"MOFA" Attestation Process

Details

MOFA တုံးထုခြင်း... ✍️

💁 ပညာသင်ဆု (သို့မဟုတ်) ကျောင်းလျှောက်တဲ့အခါမှာ Notary ပြန်ရုံတင်မဟုတ်ဘဲ Ministry Of Foreign Affairs ကထပ်ဆင့်ထောက်ခံထားတဲ့တံဆိပ်တုံးထုခိုင်းတာမျိုး နိုင်ငံအလိုက်လိုအပ်ချက်အပေါ်မူတည်ပြီးရှိတတ်ပါတယ် ခင်ဗျာ...

🔎 ကိုယ်သွားမယ့်နိုင်ငံရဲ့ Requirements ကိုသေချာ Check လုပ်ပါ...
1) Notary
2) Notary+MOFA
3) Notary+MOFA+Embassy Stamp စသဖြင့် categories ၃ မျိုးခွဲခြားနိုင်ပါတယ်

✔️ MOFA က Page မှာအမေးများဆုံးမေးခွန်းတစ်ခုလည်းသလို Process လည်းနည်းနည်းများပါတယ်...

✔️ ပထမဆုံးအနေနဲ့စာရွက်တွေကို Notary ပြန်ပြီးဖြစ်ရပါမယ်...
(Take Your Time Online Notary Service ကိုလိုအပ်ရင်ဆက်သွယ်နိုင်ပါတယ် ကြာချိန် ၂ ရက်)
✅ ပြင်ဆင်ထားရမယ့်စာရွက်စာတမ်းများ
✅ မူရင်းစာရွက်စာတမ်းများ
✅ Notary ပြန်ထားတဲ့မူရင်းစာရွက်
✅ မူရင်းစာရွက်/Notary copy ၂ စောင် ၃ စောင်ဆွဲထားသင့်
✅ မှတ်ပုံတင် မူရင်း+copy
✅ သန်းခေါင်စာရင်း +copy

📌 Step 1 Notary ပြန်ထားတဲ့စာရွက်တွေနဲ့အတူ လသာလမ်းနဲ့ ကမ်းနားလမ်းထောင့်မှာရှိတဲ့ ဘဏ်(၅)ကိုစောစောသွားပြီး ငွေသွင်းရပါမယ်။ သတိပြုရမှာက နေ့လည် ၂နာရီနောက်ပြီးငွေသွင်းလက်မခံတတ်ပါဘူးခင်ဗျ။ ကိုယ်တုံးထုမယ့် Notary စာရွက်ရေအတိုင်း ငွေသွင်းမယ့်ချလံအရေအတွက်ကိုတောင်းယူရမှာပါခင်ဗျာ တစ်စောင် ၅၀၀ ကျပ်ပေးသွင်းရမှာပါ။

📌 Step 2. ငွေသွင်းပြီးချလံကိုယူပြီး စကားဝါလမ်းမှာရှိတဲ့ MOFA ရုံးကိုသွားပါ။ No. 1, Thitsar Road, Yankin Township, Yangon. မနက်စောစော ၉နာရီလောက် standby လုပ်ထား တန်းစီပြီး အပေါက်၀မှာ ကိုယ့်ရဲ့ information အရင်ဖြည့်ရမှာဖြစ်ပါတယ် ပြီးရင်တော့ အထဲဝင်လို့ရပါပြီ။ မနက် ၁၀-၁၂ ကို စာရွက်စာတမ်းတွေစိစစ်လက်ခံပေးပြီးတော့ ညနေ ၃-၄ ဆိုရင် တုံးထုထားတဲ့ စာရွက်စာတမ်းတွေပြန်ထုတ်ပေးပါတယ်ခင်ဗျ။ လက်ရှိ MOFA ရုံးကနေ့တိုင်းဖွင့်ပါတယ် ဒါပေမယ့်မသွားခင်သေချာမေးပါ ။

📌 Step 3. MOFA ရုံးထဲက Notary တုံးထုပေးတဲ့နေရာရောက်ရင် အရင်ဆုံး form ဝယ်ရပါမယ်ခင်ဗျ Form တစောင်ကို ၁၀၀၀ ကျသင့်ပီးတော့ form ၁ခု Notary (၃)စောင် သတ်မှတ်ထားတာကြောင့် Notary 3 စောင်ကို form တစ်စောင်နှုန်းနဲ့ထုနိုင်ပါတယ် ။

📌 Step 4. Form ဖြည့်ပီးရင် တုံးထုမယ့် Notary စာရွက် Original တွေနဲ့အတူ မိတ္တူ (၁)ရွက်စီ၊ မူရင်း Notary မပြန်ထားတဲ့ စာရွက်ရဲ့ မိတ္တူ (၁) ရွက်စီ၊ အိမ်ထောင်စုဇယား မိတ္တူ (၁)ရွက်၊ မှတ်ပုံတင်မိတ္တူ(၁)ရွက်နဲ့ ဘဏ်(၅)က ငွေသွင်းချလံ (original) တွေကိုတွဲပြီး စာရွက်စာတမ်းစစ်တဲ့နေရာမှာတန်းစီပြီးတင်ရုံပါဘဲ ။
ပြန်ယူရမယ့်ရက်ကို Staff က ရက်ချိန်းပြန်ပေးပါလိမ့်မယ်ခင်ဗျာ ။

Q&A
Q : MOFA ကိုယ်စားရလား?
A: ရပါတယ်။ အိမ်ထောင်စုစယားထဲကလူ သို့မဟုတ် ကိုယ်စားလှယ်လွှဲစာနဲ့ သွားလုပ်လို့ရပါတယ်...

Q : MOFA ကိုလူကိုယ်တိုင်တင်ပြီး လူစားသွားထုတ်လို့ရလား?
A: ရပါတယ်။ အိမ်ထောင်စုစယားထဲကလူ သို့မဟုတ် ကိုယ်စားလှယ်လွှဲစာနဲ့ လက်မှတ်ထိုးထုတ်ရုံပါဘဲ...

Q : Yangon မှာဘဲ MOFA ရုံးရှိတာလား?
A : Yangon, Nay Pyi Taw ၂ နေရာမှာရှိပါတယ်ခင်ဗျာ...

Q: MOFA Stamp အတွက် Service ပေးတာရှိလား?
A : ဆိုင်အတော်များများမှာရှိကြပါတယ်။ လူလိုက်မျက်နှာပြရင် တစ်စျေး/လူလုံး၀မလိုက်ရင် တစ်စျေးတောင်းတတ်ကြပါတယ်။

⚠️ သတိပြုရန် ⚠️
⛔ MOFA ကိုမနက် ၁၁ မတိုင်ခင်သွားပါ။ မဟုတ်ရင်နောက်နေ့ကူးနိုင်ပါတယ်...

⛔ စာရွက်စာတမ်းမူရင်းနဲ့ copy တွေသေချာပြင်ဆင်သွားပါ...

⛔ ရေသန့်ဗူးဆောင်ပြီးပေါ့ပေါ့းပါးပါး၀တ်သွားပါ...

💁 MOFA က နိုင်ငံခြားက ဘွဲ့တွေ/ Transcript တွေကိုတုံးထုမပေးပါဘူး။ တချို့လာမေးကြတာရှိလို့ပါ။ ကိုယ်ဘွဲ့ရထားတဲ့နိုင်ငံရဲ့ Ministry Of Foreign Affairs ကိုဆက်သွယ်ပြီးတုံးထုရမှာဖြစ်ပါတယ်...

Embassy Stamp
✔️ အကယ်လို့ကိုယ်လျှောက်တဲ့နိုင်ငံက 3 steps (Notary+MOFA+Embassy Stamp) ဆိုရင် သံရုံး Stamp အတွက် Appointment ကြိုတင်ရပါတယ် ခင်ဗျာ...

✔️ Korea လိုနိုင်ငံဆို အတော်လေးခက်ပါတယ်။ အဲ့တော့တတ်နိုင်သမျှစောစောလုပ်လေကောင်းလေပါဘဲ...

✔️ Embassy Stamp က Free မဟုတ်ပါဘူး။ တစ်စောင်ကို $3-$5 နိုင်ငံအလိုက် ကျသင့်နိုင်ပါတယ် ခင်ဗျာ...

💁 ကဲအားလုံးလည်းအသုံး၀င်လိမ့်မယ်ထင်ပါတယ်...

သူငယ်ချင်းတွေသိအောင်လည်း sharing လုပ်ပေးပါအုန်း... 🙏

📣 Let’s keep chasing our dream... 💪
#takeyourtimemyanmar #MOFA


Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!