Obsessive Compulsive Disorder, OCD (သို့) "အတွေးဆိုင်ရာ အဖိုးအခ"
တချို့တွေကြုံဖူးကြလားတော့မသိဘူး။ ဖုန်းအားကို ၈၀ လောက်ရှိတာတောင် ၁၀၀ ပြည့်အောင်ပြန်ပြန်သွင်းတာမျိုးတွေ၊ ရေတိုင်ကီထဲမှာ ရေလေးနည်းနည်းလျော့တာနဲ့ရေမပြတ်သွားအောင် ခဏခဏထပ်ဖြည့်တာမျိုးတွေ၊ မီတာခပိုမကုန်အောင် မီးခလုတ်တွေကိုဂရုတစိုက်ပိတ်တတ်တာမျိုးတွေ၊ အသန့်အလွန်ကြိုက်တတ်တာမျိုးတွေ (ဆေးပြီးသားကိုထပ်ခါတလဲပြန်ဆေးနေတာမျိုး)၊ ပစ္စည်းလေးတွေညီညီညာညာဖြစ်နေမှကြိုက်တာမျိုးတွေ စတာတွေကစနစ်ကျတယ်လို့ထင်ကောင်းထင်နိုင်တယ်။ ဒါပေမဲ့ ဒါတွေကအတိုင်းအတာတစ်ခုထိပဲလုပ်တာကောင်းပါတယ်။
ဒီလိုမျိုးတွေကို ကိုယ်တိုင်ကလဲလုပ်၊ သူများတွေကိုလဲလုပ်စေချင်၊ မလုပ်ရင်လဲစိတ်တိုင်းမကျဖြစ်နေရင်တော့ ဒီလိုလူတွေမှာ OCD လို့ခေါ်တဲ့ Obsessive Compulsive Disorder ဆိုတဲ့ စိတ်ရောဂါကိုအနည်းနဲ့အများ ခံစားနေရတယ်လို့သတ်မှတ်နိုင်ပါတယ်။ ဒါကိုမြန်မာလိုဘယ်လိုပြန်ပြရမယ်မသိလို့ " အတွေးဆိုင်ရာ အဖိုးအခ" လို့နာမည်တပ်လိုက်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ မလိုအပ်ဘဲ စိတ်မကျေနပ်တဲ့အရာတွေကို စိတ်တိုင်းကျတဲ့ထိမလုပ်ချင်လဲ လုပ်နေရတဲ့ စိတ်ပင်ပန်းမှုရဲ့ ဆုံးရှုံးမှုတန်ဖိုးပေါ့။
OCD ဆိုတာကတော့ တစ်စုံတစ်ခုကိုအရမ်းအစွဲအလမ်းကြီးတာ၊ စိတ်ပြင်းပြတာစတဲ့ Mental Obsession တစ်မျိုးပါ။ မလိုအပ်တဲ့အတွေးတွေကြောင့် စိတ်အလိုမကျဖြစ်တာ၊ ကြောက်စိတ်ဖြစ်တာ၊ တစ်ခုခုကိုထပ်တလဲလဲလုပ်တာမျိုးတွေဖြစ်တတ်ပါတယ်။ ဥပမာ -
▫ အသန့်အလွန်ကြိုက်တာ (ဘာလေးကိုင်ပြီးတိုင်းလက်ဆေးတတ်တာမျိုး)
▫ သော့ခတ်ထားလား အကြိမ်ကြိမ်သွားစစ်တာမျိး
▫ တံခါးတွေဟနေရင် မနေတတ်တာ
▫ လူမရှိတဲံအခန်းတွေကို မီးလိုက်ပိတ်တာ
▫ အပေါက်လေးတွေ Symmetrical ဖြစ်မှသဘောကျတာ
▫ ပစ္စည်းတွေကို စီစီရီရီ တစ်ညီထဲဖြစ်မှကြိုက်တာ (အမျိးအစားတူပြီး စီစရာမလိုတဲ့အရာတွေကိုပါစီပြီးထားတာမျိုး) စတာတွေပါ။
အဲ့တာအပြင်ကိုမှ မလိုအပ်ဘဲ Sexual Thoughts တွေပဲအမြဲဝင်တာ၊ အတွေးတစ်ခုကိုဆက်တိုက်တွေးနေမိပြီး Anxiety များတာ၊ လုပ်နေကြပုံစံထဲက ကွဲထွက်ပြီးလုပ်ရရင်စိတ်မလုံတာ စတာမျိုးတွေကလဲ OCD ပါပဲ။ တချို့က OCD ရှိတာကိုစိတ်မမှန်ဘူးလို့ထင်ကြတဲ့သူတွေလဲတွေ့ရတယ်။ တကယ်က OCD ရှိတယ်ဆိုတာပုံမှန်ပါပဲ။ OCD မှာတွေ့ရတတ်တဲ့ အမျိုးအစားလေးတွေကိုသိရအောင် အကြမ်းဖျဥ်းပြောပြမယ်ဆိုရင် -
🔸 Checking
🔸 Contamination & Cleaning
🔸 Symmetry & Ordering
🔸 Ruminations & Intrusive thoughts
🔸 Forbidden thoughts
🔸 Hoarding
(မှတ်စရာတွေများသွားပြီ.... ဟုတ်)
ဒီထဲမှာမှ လူအတော်များများနဲ့ရင်းနှီးမှာက Symmetry & Ordering ပါ။ တချို့သိကြတာကတော့ Perfectionist ပေါ့။ ကွာတာကတော့ Perfectionist ကသပ်သပ်ရပ်ရပ်လုပ်တာဖြစ်ပြီးတော့၊ OCD သမားကတော့ ထပ်တလဲလဲလုပ်တာမျိုးပါ။ ဥပမာ - တစ်ခုခုဆို ကြီးစဥ်ငယ်လိုက် order လေးနဲ့မှကျေနပ်တာမျိုး၊ တချို့ရှိမယ်ထင်တယ် Clash of Clans ထဲမှာ building တွေကိုညီအောင်ထားမှကြိုက်တဲ့သူမျိုး၊ ဖုန်းတွေမှာဆို အောက်ဘက်က အားသွင်းပေါက်နဲ့ Speaker ပေါက်တွေမညီရင်စိတ်ပေါက်လောက်အောင်အသည်းယားတာမျိုး (ဒါကတော့ကျွန်တော်ပါ) စသည်ဖြင့် ပြောရရင်တော့အစုံပါပဲ။
Forbidden thoughts ကတော့လူငယ်တွေမှာအဖြစ်များတာမျိုးပါ။ သူများတွေကိုယ့်ကိုဘယ်လိုမြင်လဲပဲလိုက်ဂရုစိုက်နေတတ်တာ၊ Sexual ပိုင်းဆိုင်ရာညစ်ညစ်ပတ်ပတ်အတွေးတွေခေါင်းထဲဝင်လာတတ်တာ၊ ဒီကာလမှာဖြစ်တတ်တာမျိုးဆို ကိုယ့်အတွေးနဲ့ကိုယ်စိတ်မသန့်တာ၊ စိတ်မကောင်းစရာသတင်းတွေတက်လာရင် ကိုယ်ကတတ်အားသလောက်ကူပေးနေတာတောင် Guilty ဖြစ်တာမျိုးတွေ၊ ငါဒီလိုလုပ်ရင် သူများကိုထိခိုက်စေမလားအတွေးတွေနဲ့ စိတ်ပင်ပန်းရတာမျိုးတွေပါပါတယ်...
Hoarding မှာဆိုရင် - ပစ္စည်းပျောက်မှာကိုအစိုးရိမ်လွန်တာ၊ ကုန်သွားမှာကြောက်ပြီး မလိုအပ်ဘဲအများကြီးကြိုဝယ်တတ်တာ၊ စာအုပ်တွေတက်နင်းမိရင်ငရဲကြီးသလိုခံစားရတာနဲ့ ဒီမှာဆိုရင်ရှိပါသေးတယ်၊ ထဘီအောက်ဝင်ရင် ကံနိမ့်တယ်လို့ခံစားတတ်ကြတာမျိုးတွေပေါ့။
OCD ကဘာလို့ဖြစ်ရတာလဲဆိုရင် မိသားစုနဲ့သက်ဆိုင်တဲ့ Family history တွေနဲ့၊ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်၊ ကိုယ်ကြုံခဲ့ရတဲ့ Trauma တွေနဲ့ စိတ်ပိုင်းဆိုင်ရာခံစားမှုတွေကြောင့်ဖြစ်တတ်ပါတယ်။
သေချာတာတစ်ခုကတော့ OCD ဖြစ်တယ်ဆိုတာပုံမှန်ပါပဲ။ ရူးတာလည်းမဟုတ်ပါဘူး။ တစ်ခုရှိတာကအပေါ်ကပြောခဲ့တဲ့အလေ့အကျင့်တွေရှိတာနဲ့ပဲ OCD ရှိတယ်လို့တော့သတ်မှတ်လို့မရပါဘူး။ ကိုယ်ကဘယ်လောက်ရူးရူးမူးမူးဖြစ်နေလဲပေါ်မူတည်ပြီး Disorder အဆင့်ရောက်လာရင်တော့ကုသဖို့ဆိုတာထက်၊ Psychiatrist တွေနဲ့ counselling လုပ်လို့ရပါတယ်။ ကိုယ်ကဒါနဲ့အဆင်ပြေတယ်ဆိုရင်မလုပ်လဲရပါတယ်။
Message အနေနဲ့ကတော့အခုလိုစိတ်သောကများစရာကာလမှာ အားလုံးပဲပေါ့ပေါ့ပါးပါးဖြစ်အောင်နေကြပါ။ (ဟိုခမောက်နဲ့လူကြီးပြောသလို လူသားဆန်ပြစ်လိုက်ပေါ့) ပျော်ပါးခိုင်းတာမဟုတ်ဘူးနော်။ ပြီးတော့ ကိုယ်က OCD ရှိလို့စိတ်မမှန်ဘူးဆိုတဲ့အတွေးတွေရှိရင်လဲ အခုကစပြီးဖယ်ထုတ်ပြစ်လိုက်ပါ။ ကိုယ့်ရဲ့အလိုမကျမှုတွေ၊ အတွေးတွေကြောင့် စိတ်ပိုင်းဆိုင်ရာ"အဖိုးအခ"တွေမများကြဖို့မှာကြားရင်းနဲ့ TYTimers တို့နဲ့နောက်မှပြန်တွေ့တာပေါ့။
ကောင်းမွန်တဲ့ရက်သတ္တပတ်လေး ဖြစ်ပါစေ... ✨🙆♂️
#Barry
#takeyourtimemyanmar
#OCD
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments