရေးခဲ့ပါတယ်။

ဒီသီချင်းအောင်မြင်သွားတဲ့အချိန်မှာလဲ Bill Danoff က သူထင်ခဲ့တာက West Virginia မှာလဲဒီလိုမျိုး Mountain State တွေရှိမယ်ထင်ခဲ့တာပါတဲ့။ တကယ်လဲ West Virginia မှာ Mountain State တွေရှိပြီးတော့ တကယ်လဲလှပါတယ်။ အဲ့ဒီနောက်မှာ John Denver နဲ့ Jorgetown မှာရှိတဲ့ Cellar Door လို့ခေါ်တဲ့ club မှာတွေ့ကြပြီးတော့ ဒီသီချင်းကိုအပြီးသတ်ခဲ့ကြပါတယ်။ ထွက်ပြီးတဲ့အချိန်မှာ ဒီသီချင်းက Chart အတော်များများမှာလဲထိပ်ဆုံးက နေရာယူနိုင်ခဲ့သလို၊ A Million Copies Certification တွေ ၊ Nominees တွေ ၊ Top Trending Awards တွေပါရရှိခဲ့ပါတယ် 🎉

Country Roads တွေကိုဖြတ်ပြီဆိုရင် ဒီသီချင်းရဲ့ Chorus ကိုမညည်းဘဲမနေနိုင်ရလောက်အောင်ကို Iconic ဖြစ်ခဲ့တာပါ။ 1972 မှာတော့ West Virginia ပြည်နယ်မှာဒီသီချင်းကို Pre-football Game Anthem အဖြစ်သတ်မှတ်လိုက်ပါတယ်။ 2014 ရောက်တဲ့အချိန်မှာ West Virginia ရဲ့ Official State Anthem အဖြစ်ပါသတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ပြောရမယ်ဆိုရင် ‘Country Roads’ သီချင်းဟာ West Virginians တွေအတွက်သီချင်းတစ်ပုဒ်ထက်ကိုပိုတယ်လို့ပြောရမှာပါ။ John Denver အတွက်လည်းသူ့ရဲ့ Music Career ကို Level တစ်ခုထိရောက်အောင်ပို့ပေးခဲ့တယ်ဆိုလည်းမမှားပါဘူး။

အနှစ်ငါးဆယ်ကြာပြီး ယနေ့အချိန်ထိကိုလူတိုင်းရဲ့ပါးစပ်ဖျားမှာ တင်ကျန်နေခဲ့တဲ့ Country Song လေးတစ်ပုဒ်ဖြစ်တာမို့ ခဏလောက်ဖြစ်ဖြစ်နားထောင်ရင်း စိတ်အမောတွေဖြေလျှော့ကြတာပေါ့။ ရာသီဥတုလည်းအေးလာပြီဆိုတော့ အားလုံးလည်း နွေးနွေးထွေးထွေးနေကြဖို့မမေ့ပါနဲ့နော် 💛

Have a nice weekend ✨


Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!