ကိုယ်သင်ထားတဲ့ အတတ်ပညာ တစ်ခုခု အသုံးမပြုဘဲ အလကားဖြစ်နေတယ်လို့ ခံစားနေရရင် ဒီစာလေး ဖတ်ပေးပါ။

Details

Hello TYTimers…!🌚
ကျွန်တော်တို့တွေ ကျောင်းစာနဲ့မဆိုင်တဲ့ အတတ်ပညာတွေ၊ အသိပညာတွေ ဒီလိုအချိန်မှာ သင်ကြားနေကြမယ် လို့ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ခေါင်းထဲမှာ ဒါကို လိုက်ဖျက်နေတဲ့ Devil တစ်ကောင် ရှိပါတယ်။ အဲ့ကတော့ ‘ငါတို့ ဒါတွေ သင်ပြီး ပြန်မသုံးဖြစ်ရင် အလကားဖြစ်သွားမှာပေါ့’ဆိုတဲ့ ကျွန်တော်တို့ရဲ့ စိတ်ပါ။ အဲ့တာဆိုရင် ဒီ Devil ကို ဘယ်လိုအနိုင်ယူကြမလဲ၊ ဒီ Devil ပြောတာက မှန်နေရင်ရော်။ စတဲ့ သို့လော၊သို့လော မေးခွန်းတွေ ရှိလာပါတယ်။😈

Apple ကို စတင်ခဲ့တဲ့ Steve Jobs က Stanford University 2005 Graduation Ceremony မှာ ပြောခဲ့တာလေး တစ်ခုရှိပါတယ်။ သူပြောတဲ့ အကြောင်းအရာရဲ့ ခေါင်းစဉ်ကတော့ Connecting the Dots ပါ။ Steve Jobs ဟာ အားလုံးသိတဲ့အတိုင်း Technician တစ်ယောက်ပါ။ ဒါပေမယ့် သူက College Dropout တစ်ယောက်ဆိုတာလည်း အားလုံးသိမယ်ထင်ပါတယ်။ သူ Dropout မဖြစ်ခင်မှာ Calligraphy Class ကို တက်ခဲ့ဖူးပါတယ်။ Calligraphy ဆိုတာ စကားလုံးအလှလေးတွေကို လက်နဲ့ ဆွဲပြီး ရေးရတဲ့ ပညာရပ်ပါ။ Steve Jobs လို Technician တစ်ယောက်က ဒီ Class ကို ယူပြီး နောင်တစ်ချိန်ကျရင် အချိန်ဖြုန်းခဲ့တယ်ဆိုပြီး နောင်တရလိမ့်မယ်လို့ ကျွန်တော်တို့ထင်ကြပါလိမ့်မယ်။ ဒါပေမယ့် သူက Calligraphy Class ကို ယူခဲ့တာဟာ One of the Best Things Happened in My Life လို့ ပြောခဲ့ပါတယ်။ ဘာလို့ပါလဲ။ သူ Macintosh ကို စ Develop လုပ်တဲ့အချိန်မှာ Calligraphy Class မှာ သင်ကြားခဲ့တာတွေက ပြန်အသုံးဝင်လာပါတယ်။ စကားလုံးတစ်ခုနဲ့ တစ်ခုကြားမှာ ဘယ်လောက် အကွာအဝေးခြားမယ်၊ ဘယ်လောက် ထောင့်နဲ့ ရေးမယ်ဆိုတာတွေ စတာတွေနဲ့ Typography လှလှပပလေး လုပ်နိုင်ခဲ့ပါတယ်။ သူနဲ့ ဘာမှ မဆိုင်လောက်ဘူးလို့ ထင်ရတဲ့ အတတ်ပညာတစ်ခုကတောင် သူ့အတွက် ပြန်အကျိုးဖြစ်ထွန်းခဲ့ပါတယ်။

နောက်အခါမှာ ဘာဆက်ဖြစ်မယ်ဆိုတာရယ်၊ ဘာက ကိုယ့်ကို ပြန််အကျိုးပြုမယ်ဆိုတာတွေ ကျွန်တော်တို့ မသိနိုင်ပါဘူး။ ခရီးရဲ့ အစမှာတော့ ဒီလေ့လာသင်ယူနေတယ်ဆိုတာတွေက အဆက်အစပ်မရှိတဲ့ Dots လေးတွေ ဖြစ်နေပါလိမ့်မယ်။ ဒီ Dots လေးတွေရဲ့ ဆက််စပ်မှုကို ခရီးအဆုံးရောက်လို့ ပြန်လှည့်ကြည့်မှပဲ မြင်ရမှာပါ။ အဲ့တာကြောင့် ဖြစ်လာမယ့် အနာဂတ်အတါက် လုပ်ရတာ တန်တာတွေ၊ မတန်တာတွေ စဉ်းစားနေရင်တော့ အချိန်ကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။ ကျွန်တော်တို့ လုပ်နိုင်တာကတော့ ပစ္စုပ္ပန်မှာ လုပ်နေတဲ့ အလုပ်ကို အကောင်းမွန်ဆုံး တတ်မြောက်အောင် သင်ယူတာပဲ ဖြစ်ပါတယ်ခင်ဗျာ။🙆🏻‍♂️🙆🏻‍♂️

TYTimer တွေလည်း အစစအရာရာ ဂရုစိုက်ပြီး ရှေ့ဆက်လျှောက်ရန် စိတ်အားတင်းထားဖို့ ပြောရင်း ဒီစာလေးကို အဆုံးသတ်လိုက်ပါတယ်ခင်ဗျာ။🙆🏻‍♂️

#harry
#connectingthedots
#takeyourtime


Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!