Rethinking Time Management

Details

📕မင်္ဂလာပါ TYTimer တို့ရေ။ Take Your Time ရဲ့ Self-Improvement Day 9 ကနေ ကြိုဆိုလိုက်ပါတယ်ခင်ဗျာ။ ဒီနေ့အတွက် အဓိကပြောချင်တာကတော့ အချိန်တွေ စီမံခန့်ခွဲတာတွေ၊ To-Do List တွေ ရေးတာတွေ ပြန်ပြီးတော့ သုံးသပ်ဖို့ပါ။

📕ကျွန်တော်တို့တွေ တစ်ခါတလေမှာ ကိုယ့်မှာ အချိန်ရှိရဲ့သားနဲ့ ဘာဖြစ်လို့ ဒီအလုပ်ကို မလုပ်နိုင်ရတာလဲ။ အချိန်ကို ဘယ်လိုပဲ စီမံ ခန့်ခွဲ ခန့်ခွဲ ကိုယ်ထင်သလောက် အလုပ်မပြီးတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါဆိုရင် အချိန်စီမံခန့်ခွဲတယ်ဆိုတာကို ပြန်ပြီး သုံးသပ်ဖို့ အချိန်ရောက်နေပါပြီ။

📕ကျွန်တော်တို့မှာ အချိန်ကရှိပါတယ်။ ဘယ်သူမှ ထည့်မတွက်ကြတာက ကိုယ့်ရဲ့ အင်အားပါ။ ဘယ်လောက်ပဲ အချိန်ရှိရှိ အင်အားမရှိရင် အလဟသပါပဲ။ ကျွန်တော်တို့တွေ တော်တော်များများတွေးတာက လူတိုင်း ၂၄နာရီပဲ။ သမ္မတလည်း ၂၄နာရီပဲ။ သူဌေးလည်း ၂၄နာရီပဲ ရပါတယ်ဆိုပြီး ကိုယ့်ကိုကိုယ် အပြစ်မြင်တတ်ပါတယ်။ သူတို့တွေမှာက ဝေယျာဝတ်စလုပ်ပေးမယ့်သူတွေ Support လုပ်ပေးမယ့် လူတွေ တစ်ပုံတစ်ပင်မလို့ သူတို့ရဲ့ အင်အားမှန်သမျှကို အရေးကြီးတဲ့နေရာတွေမှာချည်းပဲ သုံးနိုင်တာပါ။ ဒါကို ကျွန်တော်တို့က ကိုယ့်ကိုကိုယ် သွားပြီး အပြစ်တင်လို့ မရပါဘူး။

ဒါတာကြောင့် ကိုယ့်ရဲ့ အချိန်ကို စီမံခန့်ခွဲမယ်ဆိုရင် ကိုယ်လုပ်နိုင်တဲ့ အင်အားကိုလည်း ထည့်တွက်ဖို့ လိုပါတယ်။
📕ကိုယ်လုပ်နိုင်တဲ့အင်အားကို ထည့်မထွက်မိရင် ဘာဖြစ်လာမလဲ။ ကိုယ့်ရဲ့ အချိန်ကို အလုပ်တွေ အပြည့်နဲ့ စီစဉ်ထားမိတယ်။ မပြီးတော့ရောက်တော့ ကိုယ့်ကိုကိုယ် အပြစ်မြင်လာတယ်။ ဒါကြောင့် ကိုယ်လုပ်နိုင်တဲ့ Capacity ကို ထည့်မတွက်ထားရင် ရေရှည်မှာ အဆင်မပြေလှပါဘူး။

ကျွန်တော်တို့ နောက်ရက်ရောက်ရင် ကိုယ့်ရဲ့ အင်အားကိုပါထည့်တွက်ပြီး အချိန်ကို ဘယ်လို စီမံခန့်ခွဲရမလဲဆိုတာကို ပြောပြပေးပါမယ်ခင်ဗျာ။🙆🏻‍♂️

#harry
#takeyourtime
#selfimprovementtip
#timemanagement


Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!