မိမိကိုယ်ကို မိမိရဲ့ အမြင်က ဘယ်လောက်အရေးပါလဲ။❓

Details

✨ကျွန်တော်တို့တွေအကုန်လုံးမှာ ဘယ်သူ့ကိုမှ ထုတ်မပြောတဲ့ Deepest Darkest Secret တစ်ခု ရှိပါတယ်။ အဲ့တာကတော့ လူတွေရဲ့ အာရုံစိုက်မှုကို ခံချင်တာ၊ အရှင်းလင်းဆုံး ပြောရရင် Attention လိုချင်တာပေါ့ခင်ဗျာ။ ဘယ်လောက်ပဲ Introvert ဖြစ်ပါတယ်ဆိုတဲ့ လူပဲ ဖြစ်ဖြစ်၊ Confidence ရှိပါတယ်ဆိုတဲ့ သူပဲဖြစ်ဖြစ်၊ Self-Esteem ရှိပါတယ်ဆိုတဲ့လူပဲ ဖြစ်ဖြစ်၊ အနည်းဆုံးတော့ ငယ်ဘဝမှာ အမေရဲ့ အာရုံစိုက်မှု၊ မိသားစုရဲ့ အာရုံစိုက်မှုကိုတော့ လူတိုင်း ခံချင်ချပါတယ်။ ဒါ လူ့သဘာဝပါပဲ။ ဒါပေမယ့် ကျွန်တော်တို့တွေ လူတွေ အာရုံစိုက်မခံရတဲ့ အချိန်ဆို ဘာလုပ်ကြလဲ။ ကျွန်တော်တို့တွေ ကိုယ့်ကိုကိုယ် သတ်မှတ်ထားတဲ့ Self-Image ကို အာရုံစိုက်ကြပါတယ်။ ဥပမာ - ငါက စာတော်တဲ့သူတစ်ယောက်ပဲ။ ငါက အေးဆေးနေတတ်တဲ့ သူတစ်ယောက်။ စသဖြင့်ပေ့ါခင်ဗျာ။ အဲ့တာ Self-Esteem ပါပဲ။ အလွယ်ကူဆုံး နည်းလမ်းနဲ့ ပြောရရင် မိမိကိုယ်မိမိ ကိုယ့်စိတ်ထဲမှာ ပုံဖော်ထားတဲ့ Self-Image ပါပဲ။

✨Self-Esteem က အလွန် အရေးကြီးပါတယ်။ Self-Esteem မရှိတဲ့ လူတစ်ယောက်က အခြားသူရဲ့ Attention၊ အခြားသူရဲ့ အလေးပေးမှုကို ရရင်ပြီးတာပဲ၊ ကို်ယ်ဖြစ်တာ ဘာလဲဆိုတာ မသိဘဲ၊ လူထင်ကြီးမယ်ထင်တာတွေကို ဖြတ်လမ်းလိုက်လုပ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ တစ်ခါတလေမှာ Relationship မှာ ထိခိုက်ပါတယ်။ တစ်ခါတလေမှာ Confidence မရှိလို့ မလုပ်ရဲ မကိုင်ရဲတွေ ဖြစ်တတ်ပါတယ်။ မိမိရဲ့ ရပိုင်ခွင့်ကို မတောင်းဆိုရဲတာတွေ ဖြစ်တတ်ပါတယ်။

✨ဒါဆိုရင် Self-Esteem ကို ဘယ်လို ဖွံ့ဖြိုးအောင် လုပ်ခဲ့ကြသလဲ။ ကျွန်တော်တို့တွေ အသက်၂နှစ်လောက်ထိ Self-Image မရှိသေးပါဘူး။ ဘာလို့လဲဆိုရင် မိခင်ရဲ့ အာရုံစိုက်မှုကို အမြဲရတယ်။ ဖခင်ရဲ့ အာရုံစိုက်မှုကို အမြဲရတယ်။ ၂နှစ်ကျော်သွားလို့ အမေက ကိုယ့်ကို အရာရာတိုင်း လိုက်ဂရုမစိုက်ပေးနိုင်တော့ဘူးဆိုရင် ကိုယ့် Image ကို ပုံဖော်တဲ့ Process က စတင်ပါပြီ။ ကလေးအချင်းချင်းကစားနေရင် ဘယ်သူကမှ ကို်ယ့်ကို ထူးကဲပြီး ဂရုစိုက်မနေပါဘူး။ ကျောင်းသွားရင်လည်း ကျောင်းသားတွေအများကြီးထဲ ဘယ်သူမှ ကိုယ့်ကို ဂရုစိုက်မှု ပိုမပေးဘူး။ အဲ့တာကြောင့် ကျွန်တော်တို့တွေ ကိုယ့်ကိုကိုယ် ဘယ်လိုမြင်လဲဆိုတဲ့ Image ကို တဖြည်းဖြည်းနဲ့ ပြုစုပျိုးထောင်လာပါတယ်။

✨Self-Esteem မြင့်ဖို့အတွက် အရေးကြီးဆုံးအချိန်က ဒီလို ငယ်ဘဝပါပဲ။ ကလေးရဲ့ Self-Esteem ကို ထိခိုက်စေတတ်တဲ့ မိဘ (၂)မျိုးရှိပါတယ်။
(၁) Narcissist Parents - ကလေးကို ဂရုသိပ်မစိုက်၊ အလေးသိပ်မပေးတဲ့ ကို်ယ့်အကြောင်းကိုသာ စိတ်ဝင်စားတတ်တဲ့ မိဘမျိုးနဲ့ ကြုံရတဲ့အခါမှာ ကလေးရဲ့ Self-Image Formation ကို သွားထိခိုက်ပါတယ်။ (Narcissist တွေတော်တော်များများက အခြားသူအပေါ် အပြစ်တင်လေ့ရှိပါတယ်။) မိဘရဲ့ အသိအမှတ်ပြုမှုကို ကောင်းကောင်းမွန်မွန်မရခဲ့တဲ့အခါမှာ အသက်ကြီးတဲ့ထိ သူစိမ်းဆီက နေတောင် အသိအမှတ်ပြုမှုကို သွားလိုချင်တတ်ပါတယ်။
(၂) Over-Involved Parents - နေရာတကာ ဝင်ပါပေးနေတာမျိုးပါ။ ကလေးရဲ့ ကိစ္စအဝဝကို လိုက်ဖြေရှင်းပေးနေတဲ့အခါမျိုးမှာ ကလေးရဲ့ ကို်ယ်က ဘယ်လိုလူလဲဆိုတာကို သင်ကြားခွင့်မရတာမျိုးပါ။ ဒီလိုမျိုးဖြစ်ခဲ့ရင်တော့ ကလေးက အသက်ကြီးလာရင် အခြားသူတွေ သတ်မှတ်ထားတဲ့ Image ကို ကိုယ့် Image လို့ ယူထားတတ်တာပါ။

✨Self-Esteem မြင့်ခြင်း၊ နိမ့်ခြင်းမှာ မိဘပေါ်အများကြီး မူတည်ပေမယ့် မိဘတွေကို အပြစ်တင်စရာတော့လည်း မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ကိုယ်တိုင်လည်း ဒီလို Childhood မျိုး ကြုံလာခဲ့ဖူးလို့ပါပဲ။ ကျွန်တော်တို့တွေ လူတိုင်းမှာ အနည်းနဲ့အများတော့ Childhood Trauma တွေ ရှိတတ်ကြတာပါပဲ။ ဒါကို Complain လုပ်နေမယ့်အစား ကိုယ့်ရဲ့ Issue တွေကို တတ်နိုင်သလောက် ဖြေရှင်းပြီး Best Version of Ourselves လုပ်တာကသာ အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။
ဒါဆိုရင် Self-Esteem နိမ့်နေတယ်လို့ ထင်ရင် ဘယ်လို မြင့်တင်ကြမလဲ။ အကောင်းဆုံးကတော့ Professional နဲ့ တိုင်ပင်တာပါပဲ။ တကယ်လို့ ကိုယ်က Professional နဲ့ မတိုင်ပင်ချင်ရင်တော့ ဒီအချက်လေးတွေနဲ့ Self-Worth ကို မြှင့်တင်နိုင်ပါတယ်။

(၁) ကိုယ်က ဘာကို ယုံကြည်တာလဲ၊ ကိုယ်ဘယ်လိုလူမျိုး ဖြစ်ချင်တာလဲဆိုတာကို ဘယ်သူ့ရဲ့ ထင်မြင်ချက်မှ မပါဘဲ သေချာ ဆုံးဖြစ်ကြည့်ပါ။
(၂) အခြားသူတွေ ကိုယ့်ကို ဘယ်လိုမြင်မလဲ ဆိုပြီး တွေးနေတာတွေ လျှော့ပေးပါ။
(၃) Positive Relationship တွေ တည်ဆောက်ပေးပါ။
(၄) ကိုယ့်ရဲ့ ကျရှုံးမှုတွေကို သင်ခန်းစာလောက်ပဲ ယူပါ။ ပြန်တွေဝေနေတာမျိုးတွေ ရှောင်ပေးပါ။
(၅) ကို်ယ်ရခဲ့တဲ့ Achievement တွေကိုလည်း မေ့မပစ်ပါနဲ့။

✨ရခဲလှတဲ့လူ့ဘဝမှာ လူတွေ ကိုယ့်ကို ဘယ်လိုမြင်မလဲ စိတ်ပူနေရတာက ပင်ပန်းလွန်းလှပါတယ်။ အဲ့တာကြောင့် ကိုယ့်ရဲ့ Self-Image ကို သေချာတည်ဆောက်ပြီး မိမိလိုချင်တဲ့ပန်းတိုင်ကို ပုံမှန်လျှောက်လှမ်းမှပဲ လူဖြစ်ရကျိုးနပ်ပါလိမ့်မယ်။ အဲ့တာကြောင့် TYTimer တွေအားလုံး Self-Esteem မြင့်ပြီး မိမိရဲ့ Best Version ကို ရောက်အောင် ကြိုးစားနိုင်တဲ့သူတွေ ဖြစ်ကြပါစေလို့ ဆုတောင်းရင်း ဒီစာလေးကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။🙆🏻‍♂️🙆🏻‍♂️

#harry
#takeyourtime
#selfesteem


Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!