✔️ကျွန်တော်တို့တွေ ကျောင်းတွေ ပိတ်တာ အခုဆိုရင် တစ်နှစ်ခွဲလောက်တောင် ရှိနေပြီနော်။ ကျောင်းတွေ ဒီလောက် အကြာကြီး ပိတ်ထားတဲ့အတွက် TYTimers တွေလည်း Self-Study တွေ လုပ်ဖြစ်နေပြီလို့ ထင်ပါတယ်။ Self-Study အကြောင်းပြောရမယ်ဆိုရင်တော့ Self-Study လုပ်နိုင်စွမ်းဟာ အခုခေတ် လူငယ်တိုင်းမှာ ရှိသင့်တဲ့ အရည်အချင်းတစ်ခုလို့ မြင်ပါတယ်။ ကျွန်တော်တို့ Online ပေါ်မှာ ဘယ်နေရာ ကြည့်ကြည့် ပန်းချီသင်မလား၊ တူရိယာတစ်ခုခု အတီးသင်မလား၊ ကျောင်းက စာကိုပဲ နားမလည်ကို Online က Tutorial ကို ပြန်ကြည့်မလား အကုန်လုံးကို Self-Study နဲ့ Online ကနေ သင်လို့ရနေပါပြီ။ American က သင်တဲ့ Guitar Lesson ကို မြန်မာနိုင်ငံကကြည့်မလား၊ Japan စာကို Japanese Native Speaker ရဲ့ Website ကနေ သင်မလား စသဖြင့်ပေါ့၊ Self-Study လုပ်နိုင်တဲ့ လူအတွက် သင်ယူစရာ အခွင့်အလမ်းတွေက ပြောမပြနိုင်လောက်အောင်ပါပဲ။ ကျွန်တော်တို့ အသက်ကြီးလာလို့ စီးပွားရှာမယ်၊ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တော့မယ် ဆိုရင်လည်း ဘယ်သူမှ ကျွန်တော်တို့ကို Zoom နဲ့ လာသင်ပေးမှာ မဟုတ်ပါဘူးခင်ဗျာ။ ကိုယ့်ဟာကိုယ် စာအုပ်တွေဖတ်၊ အပြင်လောကကနေ လေ့လာ ဒီလိုပဲ Self Learning နဲ့ပဲ သွားရတာပါ။
✔️ကဲ… ဟုတ်ပါပြီ။ Self-Study လုပ်ဖြစ်တယ်ဆိုကြပါစို့။ Self-Study လုပ်ဖို့က Formal Learning ထက်တော့ ပြသနာ ပိုများတယ်ခင်ဗျ။ ကျွန်တော်တို့တွေ Self-Study လုပ်ရင်းနဲ့ ကြာလာရင် တစ်ခါတလေမှာ တစ်နေနေရာကနေ ဆက်မတက်နိုင်ဘူးလို့ ခံစားလာရတာတွေလည်း ရှိတတ်ပါတယ်။ တစ်ခါတလေမှာ Formal Learning ထက် အများကြီး ပိုကြာပါတယ်။ တစ်ခါတလေမှာ လုပ်နေရင်းတန်းလန်း စာကြီးကို ဆက်မလုပ်ဘဲ ပစ်ထားမိတာမျိုးတွေလည်း ဒုနဲ့ဒေးပါ။ အဲ့တာကြောင့်မလို့ အခု ဒီ Article လေးမှာ Self-Study နဲ့ပတ်သတ်ရင် ဘယ်သူမှ မပြောဘဲ လစ်လျူရှုထားတတ်တဲ့ အကြောင်းလေးတွေကိုပြောပြပေးပါမယ်ခင်ဗျာ။
(၁) Self-Study လုပ်ဖို့ Self-Discipline အလွန်ကောင်းမွန်ဖို့ လိုပါတယ်။💪
Self-Study လုပ်နေရင်းတန်းလန်းနဲ့ ဆက်မလုပ်ချင်တော့လို့ တစ်ဝင်တစ်ပျက်နဲ့ ပစ်ထားတဲ့ စာတွေ လူတိုင်းမှာ ရှိတတ်ကြပါတယ်။ ဒီစာကြီးပဲ လုပ်ရတာကြာလှပြီ၊ ကြာလာတော့ Motivation ကလည်း မရှိတော့ ဆက်မလုပ်ဖြစ်တော့ဘူး၊ ဒီလိုနဲ့ တစ်ခါတလေမှာ လုပ်ထားရသမျှ သဲထဲရေသွန် ဖြစ်သွားတတ်ပါတယ်။ အဲ့တာကြောင့်မလို့ Self-Study အတွက် အရေးကြီးဆုံးလိုအပ်တာ စည်းကမ်းပါ။ တစ်နေ့မှာ အချိန်ဘယ်လောက် Self-Study လုပ်မယ်ဆိုရင် သေချာပေါက် လုပ်မှ အဆင်ပြေမှာပါ။ အဲ့လိုမှ မဟုတ်ရင် “အကွပ်မဲ့ကြမ်း ပရမ်းပတာ” ဆိုသလို အိပဲ့အိပဲ့နဲ့ပဲ စာလုပ်တာ ခရီးမပေါက် ဖြစ်နေမှာပါ။
(၂) Stick to a Certain Route🚏
လမ်းကြောင်းတစ်ခုခုကို သေချာ ရွေးထားဖို့ လိုအပ်ပါတယ်။ Self-Study လုပ်ရင် လမ်းပျောက်တာထက် လမ်းများနေတာ ပိုကြောက်ဖို့ ကောင်းပါတယ်။ တစ်ခါတလေမှာ Self-Study လုပ်ဖို့ အတွက် Resource တွေက အလွန်များနေတဲ့ အခါမျိုး ရှိတတ်ပါတယ်။ စာအုပ်တွေကလည်း အများကြီး၊ Website တွေကလည်း အများကြီး၊ စာအုပ်တစ်အုပ်ဖတ်လို့ မပြီးသေးဘူး နောက်တစ်ခု ကပိုကောင်းတယ်ဆိုပြီး ပြောင်းဖတ်၊ Website တစ်ခုက သင်နေတုန်း ပိုကောင်းတဲ့ Website ကို ပြောင်းလိုက်နဲ့ တစ်ခါတလေမှာ ခရီးမပေါက်ဘဲ ဖြစ်နေတတ်ပါတယ်။ အဲ့တာကြောင့် Self-Study လုပ်မယ်ဆိုရင် ကိုယ်လုပ်မယ့် လမ်းကြောင်းကို သေချာ ရွေးပြီး လုပ်ဖို့ လိုအပ်ပါတယ်။ ကိုယ် ရွေးမယ့် လမ်းကြောင်း၊ စာလုပ်မယ့် စာအုပ်ကို ဘယ်လို ရွေးမလဲဆိုတာကို ဥပမာ တစ်ခုပြောပြပါမယ်။ Online ပေါ်မှာ Self-Study လုပ်ဖူးတဲ့ လူတွေရဲ့ Blog တွေ၊ YouTube Channel တွေ အများကြီး ရှိပါတယ်။ သူတို့ Recommend ပေးတဲ့ စာအုပ်တွေ၊ Website တွေထဲကမှ ကိုယ်နဲ့ အသင့်တော်ဆုံးထင်တဲ့ အရာတွေကို သေချာ ဇောက်ချပြီး အပြီးတိုင် သေချာလုပ်ဖို့ လိုပါတယ်။
(၃) ကိုယ်လုပ်ခဲ့တဲ့ စာတွေကို ပြန်စမ်းစစ်ပါ။🤔
အပေါ်မှာ လမ်းကြောင်းတစ်ခုကို သေချာ ရွေးပါလို့ ပြောခဲ့ပေမယ့် ကိုယ်လုပ်နေတဲ့ စာကို Effective ဖြစ်နေရဲ့လားဆိုတာကို ပြန်ပြီး စမ်းစစ်ကြည့်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ Effective က ထင်သလောက် မဖြစ်ခဲ့ဘူးဆိုရင်လည်း ပြောင်းလဲဖို့ ဝန်မလေးပါနဲ့။
(၄) Spaced Repetition လုပ်ဖို့ လိုအပ်ပါတယ်။💭💭
Self-Study လုပ်ရင် သတိထားရမှာက ကိုယ်လုပ်ထားတဲ့ စာ ရမရကို ပြန်စမ်းစစ်ပေးမယ့် Test တွေ မရှိပါဘူး။ အဲ့တာကြောင့် တစ်ခါတလေမှာ Revision ပြန်လုပ်ဖို့ မေ့နေတတ်ပါတယ်။ အဲ့တာကြောင့် Revision လုပ်ရာမှာ ဘယ်စာကို ဘယ်နေ့မှာ ပြန်လုပ်မယ် စနစ်တကျ သတ်မှတ်ထားဖို့ လိုအပ်ပါတယ်။ Spaced Repetition ဆိုတဲ့ Revision Technique လေးကိုတော့ စာရေးပြရင် နားလည်မလွယ်တာကြောင့် YouTube မှာ ရှာကြည့်ဖို့ အကြံပေးပါတယ်ခင်ဗျာ။
(၅) Mentor တစ်ယောက်ယောက် ထားဖို့ လိုအပ်ပါတယ်။🧔
ကိုယ်လေ့လာမယ့် Skill တစ်ခုခုကို လေ့လာပြီးသားလူ တစ်ယောက်ယောက် အမြဲ ရှိပါတယ်။ သူတို့ဆီကနေ အတွေ့အကြုံတွေ၊ Resource တွေ မေးဖို့ လိုအပ်ပါတယ်။ တစ်ခါတလေမှာ ဘယ်က စရမှန်းမသိ ဖြစ်တတ်ပါတယ်။ အစလုပ်ပြီးသွားရင် နောက်ဆက်လုပ်ဖို့က မခက်တော့ပါဘူး။ ဒါကြောင့်မလို့ ဘယ်နေရာကနေ ဘာကို စလုပ်ရမလဲဆိုတာကို အတွေ့အကြုံရှိပြီးသားလူဆီကနေ မေးမြန်းမှသာ အဆင်ပြေမှာပါ။
(၆) အချိန်လုံးဝလုံးဝ ဆွဲလို့ မရပါဘူး။⏰
အချိန်ဆွဲတဲ့ ကိစ္စကလည်း ကျွန်တော့်ရဲ့ Article တိုင်းမှာ ပါနေလောက်ပါပြီ။ Self-Study သမားတွေ တိုင်အပတ်ဆုံး အရာကတော့ အမြဲအချိန်ဆွဲမိနေတာပါ။ တစ်ခါတလေ အချိန်ဆွဲတာကို ကိုယ့်ကိုကိုယ် ဖုံးဖိချင်တော့ YouTube က Study Tips လေးသွားကြည့်လိုက်၊ Motivational Video တွေ သွားနားထောင်လိုက်နဲ့ အချိန်ကုန်တတ်ပါတယ်။ ဒီလို ဖြစ်နေလို့တော့ အဆင်မပြေပါဘူး။ အဲ့တာကြောင့် Self-Study လုပ်မယ်ဆိုရင် အချိန်ဆွဲတာကို လျှော့ချနိုင်မယ့် နည်းလမ်းကို ကိုယ့်ဟာကိုယ် ရှာထားဖို့ လိုအပ်ပါတယ်။
အခုမှာတော့ Self-Study နဲ့ပတ်သတ်တဲ့ အကြောင်းတွေကို တော်တော်များများ ပြောပြပေးပြီးသွားပြီနော်။ TYTimers တို့တွေလည်း ဒီလို ခေတ်ကြီးထဲမှာ Zoom ကသင်တဲ့ Online Class တွေနဲ့ပဲ ကျေနပ်မနေဘဲ ကိုယ့် Skill တွေကို ဆက်မြှင့်တင်ဖို့ Online Resource တွေကနေ Self-Study လုပ်ဖို့ ကြိုးစားကြပါလို့ အကြံပေးလိုက်ပါတယ်ခင်ဗျာ။ TYTimers တွေအားလုံး မင်္ဂလာရှိသော ညချမ်းလေးကို ပိုင်ဆိုင်ကြပါစေ။🙆🏻♂️🙆🏻♂️
#takeyourtime
#harry
#studytips
#selfstudy
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments