Managing Time and Energy Properly

Details

📕မင်္ဂလာပါ TYTimer တို့ရေ။ Take Your Time ရဲ့ Self-Improvement Day 10 ကနေ ကြိုဆိုလိုက်ပါတယ်ခင်ဗျာ။

📕မနေ့တုန်းက ကျွန်တော်တို့တွေ အချိန်ကို စီမံခန့်ခွဲတဲ့နေရာမှာ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းကိုပါ ထည့်သွင်းစဉ်းစားဖို့ အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်နော်။ ဒီနေ့မှာတော့ ကိုယ့်ရဲ့ ခွန်အားကို ဘယ်လို စီမံခန့်ခွဲရမလဲဆိုတာကို ပြောပြပေးပါမယ်။

(၁) အရင်ဆုံး ကျွန်တော်တို့ သိဖို့လိုတာက ကိုယ့်ရဲ့ စိတ်အားရော လူအားရော ခွန်အားအရှိဆုံး အချိန်တွေကို သိရမှာ ဖြစ်ပါတယ်။ တစ်ပတ်လောက် ကိုယ့်ရဲ့ အလုပ်တွေနဲ့ အလုပ်လုပ်တဲ့ အချိန်တွေကို စာအုပ်ထဲမှတ်ပြီး ဘယ်အချိန်က ကိုယ့်အတွက် ခွန်အားအရှိဆုံးလဲဆိုတာက ရှာဖွေပါ။ မနက်ခင်းလည်း ဖြစ်နိုင်တယ်။ နေ့လယ်ခင်း၊ ညနေခင်း၊ ညခင်းလည်း ဖြစ်နိုင်ပါတယ်။

(၂) ကိုယ့်အလုပ် တစ်ခုချင်းစီကို ခွန်အား ဘယ်လောက်သုံးပြီးလုပ်ရမလဲဆိုတာကို သိဖို့လိုပါတယ်။ အိမ်တံမြက်စည်းလှမ်းတာတို့၊ ရေချိုးတာတို့က စိတ်အား လူအားမပင်ပန်းဘဲ လုပ်နိုင်ပြီး စာလုပ်တာတွေ၊ စာဖတ်တာတွေ၊ စတာတွေက ပင်ပန်းစေတဲ့အလုပ်တွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ခွန်အားအရှိဆုံးအချိန်တွေမှာ တံမြက်စည်းလှမ်းတာတွေ၊ ရေချိုးတာမျိုးတွေလို အလုပ်လေးတွေ လုပ်လို့ဘယ်အဆင်ပြေပါ့မလဲ။ အဲ့တာကြောင့် အလုပ်တစ်ခုချင်းစီလုပ်ရာမှာ ဘယ်လောက်ပင်ပန်းနိုင်လဲဆိုတာကို ထည့်တွက်ပြီး အလုပ်လုပ်နိုင်ဆုံးအချိန်တွေမှာ အပင်ပန်းဆုံးအရာတွေကို လုပ်ရပါမယ်။

(၃) အနားယူပါ။ ဒါကတော့ လူတိုင်း သတိထားမိပေမယ့် လျစ်လျူရှုထားတတ်တဲ့အရာတစ်ခု ဖြစ်ပါတယ်။ အနားယူနေတဲ့အချိ်န်မှာ အပြစ်ဖြစ်နေတယ်လို့ ခံစားနေလို့လည်း မရပါဘူး။ ကိုယ့်ရဲ့ ခွန်အားကို သုံးပြီးရင် ပြန်ဖြည့်ဖို့ လိုအပ်ပါတယ်။ ဒါမှ ရေရှည်အတွက် သင့်တော်ပါလိမ့်မယ်။

📕ဒီနေ့အတွက် Self-Improvement Tip လေးကတော့ ဒီလောက်ပါပဲ ခင်ဗျာ။ TYTimer တွေအားလုံး မင်္ဂလာရှိတဲ့ မနက်ခင်းလေးကို ပိုင်ဆိုင်ကြပါစေ။🙆🏻‍♂️

#takeyourtime
#selfimprovementtip
#managingtimeandenergy


Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!