Hello TYYimers တို့ရေ🙌
December ရဲ့ပထမဆုံးရက်တင် TYT ကနေပြီးသတင်းကောင်းတွေ တစ်ခုပြီးတစ်ခုယူလာပေးနေတယ်နော်😊
အခုတစ်ခေါက်မှာတော့ အားလုံးလဲသိပြီးသားဖြစ်မဲ့ Mahidol University🏛 ကနေပြီး Myanmar✅ ကျောင်းသားတွေအတွက် သီးသန့်ပေးနေတဲ့ CMB postgraduate scholarships လေးတွေအကြောင်း ပြောပြပေးသွားချင်ပါတယ်
💁 ဒီ scholarship လေးက မြန်မာကျောင်းသားတွေအတွက် သီးသန့်ပေးတာဆိုတော့ ရနိုင်ခြေလဲများပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာမှ ethnic minority area ကလာတဲ့သူတွေကို လျှောက်ဖို့ပိုပြီး encourage လုပ်ထားပါတယ်။ လျှောက်တာတော့ မြန်မာနိုင်ငံသားတိုင်း လျှောက်လို့ရပါတယ်နော်။✅
📖 Program တွေအနေနဲ့ကတော့ Health and Medicine related ဖြစ်တဲ့ course သုံးခုအတွက် funding ပေးနေတာဖြစ်ပါတယ်
🔸 Master of Public Health (15 months)
🔸 Master of Primary Health Care (1 year)
🔸 M.Sc. (Biomedical and Health Informatics) (2 years)
💸 Scholarship Coverage အနေနဲ့ကတော့ fully-funded ဖြစ်လို့ tuition fees, accomodation, living expense ကအစ လေယာဉ်စရိတ်အဆုံး MU ဘက်ကနေ ပေးအပ်သွားမှာပါ
🏆 Number of scholarships ကနေတော့ 5️⃣ awards per academic year ဖြစ်လို့ ဒီ round မလျှောက်ဖြသ်ခဲ့ရင်လဲ နောက်နှစ်တွေထပ်လျှောက်လို့ ရပါသေးတယ်။
Schedule အနေနဲ့ကတော့⌛
Nov 21 - Dec 31 ➡Application Period
Feb 2023 ➡Screening Selection for short-listed applicants
Feb 2023 ➡ Results of Screening
March 2023 ➡Announcement of Admission & Scholarship Result
😇Result ရပြီးတာနဲ့ March ထဲမှာဘဲ program စတတ်လို့ရမှာပါ။
လျှောက်ဖို့အတွက် General requirements👉
🔹Bachelor's degree (with discipline from medicine, vet, dentistry, or other health and science related)
🔹Evidence of work experience
🔹English proficiency (IELTS 5.0 minimum or other equivalent scores)
🔹Two reference letters
🔹Motivational letter(less than 1000 words)
🔹CV
စာရွက်စာတမ်းတွေအကုန်လုံးကို English လိုတင်ရမှာဖြစ်တာကြောင့် notary ကြိုပြန်ထားဖို့ Take Your Time - Online Notary Services ကို
ဆက်သွယ်လို့ရပါတယ်ခင်ဗျာ။
ကိုယ်က criteria နဲ့ကိုက်ညီခဲ့လို့ လျှောက်တော့မယ်ဆိုရင်တော့ ဒီ link လေးကိုသွားကြည့်ကြပါနော်။
📌
https://graduate.mahidol.ac.th/CMB-Mahidol.../apply.php
⚠Link ရဲ့ထိပ်ဆုံးမှာ instructions တွေပါတဲ့အပြင် ေအာက်မှာလဲ application form တစ်ခါထဲပါပြီးသားမို့ အရမ်းလွယ်ကူတဲ့ process လေးပါ။ လျှောက်ပုံကလဲ အပေါ်က link ထဲမှာရှိတဲ့ box လေးတွေထဲမှာ မေးထားတဲ့အချက်အလက်လေးတွေ ဖြည့်ပြီး submit လုပ်လိုက်ယုံဘဲနော်📧
မလျှောက်ခင် အသေးစိတ်လေးကိုတော့ အောက်က link လေးမှာ တစ်ချက်ဖတ်ကြည့်ကြပါလို့🙏
📌
https://graduate.mahidol.ac.th/CMB-Mahidol.../...
အားလုံးဘဲ ကံကောင်းကြပါစေ🍀
#takeyourtimemyanmar
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments