သင်သိပါသလား။ သင်စားတဲ့အစားအသောက်နဲ့ သင်ရဲ့ စိတ်ကျန်းမာရေးအခြေအနေဟာ ဆက်စပ်မှုရှိနေတယ်ဆိုတာ…..။ 🤔🤔
ခန္ဓာကိုယ်မှာရှိတဲ့ အဓိကလမ်းကြောင်းတွေဖြစ်တဲ့ အာရုံကြော သွေးကြော အူလမ်းကြောင်း ဒါတွေဟာတစ်ခုနဲ့တစ်ခု ဆက်စပ်နေတာကြောင့် ကျွန်တော်တို့ရဲ့ နေ့စဉ်စိတ်အခြေအနေတွေ၊ စိတ်ခံစားချက်တွေဆိုတာ ကိုယ်ရဲ့ Lifestyle ကိုယ်စားသောက်တဲ့ အစားအစာတွေမှာ တော်တော်လေးမူတည်နေပါတယ်။
“Food can change your mood” ဆိုသလိုပဲ အစားအသောက်တွေက ကိုယ်ရဲ့ စိတ်ခံစားချက်တွေကို အမျိုးမျိုးပြောင်းလဲပေးနိုင်ပါတယ်။ ဗိုက်ဆာတဲ့အချိန်မှာဆို စိတ်ကအလိုလို ဒေါသထွက်လွယ်တတ်တာ ဝမ်းနည်းတဲ့အချိန်တွေမှာ အချိုတွေစားချင်စိတ်ဖြစ်တတ်တာတွေက အစားအသောက်က ကျွန်တော်တို့ရဲ့ Mood ကိုပြောင်းလဲစေလို့ပဲ ဖြစ်ပါတယ်။
တစ်ခါတစ်လေ Stress တွေအရမ်းများလာပြီဆိုရင် အစားကောင်းကောင်းသာ စားလိုက်ပါ။ အစားအသောက်ကောင်းတစ်ခုကို Enjoy ဖြစ်သွားပြီဆိုတာနဲ့ လူတွေဟာပျော်ရွှင်မှုတစ်မျိုးကိုခံစားရတာဖြစ်လို့ အစားစားခြင်းကလည်း Stress တွေပြေလျော့စေတယ်ပြောရင် မမှားပါဘူး။ ဒါပေမဲ့ ကျန်းမာတဲ့အစားအသောက်တော့ ဖြစ်ဖို့တော့အရေးကြီးပါတယ်။ အဆီအစိမ့်တွေ Junk Food နဲ့ အချိုအရမ်းများတဲ့ အစားအသောက်ကိုတော့ Stress များတဲ့အချိန်မှာ စားဖို့ ပညာရှင်တွေက Recommend မပေးကြပါဘူး။ မလိုချင်တဲ့ Stress တွေအစား ရောဂါတွေရနေရင်လည်း မကောင်းပါဘူး။
Nutrition ရှုထောင့်ကကြည့်မယ်ဆိုရင် Magnesium, Zinc, Vitamin D, Vitamin B, Vitamin C စတဲ့ ဓာတ်တွေပါဝင်တဲ့ အစားအသောက်တွေဖြစ်တဲ့
🍳 ကြက်ဥ - ကြက်ဥတွေမှာပါဝင်တဲ့ Amino acid ဟာဆိုရင် Serotonin ဆိုတဲ့ Neurotransmitter တစ်မျိုးကိုထုတ်လွှတ်ပေးပြီး အဲဒီ Serotonin က ကျွန်တော်တို့ရဲ့စိတ်ခံစားချက်၊ အိပ်စက်ခြင်းတွေနဲ့ မှတ်ဉာဏ်တွေကို ပုံမှန်လည်ပတ်အောင် ထိန်းပေးနေတာပဲဖြစ်ပါတယ်။
🎃 ဖရုံစေ့ - ဖရုံစေ့မှာပါဝင်တဲ့ Potassium, Magnesium and Zinc စတဲ့ဓာတ်တွေက သွေးပေါင်ချိန်ကိုထိန်းညှိပေးပြီး စိတ်ဖိစီးမှုလျော့နည်းစေပါတယ်။ Zinc ဟာဆိုရင် ဦးနှောက်နဲ့အာရုံကြော ဖွံ့ဖြိုးမှုအတွက်မရှိမဖြစ်လိုအပ်တာဖြစ်ပြီးတော့ ဦးနှောက်ဟာ စိတ်ခံစားချက်တွေနဲ့ ဆက်သွယ်တဲ့ အကြီးဆုံးအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
🥑 ထောပတ်သီး - ထောပတ်သီးမှာ Stress-relieving B Vitamins and Heart-healthy fat တွေပါဝင်တာကြောင့် Stress and Anxiety တွေလျော့နည်းအောင် ကာကွယ်နိုင်ပါတယ်။ ဒါအပြင် ထောပတ်သီးမှာ ပါဝင်တဲ့ Omega-3 ကအရေးကြီးတဲ့ Fatty Acid တစ်ခုဖြစ်ပြီး ဦးနှောက်မှာဖြစ်နေတဲ့ Inflammation တွေကိုတိုက်ခိုက်နိုင်တဲ့အပြင် ဦးနှောက်ရဲ့ Neurotransmitters တွေ ပုံမှန်အလုပ်လုပ်နိုင်အောင်ကူညီပေးပါတယ်။
🍓စတော်ဘယ်ရီ - စတော်ဘယ်ရီမှာ Bioactive Compounds အမျိုးအစားတွေအများကြီးပါဝင်တာကြောင့် နာတာရှည်ရောဂါတွေအတွက် ကောင်းမွန်တဲ့သက်ရောက်မှုရှိပါတယ်။ သူတို့ရဲ့ Antioxidant and Anti-inflammatory effects တွေက Cognitive Function နှင့် Mental Health ကို တိုးတက်စေပါတယ်။
🍊လိမ္မော်သီး - လိမ္မော်သီးမှာပါဝင်တဲ့ Vitamin C က Blood Pressure နဲ့ Stress Hormone cortisol ကို လျော့ကျစေတဲ့ကြောင့် စိတ်ကို လန်းဆန်းစေမှာပါ။
🥛ဒိန်ချဉ် - ဒိန်ချဉ်မှာ ပါဝင်တဲ့ Probiotics က ခန္ဓာကိုယ်ရဲ့ gut-brain-axis ကိုကောင်းမွန်စွာထောက်ပံ့ပေးနိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ ဒိန်ချဉ် 125 grams ကို နှစ်ရက်တစ်ကြိမ် တစ်လကြာစားသုံးတဲ့ အမျိုးသမီးတွေဟာ emotion control နဲ့ sensation ဦးနှောက်အပိုင်းတွေမှာ ပိုမိုကောင်းမွန်စွာ အလုပ်လုပ်နိုင်တာတွေ့ရပါတယ်။
🍫Dark Chocolate – Dark Chocolate မှာ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ Polyphenols and Flavonoids စတဲ့ Antioxidants တွေပါဝင်တာကြောင့် သွေးဖိအားကိုကျစေပြီး စိတ်ကို ပိုမိုတည်ငြိမ်စေမှာပါ။
Stress and Anxiety အတွက်ကောင်းတဲ့အခြားသော အစားအစာတွေရှိသေးပေမဲ့ အခုပြောပြပေးသွားတာတွေကတော့ ကျွန်တော်တို့အနီးအနားပတ်ဝန်းကျင်မှာလည်း အလွယ်တကူရနိုင်တာတွေဆိုတော့ အပန်းမကြီးလိုက်ရှာစရာလည်းမလိုပါဘူးခင်ဗျ။ ဒါ့အပြင် နေရောင်ခြည်နဲ့ထိတွေ့တာ☀️လေကောင်းလေသန့်ရှူပြီး လေ့ကျင့်ခန်း လုပ်ပေးတာ🏃♀️စတဲ့ Activity လေးတွေကလည်း Stress ဖြေလျော့နိုင်တဲ့ နည်းလမ်းတွေပဲဖြစ်တာမို့ အားလပ်ချိန်လေးတွေမှာ ကိုယ်လက်လှုပ်ရှားပြုလုပ်ပေးသင့်ပါတယ် ခင်ဗျ။
ဒါဆိုရင်တော့ အခု စိတ်ဖိစီးမှုတွေနဲ့မွန်းကြပ်နေတဲ့ TYTimers လေးတွေများရှိရင် အခုပဲ အပြီဝိုက်လိုက်တော့နော်။ ဒီကာလကြီးမှာတစ်ယောက်ချင်းစီက အရေးကြီးတာကြောင့် စိတ်ရော လူရော ကျန်းမာအောင် ဂရုစိုက်ကြပါလို့ ပြောရင်း…….. Have a great day TYTimers!! 🤗🙆♂️
#mentalhealth
#takeyourtimemyanmar
#foodforanxiety
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments