Positive Societyတစ်ခုဖြစ်လာဖို့ Appreciation (အသိအမှတ်ပြုပေးခြင်း)က သက်ရောက်စေနိုင်လား❓

Details

ကျွန်တော်တို့ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ' ကျေးညီနောင် ' ပုံပြင်လေးကို လူတိုင်းသိမှာပါ။ နေထိုင်တဲ့ ဝန်းကျင်နှစ်ခု ကွဲပြားသွားတဲ့အခါ စရိုက်တွေ၊ အပြောအဆိုတွေ၊ အဆုံးသတ်တွေကအစ ကွာသွားတဲ့ ကျေးညီနောင်နှစ်ကောင်ကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ ' တံငါနားနီး တံငါ ၊ မုဆိုးနားနီး မုဆိုး ' စသဖြင့်ပြောကြလေ့ရှိပါတယ်။

Positive vibes တွေပဲ ကြားနေရတဲ့ ဝန်းကျင်မှာ နေရတဲ့သူနဲ့ အမြဲ negativeဘက်ကပဲ တွေးကြလေ့ရှိတဲ့ ဝန်းကျင်မှာ နေရတဲ့သူနှစ်ဦးဟာ အပြင်လောက ပတ်ဝန်းကျင်နဲ့ ထိတွေ့ကြတဲ့အခါ အခြားသူတွေအပေါ်ကို မြင်တဲ့အမြင်လည်း မတူညီကြတော့ပါဘူး။ဒါကြောင့် လူကြီးတွေက ကိုယ်က ဘယ်လောက်ပဲ တော်နေပါစေ ပတ်ဝန်းကျင်ကောင်းမှာသာမဟုတ်ရင် သူတို့လိုပဲ ဖြစ်သွားကြတာပဲလို့ ပြောလေ့ရှိတာပေါ့...

အဲ့တော့ အကောင်းမြင်တတ်တာနဲ့ပတ်သက်ပြီး positive mindsetတွေ တည်ဆောက်ကြတဲ့အခါ 'ဘယ်အရာမဆို အကောင်းဘက်က တွေးမယ်ဆို ကျေနပ်စရာကြီးပဲ' လို့ဆိုပြီး ပြောကြလေ့ရှိပါတယ်။ ဒါမဲ့ ကျွန်တော်တို့ဟာလည်း ပုထုဇဉ်လူသားတွေဆိုတော့ အမြဲတမ်း အကောင်းဘက်က ဖြည့်တွေးပေးဖို့ဆိုတာကလည်း လွယ်မယောင်နဲ့ တော်တော်ခက်ပါတယ်။
( ဥပမာ - ကိုယ်ပိုက်ဆံတွေ လိမ်သွားတဲ့သူကို “အော် သူလည်း စားဝတ်နေရေး မပြေလည်လို့ ဖြစ်မှာပါ ” ဆိုပြီးတော့ အကောင်းဘက်ကဖြည့်တွေးပြီး ကျေနပ်နေဖို့ဆိုတာ နောက်မှသာ ဖြေနိုင်ရင်ဖြေသာမယ် အစပိုင်းတော့ စိတ်တိုဝမ်းနည်းမိကြမှာပါပဲ)

အဲ့ဒီတော့ အရာရာတိုင်းကို အကောင်းဘက်က တွေးပြီးနေဖို့ ဆိုတာ ရာခိုင်နှုန်းအားဖြင့် လုပ်နိုင်တဲ့သူ အတော်လေးနည်းပါတယ် ( ဒေါသထွက်လာပီဆို ကိုယ့်စိတ်ကို ပြန်သတိပေးတာ၊ ကောင်းတဲ့အရာလေးတွေကို ဖြည့်ပီးတွေးပေးတာ.. စတဲ့ဟာတွေလောက်သာ လူအများစု လုပ်နိုင်မှာပါ )
ဘာလို့ဆို လူတိုင်းက သူတို့ရဲ့ နေ့စဉ် နိစ္စဒူဝအလုပ်တွေလုပ်ကြရတဲ့အခါ စိတ်အခြေအနေတွေ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ကိုယ့်စိတ်တောင် လက်တစ်ဖျောက်မှာ ကုဋေတစ်သိန်းခန့်ပြောင်းလဲနေတယ်လို့ ပြောကြလေ့ရှိတာဆိုတော့ လူအများကြီးရဲ့စိတ်တိုင်းကို အမြဲတမ်းကြီး အကောင်းဘက်က ဖြည့်တွေးပေးနိုင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။

အဲ့ဒီတော့ ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်လာဖို့အတွက် အများကြီးမလုပ်ပေးနိုင်ရင်တောင် ကိုယ်ကိုယ်တိုင်က ပတ်ဝန်းကျင်ကလူတွေကို စကားကောင်းလေးတွေ ပြောပေးတာမျိုး ၊ ပြုံးပြပေးတာမျိုး.. စတဲ့အရာ‌သေးသေးလေးတွေကနေတော့ ဖန်တီးတည်‌ဆောက်ပေးလို့ရပါတယ်...

🔷 အဲ့လိုတွေထဲကမှ Appreciation ဆိုတဲ့ အသိအမှတ်ပြုပေးခြင်း/ကျေးဇူးသိပေးခြင်း ဆိုတဲ့အရာကလည်း positive society တစ်ခုဖြစ်လာဖို့ ဖန်တီးပေးနိုင်လားဆိုတာ စဉ်းစားကြည့်လိုက်ရအောင် 🤔

Appreciation ဆိုတာ ' recognition and enjoyment of the good qualities of someone or something ' ဆိုပြီး အဓိပ္ပါယ် ဖွင့်ဆိုထားတာကို အဘိဓာန်တွေထဲမှာ တွေ့ရမှာပါ။
– တစ်စုံတစ်ခု ( သို့ ) တစ်စုံတစ်ယောက်ရဲ့ ကောင်းတဲ့အရည်အချင်းလေးတွေကို ဝမ်းမြောက်ဝမ်းသာ အသိအမှတ်ပြုပေးခြင်း ပေါ့

ဆိုတော့ အရင်ဆုံး ဟိုးအဝေးကြီးထိမကြည့်ပါနဲ့အုံး... ကိုယ့်မိသားစုထဲမှာတင် ကိုယ့်အစ်မက ကိုယ့်ဖို့ အပြင်က‌နေ သတိတရ မုန့်ဝယ်လာပေးတဲ့အခါ ကျေးဇူးတင်ကြောင်း ‌‌ပြောပေးတာမျိုး ၊ မိဘက အိမ်အလုပ်ကူလုပ်ပေးလို့ သားသမီးကို ကျေးဇူးတင်ပေးတာမျိုး ၊ လုပ်ငန်းခွင်မှာဆိုလည်း အလုပ်ရှင်က ဝန်ထမ်းတွေကို အသိအမှတ်ပြုပွဲလေးတွေ လုပ်ပေးတာမျိုး..စသဖြင့်ပေါ့ ၊
သာမန်လုပ်ပေးတဲ့အလုပ်လေးတွေကိုတောင် ဘာမှအပင်ပန်းကြီးမဟုတ်ပါဘူး ဆိုပြီးနေမဲ့အစား “ကျေးဇူးတင်ပါတယ် ” ၊ “ တော်လိုက်တာ ”... စသဖြင့် နှုတ်နဲ့ပဲဖြစ်ဖြစ် ၊အမူအရာနဲ့ပဲဖြစ်ဖြစ် သူတို့လုပ်ပေးတဲ့အရာလေးတွေကို အသိအမှတ်ပြုပေးလိုက်တဲ့အခါ appreciateလုပ်ခံရတဲ့သူလည်းပျော်သွားပြီး နောက်တစ်ခါဆက်လုပ်ဖို့အတွက် အားအင်အသစ်တွေရသွားမှာပါပဲ...

🔷 နောက်တစ်ခု ကျွန်တော်တို့က ကျွန်တော့်တို့ဝန်းကျင်ကလူတွေကို appreciateလုပ်ပေးတတ်ကြပေမဲ့ တစ်ခါတစ်လေကျ ကိုယ့်ကိုယ်ကို appreciateလုပ်ပေးဖို့ကျ မေ့နေတတ်ကြပါတယ်😑
– ကိုယ်နဲ့ ရွယ်တူတွေ ၊ ကိုယ့်ထက် ငယ်တဲ့သူတွေ အောင်မြင်နေကြတာကို တွေ့ရတဲ့အခါ " ကိုယ့်မှာ အသုံးကျတာ တစ်ခုမှ မရှိသေးပါလား " ဆိုပြီး သိမ်ငယ်စိတ်တွေ ဝင်ဝင်သွားတတ်တာမျိုး၊ လူကြီးတွေဆိုလည်း အသက်ကြီးလာတဲ့အခါ ကိုယ့်ကိုယ်ကို အသုံးမဝင်တော့ဘူးလို့ ခံစားလာရပြီး စိတ်ဓာတ်ကျတတ်တာမျိုး...စသဖြင့် ကိုယ့်ကိုယ်ကို negative တွေ တွေးမိတတ်ကြတယ်။
အဲ့လို negative တွေ တွေးမိလာတဲ့အခါမျိုးမှာ အရင်တုန်းက ကိုယ် အခက်အခဲတွေကို ဖြတ်သန်းခဲ့တာတွေ ၊ လူတွေကို ကူညီခဲ့ဖူးတာတွေ ..စတဲ့ ကိုယ်‌ကောင်းတဲ့အရာလေးတွေလုပ်ခဲ့တာကို ပြန်တွေးပြီး ကိုယ့်ကိုကိုယ် appreciate လုပ်ပေးပြီး remind ပြန်လုပ်ပေးဖို့လည်း လိုပါတယ်။

William James ပြောသလို
“ The deepest craving of human nature is the need to be APPRECIATED ”ဆိုသလိုပေါ့ ...
ကိုယ်တိုင်ကအစ ကလေး‌လေးတွေ၊ အဘိုး‌/အဘွားတွေအထိ "အသိအမှတ်ပြုခံရခြင်း" ဆိုတဲ့ စိတ်ကို လူသားတိုင်း သိစိတ်ကရော မသိစိတ်ကရော လိုချင်ကြပါတယ် ။
အဲ့ဒီတော့ ကိုယ့် မိဘတွေ၊ ဆွေမျိုးတွေ၊ သူငယ်ချင်းမိတ်ဆွေတွေ ၊ ချစ်ရတဲ့သူတွေ ကိုလည်း အရင်တုန်းကမပြောဖြစ်ခဲ့ရင်တောင် ခုကစပြီး " ကိုယ်နဲ့အတူ ခုချိန်ထိရှိနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် " ဆိုတဲ့ စတဲ့အကြောင်းတွေ မကြာခဏ သွားပြောပေးပါ။
အနည်းဆုံးတော့ 'သူ့တို့ကို အသိအမှတ်ပြုပေးတာပဲ' ဆိုပြီး စိတ်ချမ်းသာသွားမှာတော့ အသေအချာပါပဲ 🤍

Appreciation လုပ်ပေးတတ်တဲ့ အဖွဲ့အစည်းတစ်ခုဟာ တစ်ဦးမှတစ်ဦး အဆင့်ဆင့် စိတ်ချမ်းသာစရာတွေ သယ်ဆောင်လာပေးတတ်တဲ့ society တစ်ခုဖြစ်နေမှာပါပဲ✨

ဒါကြောင့် TYTimers တို့လည်း ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို တတ်နိုင်သမျှ appreciateလုပ်ပေးကြရင်း ကိုယ့်ကိုယ်ကိုလည်း Appreciateလုပ်ပေးဖို့ မမေ့ဘဲ သာယာလှပတဲ့ societyတစ်ခု အတူ တည်ဆောက်ကြရအောင်✨🙆‍♂️

TYTimers တို့‌တွေရော Appreciationလုပ်ပေးလေ့ရှိကြလား/appreciate လုပ်ပေးခံရဖူးလား ?

Appreciation နဲ့ပတ်သက်ပြီး အမှတ်တရတွေ/အကြံပြုချင်တာတွေ ရှိခဲ့ရင်လည်း ဆွေးနွေးပေးသွားလို့ ရပါတယ်ခင်ဗျ 💌

#austle
#Appreciation
#PositiveSociety
#takeyourtimemyanmar


Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!