ဒီနေ့တော့ ကျွန်တော်တို့ Remote Job တွေအကြောင်း ပြောကြရအောင်ပါ။ 💁♂️
Remote Job ဆိုတာ......??👨💻
Remote ဆိုတဲ့ အဓိပ္ပါယ်ကိုရှာကြည့်မယ်ဆိုရင် "အဝေးထိန်း" ဆိုတဲ့အဓိပ္ပါယ်ကို တွေ့ရမှာပဲဖြစ်ပါတယ်။ အနီးစပ်ဆုံး ဥပမာအနေနဲ့ TV တွေ Aircon တွေမှာ Remote Control (ရီမု) နဲ့အဝေးကလှမ်းထိန်းတဲ့သဘောလိုပဲ Remote Job/ Remote Working ဆိုတာဟာလည်း ရုံးခန်းမှာစုဝေးပြီး ရုံးတက်ရုံးဆင်း အလုပ်လုပ်ကြတာမျိုးမဟုတ်ဘဲ အဝေးကနေအချင်းချင်း ဆက်သွယ်ပြီးလုပ်တဲ့အလုပ်မျိူးတွေပေါ့။
Global Pandemic ကြီး စတင်ရိုက်ခတ်ခဲ့တဲ့ အချိန်ကနေစပြီး မြန်မာနိုင်ငံအပါအဝင် တကမ္ဘာလုံးက လုပ်ငန်းခွင်တွေမှာ Remote working ယဉ်ကျေးမှု တော်တော်လေးပြန့်နှံ့လာပါတယ်။ တကယ်ကတော့ Pandemic မဖြစ်ခင် ဟိုးအရင်နှစ်တွေကတည်းက Remote Job လုပ်နေတဲ့သူတွေ ရှိကြပေမဲ့လည်း ရာခိုင်နှုန်းအားဖြင့် နည်းပါသေးတယ်။ ပုံမှန် 9-5 full time ရုံးသွားရုံးတက် အလုပ်လုပ်ရတဲ့ သမားရိုးကျပုံစံတွေပဲ အတွေ့များပါတယ်။ ဒါပေမဲ့ Pandemic ရဲ့နောက်ဆက်တွဲမှာ လူတွေအနေနဲ့ "လူစုလူဝေး စုခွင့်မရ" "သတ်မှတ်ထားတဲ့ လူဦးရေထက် ပိုစုခွင့်မရှိ" စတဲ့ ကျန်းမာရေးစည်းကမ်းတွေကို မဖြစ်မနေ လိုက်နာဖို့လိုလာတဲ့အခါ အလုပ်ခွင်ဆက်လက် လည်ပတ်နိုင်ဖို့အတွက် Remote Working/ Work from home ကသာ ရွေးချယ်စရာတစ်ခု ဖြစ်လာပါတော့တယ်။
Remote Job တွေရဲ့ ကောင်းခြင်း ဆိုးခြင်း ⁉️
အရာရာမှာအမြဲ အကောင်းအဆိုးက ဒွန်တွဲလေ့ရှိနေတာဆိုတော့ Remote Job တွေမှာလည်းသေချာပေါက် ကောင်းကျိုးဆိုးကျိူးတွေရှိတာပါပဲ။ Remote Job တွေမှာ ဘယ်လိုအားသာချက်တွေ ရှိလဲဆိုရင် ရုံးသွားဖို့ နေ့တိုင်းပြင်ဆင် နေစရာမလိုတဲ့အတွက် အချိန်ကုန် ငွေကုန် သက်သာစေတယ်၊ ပိုပြီးလွတ်လပ်သလို ပိုလည်း Flexible ဖြစ်တဲ့အတွက် Productivity ပိုကောင်းလာတာတွေကို တွေ့ရတယ်။ ဝန်ထမ်းတွေအများစုအနေနဲ့လည်း Remote Job တွေကို ပိုနှစ်သက်ကြတဲ့အတွက် အနာဂတ်မှာ Pandemic ကြီးမရှိတော့ရင်တောင် Remote Working ကတော့ New Normal အဖြစ် ဆက်ပြီးကျန်ခဲ့နေမှာပဲ လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
တဖက်မှာလည်း Remote Working style ကို ချက်ချင်းကြီး ပြောင်းလဲလိုက်ရတဲ့အခါ Face to Face စကားပြောရမှ အားရပါတယ် ဆိုတဲ့သူတွေလည်း Zoom meeting တွေမှာ အသားကျအောင် ကြိုးစားလာရတယ်။ Remote Job ဆို အများအားဖြင့် အိမ်ကနေအလုပ်လုပ်ကြရတာ ဖြစ်လို့ အိမ်မှာမိသားစုဝင်များတဲ့သူတွေ ကလေးရှိတဲ့အိမ်မှာနေတဲ့သူတွေအတွက် အလုပ်လုပ်လို့ရတဲ့ နေရာရှာဖွေရတာက စိန်ခေါ်မှုတစ်ခုဖြစ်လာတယ်။ ပြီးတော့ Remote Job ကို ကျွန်တော်တို့က Internet ရှိမှ လုပ်လို့ရတာ ဖြစ်တဲ့အတွက် Internet Connection မကောင်းရင် အလုပ်မတွင်ကျယ်တာ Communication Gap ဖြစ်တာတွေကြုံရတယ်။ ဒီ့အပြင် ရုံးတက်အလုပ်လုပ်တုန်းကတော့ ရုံးဆင်းရင် Co-worker တွေစုပြီး မုန့်စားကြတာ အပြင်သွားကြတာ စသဖြင့် လုပ်ဖော်ကိုင်ဖက်အချင်းချင်း ရုံးတွင်းရုံးပြင် ရင်းနှီးမှုတွေရှိပေမဲ့ Remote Working မှာတော့ ဒီလို Social life မရှိတော့တာတွေ ဖြစ်လာပါတယ်။ ဒါတွေက Remote Job မှာအနည်းနဲ့အများတွေ့ရတဲ့ အားနည်းချက်တွေဆိုပေမဲ့ နောက်ပိုင်း Adjust လုပ်နိုင်တဲ့အခါမှာတော့ အဆင်ပြေလာနိုင်ပါတယ်။ နောက်ပိုင်းမှာ Remote Working အတွက် အသုံးဝင်တဲ့ Tips လေးတွေကိုလည်း အလျဉ်းသင့်သလို ဝေမျှပေးသွားပါမယ်။
ဘယ်လို အလုပ်တွေ Remote Working လုပ်လို့ရလဲ? 👩💻
Internet ရှိပြီး Computer တစ်လုံးနဲ့လုပ်လို့ရတဲ့ အလုပ်တွေကတော့ Remote Working လုပ်လို့ရပါတယ်။
🔷Content Creation
🔷Digital Marketing
🔷 IT jobs
🔷 Teaching jobs
🔷 Accounting & Finance
ဒါတွေကတော့ ကျွန်တော်က အကြမ်းအားဖြင့် ခြုံပြီးပြောပြလိုက်တာဆိုပေမဲ့ အလုပ်ခေါ်စာတွေ Job Agency Website တွေမှာ ကြည့်လိုက်ရင် Remote Jobs တွေအများကြီးတွေ့ရမှာဖြစ်တဲ့အပြင် ကျွန်တော်တို့ TYT ကနေလည်း Job opportunities လေးတွေ အမြဲတင်ပေးလေ့ရှိတယ်နော်။
အလုပ်လျှောက်ဖို့အတွက် ကိုယ်ကသက်ဆိုင်ရာအလုပ်အကိုင် အလိုက် လိုအပ်တဲ့ Technical skill တွေ Software တတ်ကျွမ်းမှုတွေကတော့ ရှိရမှာပါ။ Technical skill တစ်ခုခု ကိုယ့်မှာရှိနေရင်တော့ Full time job အပြင် ပိုပြီးလွတ်လပ်တဲ့ Freelance အလုပ်တွေပါ ရွေးချယ်လာနိုင်မှာပါ။ တကယ်လို့ Technical skill တွေ ကိုယ့်မှာမရှိသေးရင်လည်း Remote Job တွေလုပ်ဖို့ အနည်းဆုံးတော့ Computer literacy နဲ့ Digital Tools တွေကို ကျွမ်းကျင်ဖို့တော့ လိုအပ်ပါတယ်။
နောက်ဆုံးအနေနဲ့ နေ့စဉ်နဲ့အမျှ ပြောင်းလဲလာတဲ့ ခေတ်စနစ်ကြီးမှာ လူငယ်တွေအနေနဲ့ နောက်ကောက်မကျန်ခဲ့ဖို့ကတော့ ပြောင်းလဲမှုတွေကြား လိုက်လျောညီထွေ ဖြစ်အောင် အမြဲ လေ့လာသင်ယူနေဖို့ အရေးကြီးပါတယ် ဆိုတာလေးပြောရင်း ဒီ Content လေးကို အဆုံးသတ်ပါရစေ။ အလုပ်ရှာနေကြတဲ့ TYTimers လေးတွေလည်း အလုပ်ရကြပါစေ ခင်ဗျာ...။ 🤩
#RemoteJob
#takeyourtimemyanmar
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments