👋Hello Tyt Timersတို့ရေ, အခုဆိုရင်တော့ Take Your Timeရဲ့ အပတ်စဉ်တင်ဆက်နေကြ self improvement Day ကိုကျရောက်လာပြီဘဲဖြစ်ပါတယ်
🛑အခုဆိုရင်ကျွန်တော်တို့တိုင်းပြည်မှာမီးတွေပုံမှန်မရတဲ့အခါမှာ ကျွန်တော်တို့တွေအနေနဲ့ စာကြည့်တာဘဲဖြစ်ဖြစ် အလုပ်လုပ်တာဘဲဖြစ်ဖြစ် အနည်းနဲ့အများဆိုသလိုအဆင်မပြေဖြစ်တတ်ကြပါတယ် အဲ့တော့ကျွန်တော်တို့အနေနဲ့ အခုလိုကာလမှာအချိန်ကို အလဟာဿမဖြစ်ရအောင် အကျိုးရှိစွာလုပ်ဖို့ လိုအပ်လာပါပြီ။
🛑မီးဘယ်ချိန်ပျက်မလည်းဆိုတာ မှန်းဆလို့မရတဲ့အတွက် အရေးအကြောင်းဆိုသုံးစွဲဖို့အတွက် Laptop တွေ၊ Mobile Phone တွေကို entertainment အနေနဲ့သုံးစွဲတာကို အတတ်နိုင်ဆုံး လျော့ချဖို့လိုအပ်လာပါတယ်။ ကျွန်တော်တို့အနေနဲ့ Modern Technologyကိုအတတ်နိုင်ဆုံးလျော့ချပြီး အစားထိုးအနေနဲ့🌞နေအလင်းရောင် ရတဲ့ အချိန်စာအုပ်တစ်အုပ်ကို အေးဆေးထိုင်ဖတ်တာဖြစ်ဖြစ် အိမ်သန့်ရှင်းေရးကို ကိုယ်လက်လှုပ်ရှားတဲ့အနေနဲ့ဖြစ်ဖြစ်အချိန်တွေကို အကျိုးရှိစွာအသုံးချစေချင်ပါတယ်။🌑 ညဘက်မီးအလင်းရောင်မရတဲ့အခါမှာလည်း လူကြီးမိဘတွေရဲ့ဘ၀အတွေ့အကြုံတွေကို နားထောင်တာဖြစ်ဖြစ် မိသားစုတွေနဲ့စကားစမြည်ပြောတာဖြစ်ဖြစ် အချိန်ကိုကုန်ဆုံးစေတာဟာ ကျွန်တော်တို့အတွက်ကျိန်းသေ အကျိုးရှိစေမှာဖြစ်ပါတယ်။
🛑အဲ့တာကြောင့်ကျွန်တော်တို့အနေနဲ့ မီးပျက်တာကိုစိတ်ပျက်နေမယ့်အစား ကျွန်တော်တို့အတွက်အကျိုးရှိစေမယ့် တစ်ခုခုကို အစားထိုးလုပ်ကာ ဘ၀ကိုပျော်ပျော်နေလိုက်ပါ။ ကျွန်တော်တို့တွေဟာမျှော်လင့်ချက်တွေနဲ့အသက်ရှင်နေရတဲ့အလျောက် စိတ်ပျက်စရာတွေကို မေ့ထားပြီး နေ့သစ်တွေကိုရဲရဲကြီးကြီးရင်ဆိုင်လိုက်ပါ။✊✊
#takeyourtimemyanmar
#selfimprovementtip (Mark)
#MaketheBestoutofwhatwehave
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments