Privacyကို လေးစားခြင်းဆိုသည်မှာ💁🏻

Details

ကျွန်တော်တို့ နိုင်ငံမှာ အသက် ငယ်ငယ်တည်းက Privacyနဲ့ ပတ်သတ်ပြီး ရင်းနှီးမှု မရှိခဲ့ကြဘူး။ ဥပမာပြောရမယ်ဆိုရင် ကျွန်တော်တို့တွေ ဆယ်ကျော်သက်အရွယ်ရောက်ပေမယ့်လည်း မိဘတွေဆီကနေ Privacy လေးစားမှုကို ဘယ်တော့မှ မရခဲ့ကြဘူး။ ကိုယ်မဟုတ်တာ ဘာမှမလုပ်လည်း ကိုယ့်ရဲ့ Phoneက Message တွေကို ဝင်ဖတ်ခံရတယ်။ တချို့လူငယ်တစ်ချို့ဆိုရင် သူ့အခန်းထဲမှာ CCTV တပ်ထားတာတွေဘာတွေပါ ကြုံခဲ့ရဖူးတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်လုပ်ရမယ့် အရွယ်ရောက်တဲ့ထိလည်း ကိုယ့်ရဲ့ Personal Life ကို စွက်ဖက်တာခံခဲ့ရပြန်တယ်။ ဆိုတော့ ကျွန်တော်တို့ကိုယ်တိုင်လည်း Privacy ဆိုတာ ဘာလဲ နားမလည်ကြဘူး။ Social Boundary တွေကိုလည်း နားမလည်ကြပြန်ဘူး။ ဒီလိုနဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ တစ်ချိန်မဟုတ် တစ်ချိန်မှာ ကြုံကြိုက်လာကြပါတော့တယ်။


ဒီလို Information and Technology ခေတ်ရောက်လာတော့ ဒီပြဿနာတွေက အဆမတန်ကြီးမားလာတယ်။ ဒီပြဿနာတွေအတွက် မိဘတွေကို အပြစ်ပြောလို့လည်း မရပြန်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ကိုယ်တိုင်လည်း Privacyကို လေးစားမခံရဘဲ ကြီးပြင်းလာကြတာက များတာကိုး။ ဆိုတော့ တစ်ဦးက အခြားသူရဲ့Privacy ကို မလေးစား၊ အလေးစားမခံရတဲ့သူကလည်း အခြားသူရဲ့ Privacy ကိုပြန် မလေးစား၊ ဒီလိုနဲ့ သံသရာလည်နေရင်တော့ အဆင်မပြေလှပါဘူး။ အဲ့တာကြောင့် ဒီသံသရာလည်နေတာတွေကို အဆုံးသတ်ဖို့၊ မလိုလားအပ်တဲ့ လူမှုပြဿနာတွေ မဖြစ်စေဖို့ ကျွန်တော်တို့ကိုယ်တိုင် Privacy ကို လေးစားတဲ့ အကျင့်လေးတွေ မွေးထုတ်ကြဖို့ လိုအပ်လှပါတယ်။ ဒါကြောင့် ဒီ Article လေးမှာ Privacyနဲ့ ပတ်သတ်တဲ့ Ethic လေးတွေ၊ လိုအပ်တဲ့ စိတ်ထားနဲ့ အလေ့အကျင့်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျ....


၁။ Protect Your Privacy - မိမိ Privacy ကို ကာကွယ်ပါ

မိမိရဲ့ Privacyကို ကာကွယ်တတ်ဖို့က အလွန်အရေးကြီးတဲ့ အချက်ပါ။ သူများကို အသိခံမယ့် ကိုယ့်ရဲ့ Informationနဲ့ ဘယ်သူ့ကိုမှ အသိမခံမယ့် ကိုယ့်ရဲ့ Informationကို အမြဲ ကွဲကွဲပြားပြား သိဖို့ လိုအပ်ပါတယ်။ အကယ်၍ ကိုယ့်ရဲ့ အသိမိတ်ဆွေ၊ သူငယ်ချင်းတစ်ဦးဦးက ကိုယ်ရဲ့ Privacy ကို မလေးစားခဲ့ရင်လည်း ပွင့်ပွင့်လင်းလင်း ပြောဖို့ ဝန်မလေးပါနဲ့။


၂။ Respect Others’ Privacy - အခြားသူရဲ့ Privacyကို လေးစားပါ

အခြားသူရဲ့ Privacy ကို လေးစားခြင်းကတော့ အရေးကြီးဆုံးအချက်ပါ။ အခြားသူရဲ့ အတွင်းရေးကိစ္စကို မသိချင်၊ မစပ်စုချင်တာက အခြားသူရဲ့ Privacyကို လေးစားတယ်ဆိုတာတော့ လူတိုင်းသိပြီးသားဖြစ်တဲ့အတွက်အထူးတလည်ပြောစရာမလိုပါဘူး။ သို့သော် ကိုယ်က အခြားသူရဲ့ Privacy ကိုလေးစားတယ်လို့ ထင်ပေမယ့် ကိုယ်က ချိုးဖောက်မိနေတာတွေအများကြီးပါ။ ဥပမာ - လူတစ်ဦးနဲ့ ပြောထားတဲ့ Messenger Conversation ကို အခြားသူကို သွားပြတယ်။ လူမှုကွန်ယက်ပေါ်တင်တယ်။ ဒါက Privacy ချိုးဖောက်မှု အကြီးကြီးပါပဲ။ အခြားသူရဲ့ ဖုန်းက Messageကို မတော်တဆ ကြည့်လိုက်မိတယ်။ ဒီလိုမတော်တဆမဖြစ်အောင်လည်း ဆင်ခြင်ဖို့လိုပါတယ်။

လူတစ်ဦးတစ်ယောက်ရဲ့ ပုံကို အဝေးကနေ လှမ်းရိုက်တယ်။ ကာယကံရှင်ရဲ့ ခွင့်ပြုချက်မရဘဲ ဒီလို ရိုက်တာကလည်း Privacyကို ချိုးဖောက်ခြင်းပါပဲ။ လူတစ်ဦးက Public နဲ့တင်ထားတဲ့ ပုံကိုတောင် Screenshotနဲ့ ပြန်မတင်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ ကာယကံရှင်ရဲ့ Privacyမှာ “Control over Information” ဆိုတာလည်း ပါပါတယ်။ ကိုယ်က Screenshotနဲ့ ပြန်တင်လိုက်ခြင်းအားဖြင့် ကာယကံရှင်ရဲ့ “Control over Information” ကို ဖျက်ဆီးလိုက်တာပါပဲ။ ဘာလို့လဲဆိုတော့ ကာယကံရှင် ကိုယ်တိုင် ဒီPostကို ပြန်ဖျက်ချင်တယ်ဆိုရင် ဒီ Screenshot နဲ့ တင်ထားတဲ့ Post ကို သူဖျက်လို့ရမှာမဟုတ်တော့ပါဘူး။ လွန်ခဲ့တဲ့ တစ်ရက်၊ နှစ်ရက်ကတင် Shitty Artworks က အစ်ကို​လည်း ဒီလို Privacy အချိုးဖောက်ခံရပြီး ပြသနာတွေ တော်တော်ကြီးသွားတာအမှတ်ရကြမယ်ထင်ပါတယ်။

၃။ Don’t share everything on Social Media - Social Mediaမှာ မိမိအကြောင်း အကုန်မတင်ပါနဲ့

ဆက်သွယ်ရေးမှာ အလွန် အထောက်အကူပြုပေမယ့် Social Media Tech Companyတွေဆိုတာ Ethic မရှိတကာ့ မရှိဆုံးတွေထဲမှာ ထိပ်ဆုံးကပါ။ ကျွန်တော်တို့ရဲ့ Information တွေကို အလွယ်တကူရတယ်။ Post/story တစ်ခုကို ဘယ်လောက်ကြာကြာကြည့်တယ်ကစ မှတ်တမ်းတွေယူတယ်။ ကျွန်တော်တို့ရဲ့ Informationတွေကို Statistics နဲ့ ပြုစုပြီး ကျွန်တော်တို့ဆီကနေ အချိန်မရွေး အမြတ်ထုတ်သွားလို့ရပါတယ်။
(Social Mediaတွေ အကြောင်းကို The Social Dilemma (Documentary)မှာ ကြည့်ဖို့ Recommendပေးပါတယ်ခင်ဗျ)

၄။ Privacy is a human right - Privacy ဆိုတာ လူ့အခွင့်အရေးပါ

နောက်ဆုံး အနေနဲ့ ဖော်ပြချင်တာကတော့ Privacy ဆိုတာ လူ့အခွင့်အရေးပါ။ ဒါကြောင့် Privacyကို လေးစားသင့်တယ်ဆိုတာထက်၊ လေးကိုလေးစားရမယ်ဆိုတာကိုအသိပေးလိုက်ရင်းနဲ့ပဲ နိဂုံးချုပ်အပ်ပါတယ်ခင်ဗျာ။

TYTimers တို့ အနေနဲ့ရော Privacy နဲ့ ပတ်သတ်ပြီး ကိုယ့်အနေနဲ့ဘယ်လိုခံယူထားလဲ၊ နောက်ပြီး လက်ရှိဖြစ်ပျက်နေတဲ့ Privacy ပြဿနာတွေအပေါ်မှာရောဘယ်လိုမြင်လဲဆိုတာကို ဝင်ရောက်ဆွေးနွေးသွားကြပါဦးခင်ဗျာ။

အားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေး ဖြစ်ပါစေ🙆🏻‍♂️

#harry
#takeyourtime
#privacy


Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!