Recommendation Letter အကြောင်းတစေ့တစောင်း

Details

🌻 TYTimers တို့ရေ Morning ပါဗျ 🌻
ဒီမနက်အတွက် စကော်လာတွေလျှောက်တဲ့ အခါ မရှိမဖြစ်လိုအပ်တဲ့ “Recommendation Letter” အကြောင်း ဝေမျှပေးပါရစေ…✍️
✔️ “Recommendation Letter” ဆိုတာကို ကျွန်တော်တို့ စကော်လာတွေလျှောက်တဲ့ အခါ မဖြစ်မနေတောင်း ကြပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ အချက်ကတော့ တခြားသော စာရွက်စာတမ်းတွေဖြစ်တဲ့ GPA တို့၊ Grades နဲ့ Test Scores တို့လို အမှတ်ဂဏန်းတွေကို ရေတွက်ပြီး ဒီ ကျောင်းသားဟာ ဒီ စကော်လာအတွက် ဘယ်လောက် “Qualified” ဖြစ်လဲ ဆိုတာကိုတိုင်းတာလို့မရသလို ဝင်ခွင့် ရရှိနိုင်လောက်တဲ့ အထိကောင်းမွန်စွာရေးသားနိုင်ဖို့ဆိုတာလည်း ခက်ပါတယ်။ လူသိများတဲ့ စကော်လာတွေမှာဆို “Recommandatoin Letter” တွေ တပုံတပင် လက်ခံရရှိ ပါလျက်နဲ့ တကယ့် ဝင်ခွင့်ကိုတော့ လူအနည်းစုကိုသာ ပေးအပ်နိုင်တာမို့ ဒီ အခန်းကဏ္ဍ ဟာလည်း တခြားသော Essays တို့၊ Personal Statement တို့လိုပဲ အရေးကြီးတဲ့ နေရာမှာပါဝင်နေပါတယ်…
✔️ ဒါဆိုရင်တော့ “Recommendation Letter” တစ်ခုကို ရေးတဲ့ အခါ သိထားသင့်တဲ့ အကြောင်းအရာ တချို့ကိုဝေမျှ ပေးသွားချင်ပါတယ်…
✒️ ဘာကြောင့် စကော်လာတွေ လျှောက်တဲ့အခါ “Recommendation Letter” ကိုလိုအပ်တာလဲ?
“Selection Committee” အနေနဲ့ လျှောက်လွှာတွေကို သုံးသပ်တဲ့ အခါ သတ်မှတ်ထားတဲ့ သက်တမ်းအတွင်း ခေါင်းပေါ်က သန်းရှာသလို “Recommendation Letters” တွေကို မျှတစွာ ရှာဖွေသုံးသပ်ရပါတယ်။ အဲ့ဒီ အထဲကမှ “Selection Committee” ကို လျှောက်ထားတဲ့ ကျောင်းသားရဲ့ “Academic Strength” နဲ့ စကော်လာ ရရှိနိုင်တဲ့ အလားလာကောင်းတွေကို လုံးလုံးလျားလျား နားလည်အောင်ဖော်ပြပေးနိုင်တဲ့၊ “Scholarship Foundation” က လိုချင်တဲ့ အရည်အချင်းတွေကို လျှောက်ထားသူ အနေနဲ့ ဘယ်လိုထုတ်ဖော်ပြသလဲ ဆိုတဲ့ အပေါ် မျှတတဲ့ ရှုထောင့် ကိုဖော်ပြနိုင်တဲ့ “Recommendation Letter” ကိုပိုလို့ သဘောတွေ့တတ်ကြပါတယ်…
✒️ စကော်လာအတွက် ရေးတဲ့ “Recommendation Letter” မှာ ဘာတွေပါဝင်သင့်သလဲ?
ကိုယ်က ကိုယ့်ကို “Recommend” ပေးမယ့် ဆရာ/ဆရာမ ကိုသိပေမယ့် ကိုယ့်ရဲ့ ဆရာ/မ ရှုထောင့်ကနေကြည့်မယ်ဆိုရင်တော့ ကိုယ်တစ်ယောက်တည်းကိုပဲ သူသိတာမဟုတ်ပါ။ ကိုယ့်လိုပဲ တခြားကျောင်းသား/သူတွေကိုလည်း “Recommend” ပေးရတာမျိုးဖြစ်တာကြောင့် သူပေးတဲ့ “Recommendation Letter” မှာပါဝင်တဲ့ အချက်အလက်တွေဟာ မှန်ကန်ပြီး သဘာဝကျဖို့နဲ့ တခြား သူရေးဖူးတဲ့ “Letter” တွေထဲက ပြန်လည်ကူးတာမျိုး မဖြစ်ဖို့ အထူးသတိပြုဆင်ခြင်ရပါတယ်။ ကောင်းမွန်တဲ့ “Letter” တစ်စောင်ဆိုတာ…
✅ လျှောက်ထားသူနဲ့ “Recommender” ကြားက သိကျွမ်းမှုကို ဖော်ပြနိုင်ရပါမယ်။ လျှောက်ထားသူက ဘယ်သူဘယ်ဝါ ဖြစ်တဲ့အကြောင်း၊ “Recommender” နဲ့ လျှောက်ထားသူရဲ့ ကြားက ဆက်ဆံရေး အပြင် ဘယ်အချိန်ကတည်းက စသိခဲ့သလဲ ဆိုတာကိုပါ ထည့်သွင်းရေးသားရပါမယ်…
✅ ဒုတိယအချက် အနေနဲ့က လျှောက်ထားသူရဲ့ Academic Strength၊ Personal Qualities နဲ့ ဒီစကော်လာအတွက် အဆင်သင့်ဖြစ်မှု အပေါ် ရှုမြင်တဲ့ “Recommender” ရဲ့ ယေဘုယျ အမြင်တွေကို တိကျတဲ့ ဥပမာတွေနဲ့ ထည့်သွင်းရေးသားရပါမယ်…
✅ “Recommender” အနေနဲ့ “လျှောက်ထားသူဟာ ဒီစကော်လာနဲ့ ဘာကြောင့် ကိုက်ညီသလဲ” ဆိုတဲ့ အမြင်နဲ့ အကြံပြုချက်တွေကို အကျဉ်းချုပ်ရေးပေးဖို့ အပြင် လိုအပ်ရင်လည်း ဆက်သွယ်နိုင်ကြောင်းကိုပါ ဖော်ပြပေးဖို့ လိုပါတယ်…
✅ တက္ကသိုလ်နဲ့ ကောလိပ်တော်တော်များများကတော့ လျှောက်ထားသူတွေကို “Recommendation Letter” တစ်စောင်ကနေ သုံးစောင်အထိတောင်းဆိုနိုင်တာကြောင့် ကိုယ့်ကို “Recommend” လုပ်ပေးမယ့် ဆရာ/မ (သို့) Counselor ကို သေချာရွေးချယ်ဖို့လည်း သတိချပ်စေချင်ပါတယ်… ခင်ဗျာ
ဒီလောက်ဆိုရင် “Recommendation Letter” အကြောင်း အနည်းအကျဉ်းလောက်ကို သိရှိသွားကြလိမ့်မယ် လို့မျှော်လင့်မိပါတယ်။ နောက်နေ့တွေမှာလည်း ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဆက်လက်ဝေမျှပေးသွားဉီးမှာမို့ စောင့်မျှော်ပေးဖို့ တိုက်တွန်းပါရစေ…✌️
TYTimers တို့ကိုလည်း ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင်ကြပါစေကြောင်း တောင်းဆုပြုရင်း ဒီ Content လေးကို အဆုံးသတ်လိုက်ပါတယ်…🙏

#takeyourtimemyanmar #recommendationletter


Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!