Portfolio တစ်ခုဆိုတာ...

Details

Portfolio တစ်ခုဆိုတာ...

အရင်ခေတ်ကအလုပ်လျှောက်တော့မယ်ဆိုရင် CV Form တစ်ခုတည်းနဲ့လုံလောက်ပါတယ်။ ကိုယ့်ရဲ့တတ်ကျွမ်းတဲ့ Skills တွေ၊ Work Experience တွေကိုများသောအားဖြင့် Interview ကြမှမေးကြတာများပါတယ်။

နောက်ပိုင်းကြတော့ CV Form ကိုကိုယ်ရေးအကျဉ်းလောက်ပဲဖော်ပြဖို့သုံးလာပြီးတော့ Cover Letter တွေ၊ Resume တွေမှာပဲ ကိုယ်ရဲ့ Development Skills တွေ၊ Education တွေ၊ Work Experience တွေကိုတသီးတခြားဖော်ပြလာကြတယ်။ ကိုယ်စိတ်ဝင်စားတဲ့အရာတွေ၊ ကိုယ့်ရဲ့ကိုယ်ရေး Introduction အကျဉ်းလောက်ကို သေချာလေးဖော်ပြလို့ရသွားတာပေါ့ ▪️

ဒါကလက်ရှိထိကို မြန်မာနိုင်ငံမှာသွားနေတဲ့ အလုပ်လျှောက်တဲ့ Flow လို့ပြောလို့ရပါတယ်။ ကျွန်တော်က Organization နှစ်ခုလောက်မှာအလုပ်လုပ်ခဲ့ဖူးတာဆိုတော့ Volunteer Position အတွက်အလုပ်ခေါ်လို့ လာလျှောက်ကြပြီဆိုရင် တချို့က -

🔸CV Form သီးသန့်
🔸CV Form + Resume
🔸CV Form + Cover Letter

စသဖြင့် ပုံစံတွေနဲ့လာလျှောက်ကြတာများတယ်။ တချို့ဆိုရင် Resume ချည်းသက်သက်နဲ့တောင်လာကြတာရှိတယ်။ ဒါကမှားနေလို့ ပြောနေတာလားဆိုရင်တော့ လုံးဝမဟုတ်ပါဘူး။

ဒီ Flow ကပုံမှန်အလုပ်တစ်ခုကိုလျှောက်တဲ့အခါမှာဘာကိစ္စမှမရှိပါဘူး။ ဒါပေမဲ့ ကိုယ်က Organization (or) Company ခပ်ကြီးကြီးမှာအလုပ်လျှောက်တော့မှာ၊ ဒါမှမဟုတ် Professional ကျကျအလုပ်လျှောက်တော့မယ်ဆိုရင်တော့ ဒီထက်ပိုလိုအပ်လာပါပြီ။

▫️▫️▫️▫️▫️▫️▫️

ဒီခေတ်ကြီးမှာက အပြိုင်အဆိုင်တွေအရမ်းများပါတယ်။ ခုလိုကာလမှာပိုလို့တောင်များပါသေးတယ်။ အကုန်လုံးက အလုပ်လိုအပ်နေတဲ့အချိန်မှာ အလုပ်တစ်ခုကိုကိုယ့်လိုပဲ ရာနဲ့ချီ၊ ထောင်နဲ့ချီတဲ့သူတွေကလာလျှောက်ကြမှာပါ။ အလုပ်ရှင်တွေကလည်းလျှောက်သမျှ Form တိုင်းကိုလိုက်မကြည့်နိုင်ပါဘူး၊ နောက်ပြီး CV Form တစ်ခုတည်းတို့၊ Resume လေးတစ်ခုတည်းတို့ဆိုလည်း ကျော်သွားကြမှာပါ။ အလုပ်ရှင်တွေက အာရွှီးပြီးရေးထားတဲ့ ကိုယ့်ရဲ့ CV Form ကိုအဲ့လောက်အချိန်ပေးမဖတ်ကြပါဘူး။

ဆိုတော့ အလုပ်ရှင်တွေကိုယ့်ကိုမျက်စိကျအောင်ဘယ်လိုလုပ်ရမလဲ ❓

အလုပ်ရှင်တွေ တကယ်တမ်းကျွန်တော်တို့ဆီကလိုချင်တာက သူတို့အလုပ်အတွက်ဘာတွေလုပ်ပေးနိုင်မလဲဆိုတာကိုပါ။ ဒါတွေကို အလုပ်လျှောက်စာမှာအာရွှီးပြီးစာအရှည်ကြီးနဲ့ပြောပြစရာမလိုပါဘူး။ ကိုယ့်အလုပ်လျှောက်စာကိုကြည့်ပြီး ကိုယ်ဘာတွေလုပ်ပေးနိုင်မလဲသိဖို့ဆိုတာ ကိုယ့်ရဲ့လုပ်ဖူးတဲ့ Project Demo တွေ၊ ကိုယ်ရဲ့ကိုယ်ပိုင် ဖန်တီးမှုတွေကို တစ်စုတစ်စည်းတည်းဖော်ပြရုံပါပဲ။

ဒီနေရာမှာ Portfolio ဆိုတဲ့အခန်းက္ဏကဝင်လာတာပေါ့ 🔹

Portfolio ကိုအရှင်းဆုံးပြောပြရမယ်ဆိုရင် ကိုယ့်ရဲ့အကောင်းဆုံးဖန်တီးမှုတွေကို တစ်နေရာတည်းမှာ Demo အနေနဲ့စုစည်းဖော်ပြထားတာပါ။ ဒီ Portfolio က

• PowerPoint Presentation လေးတစ်ခုဖြစ်ရင်ဖြစ်မယ်၊
• PDF File လေးလည်းဖြစ်ရင်ဖြစ်မယ်၊
• နည်းပညာနဲ့အကျွမ်းတဝင်ရှိတဲ့သူတွေဆိုရင် Website အသေးလေးလုပ်ပြီး ကိုယ့်ရဲ့ Project လေးတွေကိုစုစည်းဖော်ပြတာမျိုးလည်းရှိပါသေးတယ်...

ဒီနေရာမှာ Project လို့ပြောလို့ ကြီးကြီးမားမားတွေလျှောက်မတွေးပါနဲ့။ ကိုယ်လုပ်ဖူးတဲ့ဘယ် Work မဆိုဖော်ပြလို့ရပါတယ်။ ဥပမာ - Content Writer လျှောက်မယ့်သူဆိုရင် ကိုယ်ရေးဖူးတဲ့ Content အတို၊အရှည်လေးတွေထည့်ပေးတာမျိုး၊ Graphic Designer ဆိုရင်လည်း ကိုယ်ဆွဲဖူးတဲ့ Design တွေထဲက သဘောကျတာလေးတွေထည့်ပေးတာမျိုးကိုပြောတာပါ။

တစ်ခုတော့ရှိတာပေါ့... ကိုယ်လုပ်ဖူးတဲ့ဟာတွေဆိုပေမဲ့ အကုန်ထည့်စရာလည်းမလိုသလို၊ ကြုံသလိုလုပ်ထားတာတာမျိုးတွေတော့မဖြစ်ပါစေနဲ့။ အလုပ်လျှောက်နေတာဖြစ်တဲ့အတွက် အရာရာ သပ်သပ်ရပ်ရပ်လေးတော့ရှိပါစေ

ဒီလိုဖော်ပြတဲ့အခါမှာ ကျွန်တော်တို့အလုပ်ခေါ်တဲ့သူဘက်ကနေကြည့်မယ်ဆိုရင် ဒီလူဘာတွေလုပ်ပေးနိုင်မလဲဆိုတာကို Interview မရောက်ခင်လက်တွေ့တန်းသိနိုင်ပြီးတော့၊ ခန့်သင့်မခန့်သင့်ဆိုတာလည်းဆုံးဖြတ်ထားလို့ရသွားတာပေါ့။ ကိုယ့် Project တွေကအလုပ်နဲ့မကိုက်ရင်တောင်မှပဲ "ဪ သူဒီလိုလေးတော့လုပ်ပေးထားပါလား" ဆို​ပြီး Priority ထားတတ်ကြပါတယ်။

Portfolio ကိုဘယ်လိုလူတွေအသုံးများလဲ❓

များသောအားဖြင့်တော့ Designer တွေ၊ Developer တွေကတော့အလုပ်လျှောက်ရင် Portfolio တစ်ခုကတော့မရှိမဖြစ်လိုပါတယ်။ ကျန်တဲ့အလုပ်တွေမှာလည်းအသုံးဝင်ပါတယ် ခုဏကပြောသလို Content Writer တွေဆိုလည်း Content လေးတွေကိုစုပြီးဖော်ပြပေးတာမျိုးလိုပါ။

Portfolio လုပ်ဖို့အတွက်လည်း Website တွေ၊ Tools တွေရှိပါတယ်။ ဥပမာ နာမည်ကြီးတဲ့ထဲမှာဆိုရင် -

Behance >> behance.net
Adobe Illustrator
Adobe Portfolio

ကိုယ်ကနည်းပညာနဲ့အကျွမ်းတဝင်မရှိပါဘူးဆိုရင်တောင် အနည်းဆုံးတော့ ကိုယ့်ရဲ့ Project တွေကို Folder လေးလုပ်ပြီးတော့ ပို့ပေးသင့်ပါတယ် ✔️

ကဲ ဒီနေ့မှာတော့ အလုပ်တစ်ခုကို Professional ဆန်ဆန်လျှောက်တဲ့အခါမှာလိုအပ်တဲ့ Portfolio ဆိုတာဘာလဲ၊ဘယ်လိုအသုံးပြုရမလဲဆိုတာကို တီးခေါက်မိသွားမယ်ထင်ပါတယ်။ ဒီကာလကြီးမှာအလုပ်လျှောက်ကြမယ့်သူတွေလည်းကံကောင်းကြပါစေဗျ

သြော် လက်ဆောင်အနေနဲ့ကျွန်တော်တို့ Team Member တစ်ယောက်ရဲ့ Portfolio Website လေးကို အမြည်းကြည့်လို့ရအောင်ထည့်ပေးလိုက်ပါတယ်ဗျ

Portfolio >> https://barry463.github.io/barry_portfolio.io/

Have a nice day to u all 🧡✨

#barry
#takeyourtimemyanmar
#portfolio


Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!