Lifestyle Accommodation In Thailand

Details

ထိုင်းမှာအခန်းဘယ်လိုရှာမလဲ ❓
TYTimers တို့ရေ ပညာသင်တာတာ ကျောင်းလာတက်တာဟာ University ကောင်းရုံနဲ့ ဘ၀ကြီးက လေထဲလွင့်နေတာမဟုတ်ပါဘူးနော် 💁‍♂️
နေရာထိုင်ခင်း
Infrastructure လို့ခေါ်တဲ့ အခြေခံအဆောက်အအုံ
Basic Need တွေဖြစ်တဲ့ Electric, Water, WIFI စတဲ့ Utilities တွေလည်း supportive ဖြစ်မှသာ ရှေ့ရေးအတွက်အဆင်ပြေမှာကိုတော့အထူးတလည်ရှင်းပြမနေတော့ပါဘူး။
ကျောင်းလာမတက်ခင် Thailand မှာ
✅ Apartment
✅ Condo
✅ Dormitory တွေဘယ်လိုရှာမလဲ ဆိုတာလေးကို ဒီနေ့ပြောပြပေးသွားမှာပါ 👀
ကျောင်းလာတက်မယ့်ကျောင်းသားတွေဦးစားပေးရွေးသင့်တာကတော့ ကျောင်းတဲ့နီးတဲ့ Location တစ်ဝိုက်မှာပဲနေထိုင်ဖို့အကြံပြုလိုပါတယ်။ ကျောင်းနဲ့ Walking Distance ကအဆင်ပြေဆုံးဖြစ်သလို၊ Transportation Cost လည်းအတန်သင့်လျှော့ချနိုင်ပြီး အချိန်လည်း save ဖြစ်သွားနိုင်ပါတယ်။
Students တွေရွေးချယ်နိုင်တဲ့ Accommodation အမျိုးအစားတွေကအနေနဲ့ University Dormitory, Private Apartments, Condo ဆိုပြီးခွဲခြားနိုင်ပြီး၊ Reliable ဖြစ်တဲ့ Real Estate Website တချို့ကတော့ -
1) https://www.renthub.in.th/en
ကိုယ်ရှာချင်တဲ့ Location Zone အလိုက်ရိုက်ပြီးရှာလိုက်တာနဲ့ Listed Apartment, Condo ‌တွေကျလာပြီး Price, Facilities, Contact Number တို့အပြင်၊ Google Map Location ကအစပါပြီးဖြစ်လို့ Admin သဘောအကျဆုံး Website ပါ။ ကိုယ်ရဲ့ တတ်နိုင်တဲ့ Budget အလိုက်/ Location အလိုက်လည်း အခန်းတွေကို Filter လုပ်နိုင်လို့ရှာလို့ရဖို့အတော်လေးအဆင်ပြေပါတယ်ခင်ဗျ✌️
2) https://www.thailand-property.com/
Foreigner တွေကို Main Target ထားတဲ့ Website တစ်ခုဖြစ်တာကြောင့် Language ပိုင်းမှာအတော်လေးအဆင်ပြေပြီး Apartment /Condo မှစလို့ Townhouse / Warehouse အဆုံး ရှာလို့လွယ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ Listing အများစုကနည်းနည်းစျေးကြီးပြီးအားသာချက်ကတော့ Agent အများစုက English လိုပြောဆိုနိုင်တာပဲဖြစ်ပါတယ်
3. https://www.ddproperty.com/en
DD မှာ Reasonable ဖြစ်တဲ့ အခန်းတွေကို ဌား/ရောင်း ကြိုက်သလိုရှာလို့ရပါတယ် ရသလို၊ New Real Estate Projects အသစ်တွေလည်း အမြည်းအနေနဲ့တင်ပေးလေ့ရှိပြီး Buyer Guide တွေလိုမျိုး Training Session တွေပေးတတ်ပါတယ်။ Website ရဲ့ Layout အရသိပ်ပြီး User Interface ကအဆင်ပြေလွန်းတယ်မဟုတ်ပေမဲ့ Thai Real Estate ကိုစိတ်၀င်စားသူ Invest လုပ်ချင်တဲ့ Entrepreneur အနေနဲ့၊ Spare ထားပြီး ၀င်လေ့လာသင့်တဲ့ site တစ်ခုမို့ Recommend ပေးပြရစေ 💁‍♂️
4. https://www.thaiapartment.com/
Private Apartments နဲ့ ကွန်ဒိုသီးသန့် ဌားချင်တဲ့သူတွေအတွက်သင့်လျှော်ပြီး သူ့အားသာချက်ကတော့ Picture အများစုတင်ပေးထားတာအပြင် အနီးအနားမှာရှိတဲ့အရာတွေကအစအသေးစိတ် English လိုဖော်ပြပေးထားလို့ အတော်လေးအဆင်ပြေပါတယ်ခင်ဗျ။
💁🏻‍♂️ Property တွေရဲ့ Contact Phone တင်မကဘဲ Email/ Line တွေလည်းဖော်ပြပေးထားမို့ ဌားရမ်းသူအနေနဲ့ အဆင်ပြေတဲ့ channel ကနေဆက်သွယ်လို့ရပါတယ်။
5. https://www.fazwaz.com/
ထိုင်းနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ Condo, Houses တွေကို Special Features အလိုက် Example : Sea View, Jacuzzi စသဖြင့်ကိုယ်လိုချင်တဲ့ special request အလိုက် Filter လုပ်ပြီးရှာနိုင်တဲ့ property site ဖြစ်ပါတယ်။
Property တစ်ခုကိုမတူညီတဲ့အခန်းပေါင်းများစွာက အိမ်ရှင်တွေရဲ့ Listed တွေကိုတစ်စုတစ်စည်းတည်းပြပေးတာကြောင့်အတော်လေး ရွေးချယ်စရာလည်းများပါတယ်ခင်ဗျာ 🙆‍♂️
6. https://www.hongpak.in.th/
ထိုင်းစကားတတ်တဲ့သူတွေအတွက်တော့ Local Cheap Price Rooms တွေရှာချင်ရင် hongpak ကအသင့်တော်ဆုံးပါခင်ဗျာ သူကတော့ထိုင်းလိုဘဲ ရေးသားထားတာကြောင့် Translate Page လုပ်ပြီး တချို့အခန်းတွေကြည့်နိုင်ပေမယ့် 〰️ Owner အများစုက Thai လူမျိုးသို့မဟုတ်ထိုင်းလိုပြောတတ်မှသာဌားပေးတာမို့ ယခုမှထိုင်းလာနေမယ့်သူတွေကို Recommend မပေးပါဘူးခင်ဗျာ။ 💁🏻‍♂️ but စျေး ၁ ထောင်ကနေစတဲ့အခန်းတွေကအစရှိပြီး Accommodation အတွက် budget အများကြီးမသုံးချင်တဲ့သူတွေ ၀င်လေ့လာကြည့်သင့်ပါတယ်။
Short Term Rental သမားများအတွက် ၀င်လေ့လာသင့်တဲ့ Facebook Groups များ -
🔎Bangkok Take over my lease .Short Term Rentals : https://www.facebook.com/groups/459223944607263
🔎Bangkok - Lease Takeover-Short term Rentals-Pet Friendly-Space sharing :
https://www.facebook.com/groups/toml.str.ss.bangkok
🔎BANGKOK SHARE A ROOM TAKE OVER LEASE SUBLEASE SUBLET SHORT TIME RENT CONDO :
https://www.facebook.com/groups/123437278054397
ထိုင်းမှာအခန်း/အိမ် ဌားမယ်ဆိုရင်သတိထားရမှာက -
💢 စျေးအရမ်းသက်သာတဲ့ Apartments ပိုင်ရှင်တွေက
ထိုင်းလူမျိုးတွေများပါတယ် တချို့က ဖုံးဆက်ပြီးမေးရင် English လိုပြန်မပြောနိုင်ကြပါဘူး။ အဲ့တော့ထိုင်းလိုပြောတတ်တဲ့သူကိုဖုံးဆက်ခိုင်းပြီးသိချင်တာတွေမေးမြန်းတာပိုသင့်တော်ပါတယ်။ နောက်ပြီးတချို့အဆောင်တွေက Foreigner ကိုဌားရင် 90 Days Report လုပ်ပေးရတာကြောင့်မထားဘူးလို့ငြင်းလွှတ်တဲ့ အဆောင်တွေလည်းရှိလို့သတိထားစေချင်ပါတယ် 💁‍♂️
💢 Local Apartment တွေဌားတဲ့အခါမှာဖြစ်နိုင်ရင် ထိုင်းလိုပြောတတ်တဲ့သူ တစ်ယောက်ခေါ်သွားပြီးစာချုပ်ချုပ်ပါ။ စာချုပ်ကိုလည်း English/Thai ဘာသာစကားနှစ်မျိုးလုံးနဲ့ရေးသားထားမှသာလက်မှတ်ထိုးပါခင်ဗျာ။
💢Utilities (Water/Electric) ကို Government Fees နဲ့ Charges လုပ်တဲ့ Apartment/Condo တွေရှိသလို၊ သူတို့သဘောကျသတ်မှတ်ပြီးတောင်းခံတဲ့ Apartment တွေလည်းရှိပါတယ်ခင်ဗျ။
"မဌားခင်သေချာမေးမြန်းသင့်ပါတယ်"
ကဲ အထွေအထူးရှင်းပြမနေတော့ပါဘူး။ 'ရောမ'ရောက်ရင် 'ရောမ' လိုကျင့်ဆိုတဲ့အတိုင်းဘဲ ထိုင်းလာမယ်ဆိုရင်တော့ ထိုင်းစကားအခြေခံလောက်တော့လေ့လာထားသင့်ပါတယ်နော် 💁‍♂️
TYT ကလည်းမကြာခင် ထိုင်းမှာကြီးပြင်းခဲ့တဲ့ဆရာကိုယ်တိုင်လာရောက်သင်ကြားပေးမယ့် Thai Language Basic Clas ကိုဖွင့်လှစ်သွားဖို့ရှိတာကြောင့် အောက်ပါလင့်ကနေတဆင့်စာရင်းပေးသွင်းထားနိုင်ပါတယ်ခင်ဗျ 🙆‍♂️✨
https://www.facebook.com/.../a.43245231.../2244185815734492/
Thai Lifestyle နဲ့ပတ်သတ်ပြီး တခြားသိချင်တာတွေရှိရင်လည်း Comment Session မှာမန့်ခဲ့ပေးနိုင်ပါတယ်?
မင်မင်သိသလောက်ပြန်လည်ဖြေကြားပေးသွားမယ်နော် 👀✨
See you in Bangkok soon.
#takeyourtimemyanmar
#OpportunitiesForYouth
#thailifestyle


Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!