Let's Get Out Of The Comfort Zone

Details

Hello TYTimersတို့ရေ👋,
အခုဆိုရင်တော့အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Self Improvement Dayကိုရောက်ရှိလာပါပြီ။ဒီနေ့မှာပြောချင်တဲ့Topicကတော့"Let's get out of the comfort zone"ဘဲဖြစ်ပါတယ်။
🛑Comfort zoneဆိုတာဘာလဲ
Comfort zoneဆိုတာ ကျနော်တို့ပတ်၀န်းကျင်မှာဖြစ်ပေါ်နေတဲ့ကိစ္စတွေဟာကျနော်တို့အတွက်စိတ်ဖိစီးမှုမရှိဘဲ၊ကိုယ့်ကိုစိန်ခေါ်နေတဲ့အခက်အခဲတိုင်းဟာလည်းလုပ်ဖူးနေကြမြင်ဖူးနေကြဖြစ်လို့လွယ်ကူနေပြီးသက်တောင့်သက်သာဖြစ်တဲ့နေရာကိုဆိုလိုပါတယ်
🛑Comfort zoneမှာ‌ေရာက်နေတာဘယ်လိုသိနိုင်မလဲ
ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေလျော့ကျလာတာ(ဒါမှမဟုတ်)အတွေ့အကြုံသစ်တွေ၊အခွင့်အလမ်းအသစ်တွေ ထပ်မံမကြုံရတော့တာမျိုးတွေ၊တူညီတဲ့အရာကိုထပ်ခါတလဲလဲ၏လုပ်နေတဲ့အခါဘ၀ကိုငြီးငွေ့လာတာမျိုးတွေဖြစ်တတ်ကြပါတယ်။
အဲ့လိုမျိုးတွေခံစားနေရပြီဆိုရင် သေချာပါတယ်ကျနော်တို့ Comfort zone မှာပိတ်မိနေပါပြီ။
🛑Comfort zoneကနေဘယ်လိုရုန်းထွက်မလဲ
Comfort zoneဟာကျနော်တို့အတွက်stressနည်းတဲ့နေရာ၊သက်သာခိုလို့ရတဲ့နေရာဆိုပေမယ့် အချိန်ကြာကြီးနေမိပြီဆိုရင်ကျနော်တို့ရဲ့ potentialတွေ၊လုပ်နိုင်စွမ်းတွေဟာမှေးမှိန်လာတတ်ပါတယ်။အဲ့ဒါတွေဟာဆိုရင် ဒါဟာကျနော်တို့ကို Comfort zone ကနေရုံးထွက်ဖို့အချက်ပြနေတာဘဲဖြစ်ပါတယ်။ အဲ့လိုမျိုးဖြစ်လာပြီဆိုရင်
၁။ ကိုယ့်ကိုယ်ကိုစိန်ခေါ်ကြည့်ပါ
ကျနော်တို့အနေနဲ့မိမိတို့နေ့စဉ်လုပ်နေကြအရာတွေထဲကမှ ကိုယ့်ကိုယ်သေးငယ်တဲ့စိန်ခေါ်မှုတွေနဲ့စပြီးစိန်ခေါ်ကြည့်ပါ။ ဉပမာ-ကျနော်တို့ဖုန်းကြည့်တဲ့အချိန်ကို တစ်ပတ်ကိုတစ်နာရီလျော့တာဖြစ်ဖြစ်၊ မိမိအတွက်အကျိုးရှိစေမယ့် Lifelong skill
တွေလေ့လာတာမျိူးဖြစ်ဖြစ်၊ စာအတိုအလေးရေးတာ ဒါမှမဟုတ် ကဗျာရေးတာဖြစ်ဖြစ် စသည်ဖြင့်သေးငယ်တဲ့အရာတွေနဲ့မိမိရဲ့လုပ်နိုင်စွမ်းတွေကိုစိန်ခေါ်ကြည့်ပါ။
၂။ မိမိရဲ့ယုံကြည်မှုကိုပြန်ဆန်းစစ်ခြင်း
ဘယ်ကိစ္စမဆို မတူညီတဲ့ရှုထောင့်တွေရှိစမြဲပါ။ဉပမာ-စာအုပ်တစ်အုပ်ဖတ်တဲ့အခါမှာဖြစ်ဖြစ်၊ဇာတ်ကားကြည့်တဲ့အခါဖြစ်ဖြစ် မိမိစဉ်းစားထားတဲ့အတွေးကဘဲအမှန်ဆိုတာကို လျော့ချပြီးတော့တခြားသူတွေရဲ့အတွေးအမြင်ကို လက်သင့်ခံနိုင်အောင်ကြိုးစားသင့်
ပါတယ်။ အဲ့လိုအစားထိုးအမြင်တွေကိုစူးစမ်းကြည့်တဲ့အခါ အစပိုင်းမှာစိတ်မသက်မသာဖြစ်နိုင်ပေမယ့် အဲ့လိုစဉ်းစားခြင်းကမိမိစိတ်ထဲမှာအမြစ်တွယ်နေသောယုံကြည်ချက်တွေကို စိန်ခေါ်ခြင်းဖြင့် စာနာစိတ်နှင့် ထိုးထွင်းသိမြင်မှုကို ရရှိစေနိုင်ပါတယ်။
၃။ မိမိရဲ့အကြောက်တရားကိုရင်ဆိုင်ခြင်း
ကျနော်တို့လူသားတိုင်းဆီမှာ အကြောက်တရားကိုယ်စီရှိကြပါတယ်။အဲ့လိုအကြောက်တရားတွေနဲ့ရင်ဆိုင်ရတဲ့အခါ နောက်ဆုတ်မနေဘဲရဲရဲကြီးပြေးတွေ့လိုက်ပါ။ ကျနော်တို့အပေါ်အကြောက်တရားကိုအနိုင်ယူချင်တယ်ဆိုရင် အဲ့ဒီအကြောက်တရားကိုကျော်ပြီးရင်ဖြစ်လာမယ့်အကောင်းဆုံးအရာပေါ်မှာ အာရုံစိုက်လိုက်ပါ။ သင်ကြောက်နေတဲ့ဖြစ်ပေါ်လာနိုင်တဲ့ အဆိုးဆုံးအရာတွေက ဒီလောက်ဆိုးတာ မဟုတ်ဘူးဆိုတာ လက်ခံပါ။
လူ့ဘ၀မှာစိတ်ညစ်စရာတွေ အခက်အခဲတေွဆိုတာကြုံရတတ်ပါတယ်။ဒါပေမယ့်အဲ့လိုအရာတွေကိုကြောက်ပြီး Comfort zoneထဲမှာဘဲအချိန်ပြည့်နေမယ်ဆိုရင်အပြင်ဘ၀မှာကျနော်တို့ကိုစောင့်ကြိုနေတဲ့စိတ်လှုပ်ရှားဖွယ်ရာအခိုက်အတန့်တွေ၊ကြုံတောင့်ကြုံခဲအခွင့်အရေးတွေကိုလက်လွှတ်ဆုံးရှုံးရမှာပါ။ ဒါ့ကြောင့်TYTimersတွေအနေနဲ့Comfort zoneကနေအမြန်ဆုံးရုံးထွက်ပြီးကျနော်တို့ကိုစောင့်ကြိုနေတဲ့အရာတွေကိုရဲရဲ၀ံ့၀ံ့ရင်ဆိုင်လိုက်ပါလို့တိုက်တွန်းရင်းနှုတ်ဆက်လိုက်ပါတယ်။✊
#takeyourtimemyanmar#Selfimprovementday#Day12


Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!