🎊ကဲ… ၂၀၂၁ ကတော့ ပြီးတော့မယ်နော် TYTimer တို့ရေ။ ၂၀၂၁ ကတော့ လူတိုင်းအတွက် အဆင်ပြေခဲ့တဲ့ နှစ်တစ်နှစ်တော့ မဟုတ်ခဲ့ပါဘူး။ Covid-19 ကြောင့်၊ ဒါမှမဟုတ်လည်း အကြောင်းကြောင်းကြောင့် မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရတဲ့ လူတွေလည်း ရှိချင်ရှိမယ်။ ပညာရေး၊ စီးပွားရေး၊ လူမှုရေး အစစအရာရာ မပြေလည်တဲ့အတွက် စိတ်ဓာတ်တွေကျနေတဲ့လူတွေလည်း ရှိချင်ရှိမယ်။
🎊ဒါကြောင့် ၂၀၂၂ မှာတော့ Fresh Start လို့ သဘောထားပြီး New Year’s Resolution တွေ လုပ်ကြမယ့် သူတွေ လူ၁၀ယောက်မှာ ၉ယောက်လောက် ရှိကြမယ်ထင်ပါတယ်။ တချို့ကုမ္ပဏီတွေဆိုရင် ဝန်ထမ်းတွေကို Resolution တွေ ရေးခိုင်းတာမျိုးတွေ ရှိတတ်ပါတယ်။
🎊ကျွန်တော်တို့တွေ လ အသစ်ကူးရင်၊ နှစ် အသစ်ကူးရင် ဒီလို Resolution တွေ လုပ်တာတွေ အမြဲလိုလိုပါပဲ။ ဒါပေမယ့်လည်း Resolution အတိုင်း လုပ်နိုင်လားဆိုရင်တော့ မလုပ်နိုင်ခဲ့တာတွေ တော်တော်များများ ကြုံဖူးကြပါတယ်။ ဒီတော့ Resolution ကို ဘယ်လိုပုံစံမျိုး ပုံဖော်ကြမလဲ။ Resolution အတွက် လိုက်ပြီး နေထိုင်နိုင်ဖို့ ဘာတွေ လိုအပ်မလဲ။
🎊ဒီလို အကောင်အထည် ဖော်နိုင်ခြင်း မဖော်နိုင်ခြင်း အပေါ် အဓိက မူတည်နေတာကတော့ “ဘယ် Resolution” ကို ချရမလဲဆိုတာပါ။
ကျွန်တော် ဥပမာ တစ်ခု ပေးပြပါမယ်။
(၁) ၂၀၂၂ မှာ စာအုပ် (၃၀) ပြီးအောင် ဖတ်မယ်။
(၂) ၂၀၂၂ မှာ နေ့တိုင်း စာ(၁)နာရီ ဖတ်မယ်။
(၃) ၂၀၂၂ မှာ အမြဲ စာပုံမှန်ဖတ်တဲ့လူ တစ်ယောက် ဖြစ်အောင် လုပ်မယ်။
🎊ဒီသုံးခုမှာဆိုရင် Resolution အတွက် ဘယ်အချက်ကို ယူသင့်လဲဆိုရင် နောက်ဆုံး တစ်ခုပါပဲ။ ၂၀၂၂ မှာ အမြဲ စာပုံမှန် ဖတ်တဲ့သူ တစ်ယောက် ဖြစ်အောင် လုပ်မယ်ဆိုတာပါ။ ဘာလို့လဲဆိုတာကို ရှင်းပြပေးပါမယ်ခင်ဗျာ။
🎊ကျွန်တော်တို့ရဲ့ နေ့စဉ် အလေ့အကျင့်တွေကို ပြောင်းလဲတဲ့အခါ ဒါမှမဟုတ်ရင် အလေ့အကျင့် အသစ်တွေကို တည်ဆောက်တဲ့အခါမှာ ပြောင်းပုံ ပြောင်းနည်း သုံးခု ရှိပါတယ်။ အဲ့ဒါတွေကတော့ -
(၁) Outcome (ရလဒ်) ကို ပြောင်းတာ
(၂) Process ကို ပြောင်းတာ
(၃) Identity ကို ပြောင်းတာဆိုပြီး ရှိပါတယ်။
🎊ရလဒ်ကို အဓိက ထားပြီး ပြောင်းတာကတော့ ခုနကပြောတဲ့အတိုင်း ၂၀၂၂ မှာ စာအုပ် အအုပ်(၃၀) ပြီးအောင် ဖတ်မယ်ဆိုတာပါ။ နောက်ဥပမာ တစ်ခုပေးရရင် စန္ဒုယားတီးတတ်အောင် သင်မယ်ဆိုတာမျိုးပါ။ ဒါမျိုးဆိုရင် ဘာပြသနာတက်သလဲဆိုရင် စန္ဒယား တီးတတ်ဖို့က အဝေးကြီးမှာပါ။ ဒီလို အတွေးမျိုးနဲ့ စသင်ပြီး သင်ရင်း သင်ရင်းနဲ့ လက်လျှော့လိုက်ကြတာ ၁၀၀မှာ ၉၉ ယောက်လောက်ပါ။ ဒါတော့ ရလဒ်ကို ပြောင်းမယ့် Resolution တွေကို ပါယ်ပါမယ်။
🎊နောက်တစ်ခုက Process ကို ပြောင်းတာ။ Process ကို ပြောင်းတာက ရလဒ်ကို ပြောင်းတာထက် အများကြီးသာပါတယ်။ တစ်နေ့ကို စန္ဒယား ၂ နာရီ လေ့ကျင့်မယ့်။ ဒါမျိုးက Process ကို ပြောင်းတာပါ။ Process ကို ပြောင်းတာက Determined ဖြစ်တဲ့ သူတွေအတွက်တော့ အဆင်ပြေပါတယ်။ ဒါပေမယ့် ပြသနာတက်လာတာက Motivation ပျောက်ကုန်တာပါ။ တစ်နေ့ကို ၂နာရီကျင့်မယ်။ သင်ခန်းစာက ဘယ်ထိရှိတာလဲလည်း ဂရုမစိုက်ဘူး။ ဘယ်အချိန် ကောင်းကောင်းမွန်မွန်တီးတတ်ရမယ်ဆိုတာလည်း ရည်မှန်းမထားတော့ သာမန်လူအတွက်တော့ Motivation ပျောက်ကုန်ပါတယ်။
🎊အဲ့တော့ နောက်ဆုံး ကျန်ခဲ့တဲ့ Identity ပြောင်းတဲ့ ကိစ္စရောက်လာပါပြီ။ Process ကို ပြောင်းတာနဲ့ Identity ကို ပြောင်းတာက သိပ်မကွာပါဘူး။ ကိုယ့်ရဲ့ ခံယူချက်ပဲ ပြောင်းသွားတာပါ။ Identity ကို ပြောင်းတယ်ဆိုတာကို ဥပမာပေးရရင် စာပုံမှန်ဖတ်တဲ့သူ တစ်ယောက် ဖြစ်အောင် လုပ်တာ။ ဒါမျိုးကို ပြောတာပါ။ ကိုယ့်ကိုကိုယ် Convince လုပ်တာပါ။ ကို်ယ်က ဘယ်လိုလူမျိုးလဲဆိုတာကို ကိုယ့်ကိုကိုယ် ယုံကြည်အောင် ပြန်လုပ်တဲ့ ပုံစံမျိုးပါ။ Law of Attraction နဲ့ အနည်းငယ် ဆင်ပါတယ်။
ဒါဆိုရင် ကိုယ့်ကိုကိုယ် ဘယ်ကနေ ဘယ်လို ကိုယ့်ကို Convince လုပ်မလဲဆိုတာက ရှိလာပါတယ်။ အဲ့ဒီအတွက် အရင်လုပ်ရမှာကတော့ Small Win လေးတွေပါ။ စာပုံမှန်ဖတ်တဲ့လူဖြစ်ချင်တယ်ဆိုရင် နေ့တိုင်း ၁နာရီဖတ်ပါ။ ဒါကို ပုံမှန် ၁၀ရက်လောက် စလုပ်ကြည့်လိုက်ပါ။ ဒါဆိုရင် ကိုယ်က ၁၀ရက် ပုံမှန်စာဖတ်တယ်ဆိုတာမျိုး စိတ်ထဲမှာ ကျေနပ်တာမျိုး စဖြစ်လာပါလိမ့်မယ်။ နောက်ရောက်ရင် ရက် (၂၀)၊ တစ်လ၊ ခြောက်လ၊ တစ်နှစ်အထိ တစ်စတစ်စနဲ့ Small Win လေးတွေနဲ့ ကိုယ်က စာပုံမှန်ဖတ်တဲ့လူဆိုတာကို ကိုယ့်ကိုကိုယ် Convince ဖြစ်အောင်လုပ်တာပါပဲ။ ဒီလိုလုပ်လို့ရှိရင် Satisfaction, Motivation, Self-Esteem စတာတွေ အကုန်လုံး ရပါတယ်ခင်ဗျာ။
🎊ကဲ TYTimer တို့ရေ။ ဒီနေ့ Content ပြီးတဲ့ အခါမှာ TYTimer တွေအတွက် အကြံပေးချင်တာကတော့ ၂၀၂၂မှာ စာအုပ် (၃၀) ဖတ်မယ်ဆိုပြီးလည်း မလုပ်ပါနဲ့။ တစ်ရက် (၁)နာရီ ပုံမှန်စာဖတ်မယ်ဆိုပြီးလည်း မလုပ်ပါနဲ့။ စာပုံမှန်ဖတ်တတ်တဲ့လူဖြစ်အောင်လုပ်မယ်ဆိုတဲ့ Resolution နဲ့ပဲ ၂၀၂၂ ကို စတင်လိုက်ကြပါစို့နော်။ TYTimer တွေအားလုံး မင်္ဂလာရှိသော မနက်ခင်းလေးကို ပိုင်ဆိုင်ကြပါစေခင်ဗျာ။🙆🏻♂️
#harry
#takeyourtime
#newyearresolution
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments