ကိုယ့်ရဲ့အနီးဆုံးရန်သူဖြစ်တဲ့ Bad Habitsတွေကို ဘယ်လိုလျှော့ချကြမလဲ❓
🔹အနီးဆုံးရန်သူဆိုတာကတော့ ကျွန်တော်တို့နှင့်အတူနေ့စဉ်ရှိနေတတ်တဲ့ ကိုယ်ကိုယ်တိုင် သတိမထားမိတတ်တဲ့ bad habits (မကောင်းတဲ့အလေ့အကျင့်)တွေပဲဖြစ်ပါတယ်။
အလေ့အကျင့်တစ်ခုဆိုတာ သူ့အတွက် သီးသန့်အချိန်ပေးပြီးလုပ်နေတာမျိုးမဟုတ်ဘဲ သူ့အလိုလိုနေ့စဉ်ပုံမှန် မလုပ်ဘဲမနေနိုင်လောက်အောင်ထိ လုပ်နေတဲ့ကိစ္စတွေကိုခေါ်ပါတယ်။အားလုံးလည်းသိကြတဲ့အတိုင်း habitတွေဆိုတာ လုပ်ယူဖို့လည်းခက်ခဲသလို ဖျောက်ဖျက်ဖို့လည်း အတော်လေးခက်တဲ့ အရာတစ်ခုပါ။
အဲ့လိုကိုယ့်ရဲ့နေ့စဉ်ပုံမှန်လုပ်နေတဲ့ အလေ့အကျင့်သေးသေးလေးတွေကြောင့်ပဲ ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက် ဘဝမှာအောင်မြင်မှု၊ပျော်ရွှင်မှုတွေ ပြောင်းလဲသွားကြတာပါပဲ။
🔹ခုကာလဆိုရင် ကျွန်တော်တို့လူငယ်တွေဆို အားနေကြတာများတာဆိုတော့-
•မနက်မိုးလင်းလို့ အိပ်ရာထပြီဆိုတာနဲ့ ဖုန်းကိုင် New feedကြည့်ေနရင်း အချိန် ၁ နာရီခွဲ၊၂နာရီလောက်က အသာလေးကုန်သွားမှန်းမသိပဲ ကုန်သွားတာမျိုး
•တစ်ခုခုဆို အချိန်ဆွဲတတ်တာမျိုး
•အိပ်ချိန်၊စားသောက်ချိန် မမှန်တာမျိုး..စသဖြင့် ကျွန်တော်တို့ကိုယ်တိုင်သတိမထားမိတဲ့ ပုံမှန်အလေ့အကျင့်ဆိုးတွေအများကြီးပါပဲ။
ဥပမာဆိုပါစို့ -တစ်နေ့ကို စီးကရက်မသောက်နိုင်ဘဲမနေနိုင်အောင် အလေ့အကျင့်စွဲနေတဲ့လူငယ်တစ်ယောက်က အစပိုင်းတော့ ဘာမှသိသာလာမှာ မဟုတ်ပါဘူး၊ဒါပေမဲ့ နောက်နှစ်တွေကြာလာရင်တော့ အဲ့လူငယ်လေးရဲ့ အဆုတ်တစ်ခုခုထိခိုက်နေမှာတော့အသေအချာပါပဲ…။ကျွန်တော်ဥပမာပြောထားတာကိုကြည့်မယ်ဆိုရင် ဘာမှမဖြစ်ဘူးလို့ထင်မဲ့အရာသေးသေးတစ်ခုက နောင်တစ်ချိန်ကျအကျိုး သက်ရောက်လာနိုင်တယ်ဆိုတာကို မြင်ကြမယ်ထင်ပါတယ်။
အဲ့တော့ ကိုယ့်ရဲ့အနီးဆုံးရန်သူ Bad Habitsတွေအကြောင်း အရင်ကသတိမထားခဲ့မိဘူးဆိုရင်တောင် ဒီစာကိုဖတ်ပြီးတာနဲ့ ကိုယ့်ရဲ့နေ့စဉ်routineကို ပြန်ဆန်းစစ်ကြည့်စေချင်ပါတယ်..
🔎ဘယ်လိုဆန်းစစ်ကြမလဲ ??
-ကိုယ်မိုးလင်းအိပ်ရာနိုးတဲ့အချိန်ကနေ အိပ်ရာဝင်တဲ့အချိန်အထိ ပုံမှန်လုပ်နေကြအလုပ်တွေကို တစ်ခုချင်းစီ listထုတ်ကြည့်ပါ။
-အဲ့ထဲကမှ လူတိုင်းပုံမှန်လုပ်နေကြ မျက်နှာသစ်တာ ၊ရေချိုးတာ...တွေကလွဲရင် သူများတွေနဲ့မတူဘဲလုပ်ဖြစ်နေတာမျိုးကို ပြန်ခွဲထုတ်ပါ(ဥပမာ- မနက်အိပ်ရာနိုးနိုးချင်း fbဖွင့်ပြီး အချိန်ကုန်နေတာမျိုး၊နေ့စဉ် အခန်းရှင်းတတ်တာမျိုး)
🔹ဒါပေမဲ့ ကျွန်တော် Bad Habitsတွေအကြောင်းပြောလို့ ကိုယ့်ကိုယ်ကို မကောင်းတဲ့အကျင့်တွေပဲခွဲထုတ်ပြီး စိတ်ညစ်မနေပါနဲ့အုံး။ကျွန်တော်တို့မှာလည်း ကောင်းတဲ့အလေ့အကျင့်လေးတွေရှိပါတယ်(ကောင်းတဲ့အလေ့အကျင့်လေးတွေကလည်း တစ်ချိန်ကျ ကောင်းကျိုးပေးလာနိုင်တယ်ဆိုတာ ကျွန်တော်အထူးပြောနေစရာမလိုလောက်တော့ပါဘူး။ English vocabularyတစ်နေ့ 5လုံးလောက်ပုံမှန်လေ့လာနေတဲ့သူက တစ်လေလာက်ကျ vocabularyတွေအရင်ကထက် ပိုသိလာတာမျိုးပေါ့)
ဆိုတော့ အလေ့အကျင့်တစ်ခုဆိုတာ ကောင်းတာတွေချည်းပဲဖြစ်နေမယ်ဆို ပိုကောင်းတာပေါ့။ဒါကြောင့် Bad habitsတွေက ဖျောက်ဖျက်ဖို့ခက်ခဲတဲ့အရာမှန်းသိပေမဲ့လည်း အချိန်ပိုကြာလာလေလေ ဖျောက်ဖျက်ဖို့ခက်လေဖြစ်လာမှာဖြစ်ပြီး ကိုယ့်အတွက် ဆိုးကျိုးဖြစ်လာနိုင်တာမို့ ခုချိန်ကစပြီး သေချာဆန်းစစ်ပြီး breakလုပ်ကြည့်ကြစေချင်ပါတယ်💪
အဲ့ဆို ကိုယ်ရဲ့routine listကိုစစ်ပြီးပြီဆိုရင် Bad Habitsတွေကို ဘယ်လိုလျှော့ချကြမလဲ❓
🔹Bad habitsတွေအစပျိုးမဲ့ ပစ္စည်းတွေ၊နေရာတွေကနေ ရှောင်ရှားကြည့်ပါ။(ဥပမာ-social mediaပေါ်မှာအချိန်ဆွဲတတ်တဲ့သူဆိုရင် ဖုန်းကို ကိုယ်မမြင်တဲ့နေရာမှာ ထားကြည့်တာမျိုးပေါ့..)
🔹Bad habitsနေရာမှာ အခြားတစ်ခုခုကို ပြောင်းလုပ်ကြည့်ပါ။( ဥပမာ-ဖုန်းသုံးနေကြ အချိန်၁နာရီလောက်မှာ စာအုပ်ဖတ်တာဖြစ်ဖြစ်၊သီချင်းနားထောင်တာဖြစ်ဖြစ် လုပ်ကြည့်တာမျိုး...)
🔹အဲ့လို ၂၁ရက်ဆက်တိုက်ထိန်းနိုင်အောင် ကြိုးစားလေ့ကျင့်ကြည့်ပါ။အလေ့အကျင့်တစ်ခုက ၂၁ရက်လောက်သာ ဆက်တိုက်လုပ်မယ်ဆိုရင် ကိုယ့်အတွက်ပုံမှန်အလေ့အကျင့်ဖြစ်ဖို့မခက်ခဲတော့ပါဘူး။
🔹နောက်ဆုံးအချက်ကတော့ ကိုယ်တဖြည်းဖြည်း Bad Habitsတွေကို လျှော့ချနိုင်ခဲ့တဲ့အပေါ် ကိုယ့်ကိုယ်ကို ကျေးဇူးတင်ပေးဖို့ မမေ့ဖို့ပါပဲ။
တစ်ယောက်တည်းဆို ဖြတ်ဖို့ခက်ခဲတယ်ဆိုရင် သူငယ်ချင်းတွေ၊မိသားစုဝင်တွေနဲ့ Challengeလုပ်ကြည့်ပါ✌️
သီချင်းထဲက " အနီးဆုံးရန်သူကို မကြွေတာကောင်းပါတယ်"ဆိုသလို ကျွန်တော်တို့တွေရဲ့bad habits(မကောင်းတဲ့ အကျင့်ဆိုး)တွေကိုလည်း မကြွေမိအောင်နေတာ အကောင်းဆုံးပါဗျာ☺️
TYTimersတို့တွေအနေနဲ့လည်း ကိုယ့်မှာအနီးဆုံးရန်သူ(bad habits)တွေရှိနေလား?
ဘယ်လိုနည်းလမ်းမျိုးတွေနဲ့ ပြင်ရင် ပိုကောင်းနိုင်မလဲ တွေးမိတယ်ဆိုရင် တခြားသူတွေလည်း တူတူလိုက်လုပ်လို့ရအောင် cmtsမှာ
အကြံပေးမျှဝေပေးသွားကြပါအုံး🙋
မနက်ဖြန်ဆိုတာ မသေချာတော့တဲ့လောကကြီးမှာ ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက်တတ်နိုင်သမျှ ကူညီရိုင်းပင်းကြရင်း ပိုကောင်းတဲ့ကမ္ဘာတစ်ခု တည်ဆောက်ကြရအောင်🙆♂️
Let's break our bad habits together🙅
ပျော်ရွှင်စရာ တပေါင်းလပြည့်နေ့လေးဖြစ်ပါစေခင်ဗျာ✨💛
#austle
#breakthebadhabits
#takeyourtimemyanmar
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments