✨ Must have items for Study Abroad...🛫

Details

နိုင်ငံခြားမှာကျောင်းတက်ဖို့ အစီအစဥ်ရှိတယ်ဆိုရင်
လုပ်ကိုလုပ်ထားရမယ့် အရာတွေ...✅

🙆 ကျွန်တော်တို့ကို Thai University တွေ ကျောင်းတွေလာလျှောက်ခိုင်းတဲ့အခါ ကူညီပေးချင်ပေမယ့် အဓိက အခက်အခဲက ကျောင်းသားဘက်မှစာရွက်စာတမ်းမပြည့်စုံတာ အများဆုံးကြုံတွေ့ရပါတယ်...

အဲ့တော့ကိုယ်က Scholarship၊ University၊ Admission လုပ်တော့မယ်ဆို...

📌 Passport
ယခု Online Queue နဲ့သွားတာမို့ Sept လောက်ထိရောက်နေပါပြီ အဲ့တော့ August Intake လာချင်တဲ့ကလေးတွေဆိုရင် မမှီနိုင်တော့ပါဘူး။ (ပွဲစားနဲ့အပ်မှသာ အမြန်လိုချင်ရင်ရတော့မှာဖြစ်တာမို့ ငွေ အပိုထပ်ကုန်မှာပါ)။

အဲ့တော့ ဘယ်တော့သွားဖြစ်မှာမသေချာသေးလဲလက်ထဲ Passport ကိုင်ထားပါ ♥️ တချို့ပညာသင်ဆုတွေဆို
ဖောင်တင်တည်းက Passport No တောင်းပါတယ်။

📌 မှတ်ပုံတင်
Passport သွားလုပ်တဲ့အခါ အသက် ၁၈ နှစ်ကျော်ပြီဆိုတာနဲ့ မှတ်ပုံတင်လည်း ၁၈ နှစ်ကဒ်ရှိဖို့လိုပါတယ်။ အဲ့တော့ မှတ်ပုံတင်လည်းသွားလုပ်ထားပါ ၁၈ နှစ်ကဒ်လဲထားပါ။ (မဟုတ်ရင် Passport မရနိုင်ပါဘူး)

📌 10 တန်းအောင်လက်မှတ်/အမှတ်စာရင်း
ကျောင်းသားလျှောက်ချင်ပြီးကိုယ့်လက်ထဲ အထက်တန်းပြီးထားကြောင်း ဘာသက်သေမှမပြနိုင်ရင်လည်းအလကားပါပဲ ခင်ဗျ။ ကျောင်းတွေဘက်က ဘာမှစဥ်းစားပေးမှာမဟုတ်ပါဘူး။ အဲ့တော့ကိုယ်အောင်မြင်ခဲ့တဲ့ ၁၀ တန်းအောင်လက်မှတ်နဲ့အမှတ်စာရင်းပျောက်ရင်လည်းပြန်လျှောက်ထားဖို့လိုပါတယ်။

⚠️သတိပြုရန် >> ၁၀ တန်းအောင်လက်မှတ်က တစ်သက်လုံးမှ ၂ ခါပဲထုတ်ပေးပါတယ် သေချာသိမ်းထားကြပါ။
👉 အမှတ်စာရင်းကတော့ မိမိလိုသ‌လိုထုတ်လို့ရပါတယ် ခင်ဗျာ... ကျွန်တော်တို့ TYT မှ အောင်လက်မှတ်/အမှတ်စာရင်း၀န်ဆောင်မှုရှိတာမို့ ဆက်သွယ်နိုင်ပါတယ်။

📌 University Transcript
ကျောင်းသားအများစုက CDM လုပ်ထားကြတာမို့
ကျောင်းနဲ့မပတ်သတ်ချင်ကြပေမယ့် 😅
ကိုယ်ရဲ့ကြိုးစားမှုတက်ရောက်ခဲ့တွေဟာ လေထဲမှာပဲပါးစပ်ပြော ပြောပြရုံနဲ့ ကျောင်းတွေက လက်ခံပေးမှာမဟုတ်ပါဘူး။ နောက်ပြီး ၁၀ တန်းအောင်ကျောင်းသားတစ်ယောက်အပေါ်ကျောင်းဘက်မှအမြင်နဲ့ University ကျောင်းသားတစ်ယောက်အပေါ်အမြင်ကလည်း မတူပါဘူး... 💁🏻‍♂️ ဆိုတော့ ကိုယ်ရဲ့ရပိုင်ခွင့်ဖြစ်တာကြောင့် University ကအမှတ်စာရင်းကိုထုတ်ထားရပါမယ်ခင်ဗျာ။ University အမှတ်စာရင်းအတွက်လည်း TYT မှ၀န်ဆောင်မှုပေးနေသလို 🇹🇭Thai Universities🇹🇭တွေကိုပါ အခမဲ့လျှောက်ပေးနေပါတယ်...💪

📌 Bank Account
Self-Funding နဲ့သွားမယ့်ကျောင်းသားတွေအတွက် Bank Statement သံရုံးကိုပြပေးဖို့လိုပါတယ် ခင်ဗျ။ သံရုံးဘက်မှသတ်မှတ်ချက်တွေရှိတတ်တာမို့ အနည်းဆုံး Account သက်တမ်း ၃ လ (သို့မဟုတ်) ၆ လ ရှိရမယ်ဆိုတဲ့သတ်မှတ်ချက်ရှိပါတယ်ခင်ဗျာ။ (အဲ့တော့ အကောင့်အသစ်ချက်ချင်းဖွင့်တာပြီး Visa ၀င်တာမျိုး Recommend မပေးပါဘူး) မိဘသို့မဟုတ် အိမ်ထောင်စုဇယားတူတဲ့သူကပြပေးဖို့အတွက် Account သက်တမ်း ၃လ အနည်းဆုံးရှိသင့်ပါတယ်။

📌 Notary
ကိုယ်က ကျောင်းသို့မဟုတ်ပညာသင်ဆုကို လာမယ့် ၆ လအတွင်းမှလျှောက်မှာသေချာရင် စာရွက်စာတမ်းတွေကို Notary (Burmese-English) ပြန်ထားဖို့လိုပါတယ်။ နီးကပ်မှ Notary ပြန်ရင် အချိန်မမှီတာတွေဖြစ်တတ်တာမို့ ကြိုလုပ်ထားလို့ရတာတွေမှန်သမျှကြိုလုပ်ထားဖို့အကြံပေးပါရစေ။
👉 Notary ပြန်မယ်ဆိုရင် Take Your Time - Online Notary Services ရှိတယ်ဆိုတာမမေ့ပါနဲ့ခင်ဗျ 😌

📌 Professional Email
Small things matters ပါ ကျောင်းကို ဆက်သွယ်တဲ့အခါ Email နဲ့ပဲ Contact လုပ်ကြပါတယ်။ အဲ့မှာ cutegirl123@gmail.com တို့ handsomeboy@gmail.com စတဲ့ ဘယ်သူမှန်းမသိသာတဲ့ SPAM Email Address တွေနဲ့ဆက်သွယ်ခြင်းရှောင်ပါ...🙅
👉 ကိုယ့်ရဲ့ name နဲ့ အကောင့်ကိုသေချာဖွင့်ပြီးမှ ဆက်သွယ်စေချင်ပါတယ်ခင်ဗျာ...

✨ အစကောင်းမှအနှောင်းသေချာလို့ဆိုသလိုပါပဲ "Preparation" မရှိပဲလိုချင်တဲ့ပန်းတိုင်ကို
ရောက်မရောက်နိုင်ပါဘူး... ⏱️ အချိန်ယူပါ...
တစ်ခုချင်းလိုက်လုပ်ပြင်ဆင်ပါလို့ပဲအကြံပေးချင်ပါတယ် ခင်ဗျာ 🙆

#takeyourtimemyanmar
#ToStudyAbroad


Is this content useful to you?

Thanks for your feedback


Add Comment

Comments

cmt_img
Thethmu Shwe October 29, 2022

Very helpful to the students who want to further study.

cmt_img
Livia Win October 25, 2022

Thanks for sharing.

cmt_img
Mi Win Daewi Kyaw October 22, 2022

Thank you for sharing.

cmt_img
Aung Win October 18, 2022

Thank you so much for sharing this.

cmt_img
Zar Ni Oo September 11, 2022

It's very useful to me and I 'm grateful for your sharing.