Make the Most Out of the Books

Details

📚မင်္ဂလာပါ TYTimer တို့ရေ။ ဒီနေ့အတွက် Self-Improvement Tip လေးကတော့ “Make the Most out of the Books” ဖြစ်ပါတယ်ခင်ဗျာ။💁‍♂️

📚ဟုတ်ပြီ ကျွန်တော်တို့တွေ စာအုပ်တွေ ဖတ်ကြတယ်။ Biography တွေ၊ Philosophy စာအုပ်တွေ၊ Fiction တွေ၊ Self-Help Book တွေ ဆိုပြီး အမျိုးမျိုး ရှိကြတယ်။ စာအုပ်တွေ တော်တော်များများက အကျိုးရှိပေမယ့် တစ်ခါတလေမှာ Self-Help Book တွေက အလွန် ပြသနာရှုပ်ပါတယ်။ တစ်ခါတလေမှာ ကိုယ်သိပြီးသား အကြောင်းအရာတွေကို စကားလုံးပေါင်းစုံနဲ့ ပတ်ခါလိမ်ခါပြောနေတဲ့ စာအုပ်တွေလည်း တစ်ပုံတစ်ပင်ပါ။ တစ်ခါတစ်လေမှာတော့ လူတွေရဲ့ ဖြစ်နိုင်စွမ်း၊လုပ်နိုင်စွမ်းတွေကို ပုံကြီးချဲ့လွန်း၊ အမွန်းတင်လွန်းထားတာတွေလည်း အများကြီးပါ။ လူ့အသိုင်းအဝိုင်း တချို့ကလည်း Sel-Help Book တွေကို ကဲ့ရဲ့တာမျိုးတွေ ရှိပါတယ်။ ဒါဆိုရင် Self-Help Book တွေ မဖတ်ဘဲနဲ့ဘဲ နေမှာလား။ ဖတ်ရင်ရော တကယ် အကျိုးရှိအောင် ဘယ်လိုလုပ်မလဲ။

📚Self-Help Book တွေထဲမှာ ဂျင်းတွေလည်း တစ်ပုံတစ်ပင်ပါ။ တကယ် တန်ဖိုးရှိတဲ့ စာအုပ်တွေလည်း မနည်းမနောပါပဲ။ အဲ့တာကြောင့် Self-Help Book တွေကို မဖတ်ဘဲတော့ မနေစေလိုပါဘူး။ (၁) ဖတ်မယ့် စာအုပ်တွေကို သေချာ ရွေးချယ်ဖို့နဲ့ (၂)ဖတ်ပြီးရင် အသုံးချနိုင်ဖို့ပါ။
📚(၁) ဖတ်မယ့် စာအုပ်တွေ ရွေးချယ်ရာမှာတော့ ကိုယ့်မှာ စာဖတ်သက်ရင့်ပြီး ကိုယ့်ကို စာအုပ်တွေ Recommend ပေးနိုင်မယ့် ဆရာတစ်ယောက် ဒါမှမဟုတ် Mentor တစ်ယောက် ရှိတာတော့ အကောင်းဆုံးပါ။ တကယ်လို့ အဲ့လို မရှိခဲ့ရင်လည်း YouTube, Goodreads, Quora စတဲ့ Website တွေမှာ စာအုပ်တွေကို Review လုပ်ပေးနေတဲ့ စာဖတ်သက်ရင့်တဲ့ လူတွေ အများကြီး ရှိပါတယ်။ ကိုယ်နဲ့ Reading Taste တူတဲ့ YouTuber, ဒါမှမဟုတ် Reviewer တွေပြောတာတွေကို ဖတ်ကြည့်ပါ။ ကိုယ့်ဟာကိုယ် ခေါင်းစဉ်ကိုပဲ ကြည့်ပြီး ရှာဖတ်မယ်ဆိုရင်တော့ ဂျင်းထည့်ထားတဲ့ Self-Help Book တွေမှာ အချိန်ကုန်သွားတတ်လို့ပါ။
📚(၂) နောက်ပြီးရင် သတိထားရမှာက ဖတ်ပြီး အသုံးချကြည့်ရပါမယ်။ တစ်ခါတလေမှာ စာအုပ်က ပြသနာမဟုတ်ပါဘူး။ ဖတ်တဲ့သူကိုယ်တိုင်က ဒီစာအုပ်ကို ဖတ်လိုက်တာနဲ့ ကိုယ့်ပြသနာတွေ ပြေလည်သွားပါမယ်လို့ တွေးပြီး Action မယူဘဲ နေနေတတ်ပါတယ်။ အဲ့တော့ ဖတ်အလကားကြီး ဖြစ်သွားပါလေရော။ အဲ့တော့ ဖတ်ပြီး Action ယူကြမယ်။ Action ယူပြီးလည်း မပြီးသေးပါဘူး။ စာရေးသူရဲ့ ဘဝဖြတ်သန်းခဲ့ပုံနဲ့ ကိုယ့်ရဲ့ ဘဝ ဖြတ်သန်းခဲ့ပုံ မတူပါဘူး။ အဲ့တာကြောင့် စာအုပ်ထဲက ပြောတာတွေကို ကိုယ်နဲ့ ကိုက်ညီရဲ့လားလည်း ပြန်သုံးသပ်ရပါမယ်။ ကိုယ့်ဘဝမှာ အသုံးချလို့ အကျိုးရှိနိုင်ရဲ့လားဆိုတာ ပြန်ချင့်ချိန်ရပါမယ်။ Self-Help Book တွေမှာ ပြောလေ့ပြောထရှိတာတွေကို လုံးလုံး အမှန်တရားကြီးလို့ ယူလို့ မရပါဘူး။ ကိုယ့်ခရီးလမ်းအတွက် အသုံးပြုနိုင်မယ့် ကိရိယာတွေလိုမျိုး သဘောထားပြီး ကိုယ့်ခရီးကို ကိုယ်တိုင်ဖောက်မှာ စာအုပ်ထဲက သင်ခန်းစာတွေက ကိုယ့်ဘဝမှာ အကျိုးရှိလာမှာပါ။😉

📚ဒီနေ့ အတွက် Self Improvement Tip လေးကိုတော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါမယ်ခင်ဗျာ။ နောက်တစ်ပတ်မှာ နောက် Tip တစ်ခုနဲ့ ကျွန်တော်တို့ ပြန်ဆုံကြပါမယ်နော်။💁‍♂️

#harry
#takeyourtime
#makethemostoutofthebooks
#selfimprovementtips


Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!