📕မင်္ဂလာပါ TYTimer တို့ရေ။ Self-Improvement Day Seven ကနေ ကြိုဆိုလိုက်ပါတယ်ခင်ဗျာ။
📕ဒီနေ့အတွက် ရွေးချယ်ထားတဲ့ ခေါင်းစဉ်လေးကတော့ “Overcoming Procrastination” ပဲ ဖြစ်ပါတယ်။
📕Procrastination ဆိုတာ အလုပ်လုပ်စရာ တစ်ခုရှိတာကို လုပ်ချိန်တန်မလုပ်ဘဲ ဟိုအချိန်ရောက်ရင် လုပ်မယ်၊ ဒီအချိန်ရောက်ရင် လုပ်မယ်ဆိုပြီး အချိန်ဆွဲနေတာကို ဆိုလိုတာပါ။
📕Deadline ရှိတဲ့ အလုပ်🔔
ကျွန်တော်တို့တွေ အလုပ်တစ်ခုခုကို လုပ်တဲ့အခါမှာ၊ စာလုပ်တဲ့အခါမှာ ဖြစ်စေ၊ Project တစ်ခုခုကို လုပ်တဲ့ အခါမှာ ဖြစ်စေ၊ လူတိုင်းကြုံနေကြ ပြသနာတစ်ခုရှိပါတယ်။ အဲ့တာကတော့ အချိန်ဆွဲမိနေတာပါ။ ဒီနေ့ မနက်တော့ ငါစာစလုပ်တော့မယ်။ မနက်ရောက်ပြီး စာမလုပ်ဖြစ်တော့ နေ့လယ်ရောက်ရင် စာစလုပ်တော့မယ်။ နေ့လယ်လည်း ရောက်ပြီ။ စာမလုပ်ဖြစ်သေးပြန်ဘူး။ နောက်ဆုံး ညနေရောက်မှလုပ်မယ်လို့ တွေးပြီး မလုပ်ဖြစ်ပြန်။ ဒီလိုနဲ့ အချိန်ကုန်သွားတဲ့ရက်တွေ လူတိုင်းကြုံဖူးကြမယ်ထင်ပါတယ်။ ဒါမယ့် အဲ့လိုတွေ အချိန်ဆွဲ မိနေပေမယ့် အလုပ်ကတော့ လုပ်ပြီးကြတာများတတ်ပါတယ်။ ဘာလို့လဲဆိုတော့ မဖြစ်မနေလုပ်ရမယ့် အချိန်ကြုံလာလို့ပါ။ Deadlineကို ရောက်လာလို့ပါ။ စာမေးပွဲဆိုတာလည်း Deadline ဥပမာ တစ်ခုပါပဲ။ ကျောင်းသားတစ်ယောက် ဘယ်လောက် အချိန်ဆွဲပြီး စာမလုပ်သည်ဖြစ်စေ စာမေးပွဲ ရောက်ခါနီးရင် မဖြစ်မနေ စာလုပ်ရပါတယ်။ ဒါက Deadline ရှိတဲ့ အလုပ်မျိုးပါ။
📕Deadline မရှိတဲ့ အလုပ်🔕
ဟုတ်ပြီ။ အခု ကျွန်တော်တို့ Deadline မရှိတဲ့ အလုပ်တစ်ခုရဲ့ ဥပမာ ကြည့်ကြည့်ရအောင်။ ကျွန်တော်တို့တွေ Facebook Pageထောင်ပြီး Blog တွေ ရေးချင်တယ် ဆိုကြပါစို့။ YouTube Channel ထောင်ပြီး Content Creator လုပ်မယ် ဆိုကြပါစို့။ ဘာသာစကားတစ်ခုခုကို Self-study နဲ့ လုပ်မယ်ဆိုပါစို့။ အဲ့လို အချိန်တွေမှာ ရောက်ရင် Deadline ဆိုတာ မရှိတော့ပါဘူး။ YouTube Content Creator လုပ်မယ်ဆိုပြီး ကျွန်တော်တို့တွေ Channel တစ်ခု Sign Up လုပ်ဖို့တောင် အချိန်ဆွဲမိနေပြီး မလုပ်ဖြစ်ဘဲနေတဲ့ လူတွေ အများကြီး ရှိမယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဘယ်နေ့မှာတော့ Sign Up လုပ်ဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ Deadline ကျွန်တော်တို့ဆီမှာ မရှိလို့ပါ။ Facebookမှာ Page ထောင်၊ Content ရေးပေမယ့် တစ်ပတ်၊ နှစ်ပတ်လောက်နေရင် ဆက်မရေးဖြစ်တော့တာ များပါတယ်။ ဘာလို့လဲဆိုတော့ နောက် Content တွေ ဆက်ရေးဖို့ Deadline မရှိတော့လို့ပါ။ ဘာသာစကားတစ်ခုသင်ရင် ပိုသိသာပါတယ်။ Learn by Heart လုပ်ရတဲ့ အတွက် မလုပ်ဖြစ်ဘဲ အချိန်တွေဆွဲ၊ စာမေးပွဲမရှိတော့ Deadline မရှိနဲ့ အချိန်တွေသာ ကုန်သွားတတ်ပါတယ်။ ဒီလို ကျောင်းတွေ မဖွင့်တဲ့အချိန်မှာ စာလုပ်နေတဲ့လူတွေလည်း သတိထားမိမှာပါ။ အချိန်တွေသာ တဖြည်းဖြည်းဆွဲပြီး ဘာမှ စာမပြီးသွားတာကို ခဏခဏ ကြုံဖူးကြပါတယ်။
📕အဲ့တာကြောင့်မလို့ ဒီလို Procrastination (အချိန်ဆွဲခြင်း)ကို ဖြစ်စေတတ်တဲ့ အဓိက အကြောင်းအရငါးတစ်ခုနဲ့ Procrastination ကိုရှောင်လွှားနိုင်ဖို့ နည်းလမ်းတွေထဲက တစ်ခုဖြစ်တဲ့ The 5-minute Rule ဆိုတာကို ဒီ article လေးမှာ ဖော်ပြလိုက်ပါတယ်။
📕(၁) အင်အားချိနဲ့ခြင်း
အချိန်ဆွဲရတဲ့ အကြောင်းအရင်းကို တော်တော်များများက ကိုယ်ကပဲပျင်းလို့ လို့ ထင်နေတတ်ကြပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ပျင်းတယ်ဆိုတာထက် ကိုယ်က အင်အားမရှိတာ ဖြစ်နေတတ်ပါတယ်။ တချို့ အလုပ်တွေဟာ ကိုယ်အား ဖြစ်စေ၊ ဉာဏအားဖြစ်စေ အလွန်ပင်ပန်းစေမှာမျိုးတွေ ရှိပါတယ်။ အဲ့တာကြောင့် အချိန်ဆွဲခြင်းကို ကျော်လွှားနိုင်ဖို့အတွက် အင်အားရှိအောင်၊ ကျန်းမာအောင် နေတာက အလွန်အရေးကြီးပါတယ်။ အိပ်ချိန်တန်အိပ်၊ စားချိန်တန်စားတာ စတာတွေက Procrastination ကို လျှော့ချစေနိုင်ပါတယ်။
📕(၂) The 5-minute Rule✔️
ဒီနည်းလမ်းလေးဟာ အသုံးဝင်သလောက် အလွန် ရိုးရှင်းပါတယ်။ ကိုယ် တစ်ခုခုလုပ်ဖို့ အချိန်ဆွဲနေတယ် ဆိုပါစို့။ အဲ့ဒီအချိန်မှာ Phone က Timer ကို 5 minutes Timer ပေးပြီး အလုပ်ကို တန်းလုပ်လိုက်ပါ။ ၅မိနစ်ပြည့်ပြီးသွားရင် ဆက်မလုပ်ချင် မလုပ်ခွင့်ရှိပါတယ်။ အဲ့ဒီမှာ ဘာဖြစ်သွားလဲဆိုရင် အလုပ်ကို လုပ်ပြီးလတ်စ လူက လုပ်တာကို မရပ်ဖြစ်ဘဲ ဆက်လုပ်ဖြစ်နေတာပါ။ ဒီမှာ အရေးကြီးတာတစ်ခု ရှိပါတယ်။ အမြဲတမ်း ၅ မိနစ် ပြီးရင် အလုပ်ဆက်လုပ်ရမယ်လို့ မမှတ်ထားပါနဲ့။ ဆက်မလုပ်ခွင့်ရှိပါတယ်။ ဆက်မလုပ်ဖြစ်ဘဲ ရပ်လိုက်ရင်လည်း ရပ်ခွင့်ရှိပါတယ်။ အဲ့တော့ ဘာမှ မလုပ်ဖြစ်တဲ့ အချိန် ၁၀ ခုလောက်မှ အနည်းဆုံးလောက် အလုပ်လုပ်ဖြစ်တဲ့ အချိန်၄ခု၅ခုလောက်တော့ တိုးလာတာပေါ့။ ဒါအလုပ်ဖြစ်တဲ့ အကြိမ် အရေအတွက်ကတော့ တစ်ယောက်နဲ့တစ်ယောက် ကွာခြားနိုင်ပါတယ်။ ဒါပေမယ့် ဘာမှ မလုပ်ဖြစ်တာနဲ့ယှဉ်ရင် တစ်စိတ်တစ်ဒေသလုပ်ဖြစ်တာက အများကြီးသာပါတယ်။
အဲ့တာကြောင့်မလို့ ဒီarticle ကို ဖတ်ပြီးပြီးချင်း Phone က Timer ကို 5 Minutes ပေး၊ ကိုယ်မလုပ်ဘဲ အချိန်ဆွဲထားတဲ့ အလုပ်တစ်ခုခုကို အခုချက်ချင်း ၅မိနစ်လောက် လုပ်ကြည့်လိုက်ပါ TYTimersတို့ရေ။🥰
ကျွန်တော်တို့ နောက်နေ့မှာ နောက် Self-Improvement Tip တစ်ခုနဲ့ ပြန်တွေ့ကြပါမယ်ခင်ဗျာ။🙆🏻♂️
#harry
#takeyourtime
#overcomingprocrastination
#selfimprovementtip
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments