🔎 Passport စာအုပ် အသစ်လုပ်မှာပဲဖြစ်ဖြစ်၊ သက်တမ်းတိုးမှာပဲဖြစ်ဖြစ် လိုတာတွေကတော့....👇
👉 မိမိမှတ်ပုံတင် မိတ္တူနှစ်စုံ (A4 တစ်မျက်နာတည်း အပေါ်အောက် ကူးရန်)
👉 အိမ်ထောင်စု မိတ္တူနှစ်စုံ
👉 သက်တမ်းတိုးဆိုရင်တော့ passport အဟောင်းမိတ္တူ နှစ်စုံလိုပါတယ်။
👉 အိမ်ထောင်စုမူရင်း၊ မှတ်ပုံတင်မူရင်း၊ သက်တမ်းတိုးဆိုလျှင် စာအုပ်အဟောင်းယူသွားရန် လိုအပ်ပါတယ်။
⚠️ ဖောင်ဖြည့်ဖို့လျှောက်လွှာတောင်း၊ လဝကစစ် အစရှိသည်ကဝော့ာ ရုံးတွင်ရောက်မှသာလျှင်မေးမြန်းသာပိုမြန်နိုင်ပါတယ်။
တစ်နေရာနှင့်တစ်နေရာမတူနိုင်တာမို့ မိမိသက်ဆိုင်ရာ ရုံးသို့ရောက်လျှင် မေးမြန်းနိုင်ပါတယ်။
လူဦးရေအလွန်များတာမို့စောစောသွားဖို့တော့လိုပါမယ်။
💁 ကျန်တာကတော့ Bubble Teaဖိုးတို့၊ စီလုံTeaဖိုးတို့ကဝောာ့ထုံးစံအတိုင်းပေါ့...
👉 ရန်ကုန်မှာလုပ်မည်ဆိုလျှင်ဆိုရင် QR Code အရင်ယူရပါမယ်။
🔗 QRယူရန် Link https://www.passport.gov.mm/user/booking (ရန်ကုန်ရုံးသီးသန့်သာ)
👉 မန္တလေးမှာလုပ်မည်ဆိုရင်တော့ Bookingကို ရုံးသို့ သွားယူရပါမယ်။ ကြိုယူရပါတယ်။
၈လပိုင်းbookingသွားတောင်းရင်တောင် ၂လပိုင်းမှရတာမို့ သက်တမ်းတိုးမယ့်သူတွေဆို Passport သက်တမ်းကုန်ခါနီး ၆လလောက် ကြိုပြီး ဘိုကင်ယူမှအဆင်ပြေပါမယ်။
⚠️မဟုတ်ရင် ဘိုကင်တိုးရတာနဲ့သက်တမ်းကုန်ပြီး ဒဏ်ငွေဆောင်ရနိုင်ပါတယ်။
👉 ရန်ကုန်၊ မန်းလေးက လူဦးရေအင်မတန်များတာမို့ အရေးတကြီးအမြန်လိုတဲ့သူဆိုလျှင် မိမိနီးစပ်ရာအခြားနယ်သို့၊ passportထုတ်ပေးရာ နယ်ရုံးများသို့ နယ်ကျော် အနေဖြင့် သွားရောက်လုပ်ဆောင်နိုင်ပါတယ်။
နယ်ကျော်ကြေးပေးဆောင်ရတာကြောင့် ငွေကြေးအနေနဲ့တော့ ပိုကုန်ကြနိုင်ပါတယ်။ခရီးစရိတ်တွေပါထည့်တွက်ထားသင့်ပါတယ်။
🇲🇲 မြန်မာနိုင်ငံ အနှံ့မှာရှိတဲ့ တိုင်းနှင့်ပြည်နယ်အလိုက် ပတ်စပို့ရုံး တွေရဲ့ လိပ်စာများ ဖော်ပြပေးလိုက်ပါတယ်။ မိမိ အိမ်ထောင်စု စာရင်းအလိုက် passport ရုံးများရှိရာသို့သွားရောက်လုပ်ဆောင်နိုင်ပါတယ်...
👉 ဥပမာ မိမိကပထမ အကြိမ် မန်းလေးမှာ လုပ်ထားပြီးသား သက်တမ်းတိုးချင်လျှင် အိမ်ထောင်စုစာရင်းက ကချင်ပြည်နယ်စာရင်းဆိုရင် မြစ်ကြီးနား passport ရုံးမှာ သက်တမ်းတိုးနိုင်ပါတယ်။
မိမိအိမ်ထောင်စု စာရင်းက မန္တလေးစာရင်းဖြစ်ပြီး ကချင်ပြည်နယ် မှာလုပ်လျှင်တော့ နယ်ကျော်လို့ သတ်မှတ်ပြီး နယ်ကျော်ခ ပေးဆောင်ရပါတယ်။
ထိုရုံးများတွင်လည်း အသစ်လုပ်သူ သက်တမ်းတိုးသူ နယ်ကျော်အသစ်လုပ်သူ နယ်ကျော်သက်တမ်းတိုးသူ ဆိုပြီး မနက် နေ့လည် ညနေ အချိန်ခွဲလုပ်ပေးတတ်တာမို့ နီးစပ်ရာ ရုံးသို့သွားပြီးအရင်စုံစမ်းသင့်ပါတယ်။ ရုံးသို့ရောက်လျှင် စာရေးမလေးတွေရှိတတ်ပြီး သူတို့ကို Service ခပေးကာ လုပ်ဆောင်လျှင် ပိုမြန်နိုင်ပါတယ်။ မိမိဖာသာ လုပ်လိုလျှင်လည်းရပါတယ်။
ဒါဆို အပင်ပန်းခံပြီး ရန်ကုန် မန္တလေးပြေးစရာမလိုတော့ဘူးနော်......
📌 ရန်ကုန်-ဆရာစံလမ်း နှင့် စက်မှု (၁)လမ်းထောင့်၊ ဗဟန်းမြို့နယ်။
📌 နေပြည်တော် –ပခ/၄ဝ-၄၁၊ နေပြည်တော်ကောင်စီလမ်း၊ကံလှရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်။
📌 မန္တလေး –အကွက် ၄၁၈၊ ၁၂ လမ်း၊ ၆၄ x ၆၆ ကြား၊ ဒေါနဘွားရပ်ကွက်၊ အောင်မြေသာဇံမြို့နယ်။
📌 မကွေးတိုင်း –ရွာသစ်ပွဲကြိုရပ်ကွက်၊ဆေးရုံလမ်း အနောက်ဘက်၊ မကွေးမြို့။
📌 ပဲခူးတိုင်း –အမှတ် (၁၁၁)၊ ဗန္ဓုလလမ်း၊ ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့။
📌 ဧရာဝတီတိုင်း –သစ္စာလမ်း၊ (၅)ရပ်ကွက်၊ ပုသိမ်မြို့။
📌 စစ်ကိုင်းတိုင်း –ရုံးကြီးလမ်း၊ ရုံးကြီးရပ်ကွက်၊ မုံရွာမြို့။
📌 တနသာင်္ရီတိုင်း –သစ်တောရုံးလမ်း၊ ဗျောတောဝရပ်ကွက်၊ ထားဝယ်မြို့။
📌 မွန်ပြည်နယ် –အရာတော်လမ်း၊ မောင်ငံရပ်ကွက်၊ မော်လမြိုင်မြို့။
📌 ရခိုင်ပြည်နယ် –လေဆိပ်လမ်း၊ စစ်တွေမြို့။
📌 ကချင်ပြည်နယ် –ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ သီတာရပ်ကွက်၊ မြစ်ကြီးနားမြို့။
📌 ချင်းပြည်နယ် –ပြည်နယ်မီးသတ်ရုံးလမ်း၊ ဈေးသစ်ရပ်ကွက်၊ ဟားခါးမြို့။
📌 ကယားပြည်နယ် –ဆေးရုံလမ်း၊ မင်းစုရပ်ကွက်၊ လွိုင်ကော်မြို့။
📌 ကရင်ပြည်နယ် –သီရိလမ်း နှင့် အ.ထ.က (၄) ကျောင်းလမ်းထောင့်၊ (၄)ရပ်ကွက်၊ ဘားအံမြို့။
📌 မြဝတီမြို့ –ရန်ကင်းလမ်းသွယ်၊ (၄)ရပ်ကွက်၊ မြဝတီမြို့။
📌 ကော့သောင်းမြို့ –အမှတ် (၉ဝ)၊ ဗိုလ်ချုပ်လမ်း၊အောင်သုခရပ်ကွက်၊ ကော့သောင်း။
📌 တာချီလိတ်မြို့ –အမှတ် (၁/ ၁၅၆)၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ တာချီလိတ်။
📌 ရှမ်း/တောင် (တောင်ကြီး) –အမှတ် (၂၉၁)၊ ဗိုလ်ချုပ်လမ်း၊မြို့မရပ်ကွက်၊ တောင်ကြီးမြို့။
📌 ရှမ်း/မြောက် (လာရှိုး) –ရုံးကြီးလမ်း၊ နယ်မြေ (၇)၊ (၁)ရပ်ကွက်၊ လားရှိုးမြို့။
📌 ရှမ်း/အရှေ့ (ကျိုင်းတုံ) –တောင်ကြီးလမ်း၊ (၅) ရပ်ကွက်၊ ကျိုင်းတုံမြို့။
⚠️ အသစ်လုပ်သူများသတိထားရမှာက passport အမျိုးအစား မျိုးစုံရှိတာကိုပါ။
👉 မိမိ မည့်သည့်စာအုပ်လုပ်ရမည်ဆိုတာကို ကြိုတင်ဆုံးဖြတ်ထားသင့်ပါတယ်။
အများစုကတော့ PV နဲ့ PJ လုပ်ကြတာများပါတယ်။
👉 PJ လုပ်မယ်ဆိုလျှင် Labour Card အရင်လုပ်ရပါမယ်။ သက်ဆိုင်ရာ Labour ရုံးသို့သွားပြီး ကဒ်ရမှသာ passport လုပ်ဖို့ ဆက်လက်လုပ်ဆောင်ရပါမယ်။
Labour ကဒ်က တစ်ရက်နဲ့ အပြီးရပါတယ်။
မြန်မာနိုင်ငံကူးလက်မှတ်အမျိုးအစားများ.......
🔸အလည်အပတ် (PV) (Passport for Visit)
အလည်သွားရောက်ရန်အတွက်ဖြစ်ပါသည်။
🔸သင်္ဘောသား (PS) (Passport for Seaman)
သင်္ဘောပေါ်တွင် အလုပ်လုပ်ရန်အတွက်ဖြစ်ပါသည်။
🔸စီးပွားရေး (PB) (Passport for Business)
ကုမ္ပဏီလုပ်ငန်းများနှင့်ပတ်သက်၍လေ့လာခြင်း၊ အစည်းအဝေးများ တက်ရောက်ခြင်းအတွက်ဖြစ်ပါသည်။
🔸ပညာရေး (PE) (Passport for Education)
သင်တန်းများ၊ ကျောင်းများတက်ရောက်ရန်အတွက် ဖြစ်ပါသည်။
🔸အလုပ် (PJ) (Passport for Job)
ကုန်းပေါ်၌အလုပ်လုပ်ရန်ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံများ၏ အလုပ်သမားအခွင့်အရေးများ ရရှိရန်အတွက်ဖြစ်ပါသည်။
🔸ဘာသာရေး (PR) (Passport for Religious)
ပြည်ပနိုင်ငံများတွင် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်ဖြစ်ပါသည်။
🔸မှီခို (PT) (Passport for Dependent)
ပြည်ပတွင် အလုပ်လုပ်ကိုင်နေသူအား မှီခိုနေထိုင်ရန် လိုက်ပါမည့်မိသားစုဝင်များအတွက် ဖြစ်ပါသည်။
🔗 အသေးစိတ်အချက်အလက်များကို အောက်ပါ Webiste တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်...ခင်ဗျာ👇
https://www.passport.gov.mm/
ဒါနဲ့ Notary ပြန်မယ်ဆိုရင် Take Your Time - Online Notary Services မှာအဆင်ပြေအောင်
ဆောင်ရွက်ပေးပါတယ်ခင်ဗျာ။
#takeyourtimemyanmar
#passport
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments