Loan ယူပြီးကျောင်းတက်မယ် 🫢

Details

💁🏻‍♂️Timer တို့ရေ Loan ကို နားလည်အောင်ပြောမယ်ဆိုရင် ချေးငွေပါ။ ကျောင်းသားတွေ မေးလေ့ရှိတာက ထိုင်းမှာချေးငွေယူပြီးကျောင်းတက်လို့ရမလား ဆိုတာပါဘဲ။
❌ထိုင်းမှာ Foreigner ကို Bank / Government Organization တွေက Loan မထုတ်ပေးပါဘူး ❌
✅သူတို့ထိုင်းလူမျိုးတွေကိုသာထုတ်ပေးပါတယ်✅
Loan က ဖြစ်နိုင်တာတော့ ကိုယ့်မြန်မာပြည်ထဲက
ဘဏ်တွေထဲက ကျောင်းသားကို ချေးငွေထုတ်ချေးတာမျိုးပဲလုပ်လို့ရပါတယ် (India နိုင်ငံကဘဏ်အချို့
သူတို့နိုင်ငံသားကိုပညာရေးချေးငွေထုတ်ချေးတာမျိုး
လုပ်ကြပြီး UK, US စတဲ့နိုင်ငံတွေကို
ပညာသင်သွားကြပါတယ်)
မြန်မာပြည်ကဘဏ်တွေက‌ ယခုသူတို့တောင် အနိုင်နိုင်
ရပ်တည်နေကြတာမို့ ကိုယ့်အပ်ထားတဲ့ပိုက်ဆံပဲ
ပြန်ထုတ်နိုင်သာအောင်ကြိုးစားကြပါ 😅
💁🏻‍♂️ချေးငွေထုတ်ချေးပါတယ်ဆိုမှ
ပြန်လည်ပေးဆပ်နိုင်ကြောင်းခုံလုံတဲ့အထောက်အထားတွေတင်ပြဖို့လိုပါတယ်ခင်ဗျ။
သူများနိုင်ငံမှာ Guest အနေနဲ့‌ကျောင်းလာတက်တဲ့သူတွေကို သူတို့နိုင်ငံကဘဏ်တွေက Risk ယူပြီး
ချေးငွေမထုတ်ပေးပါဘူးခင်ဗျာ။
ပညာသင်ဆုတွေသာ အားထားပြီးလျှောက်ကြပါလို့
တိုက်တွန်းလိုက်ပါတယ်။
ကျွန်တော်တို့ TYT မှ
🇹🇭ထိုင်းနိုင်ငံမှာကျောင်းလာတက်ချင်တဲ့လူငယ်တွေကို အခမဲ့ကျောင်းလျှောက်ပေးနေပါပြီကြောင်း
သီတင်းကောင်းလည်းပါးပြရစေ။
အသေးစိတ်သိချင်ရင် CB မှာ ဟလို လိုက်ပါခင်ဗျာ 🙋🏻‍♂️
#loan
#takeyourtimemyanmar


Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!