စိုးရိမ်ပူပန်မှုတွေ အရမ်းများနေပြီလား…….. 😟🥺

Details

ကျွန်တော်ရဲ့ TYTimers လေးတို့ ဒီရက်ပိုင်းမှာ စိတ်အခြေအနေတွေဘယ်လိုရှိကြလဲဗျ 😟

မေးသာမေးရတာ ကျွန်တော်ကိုယ်တိုင်လည်း အရမ်းအဆင်ပြေနေတာတော့မဟုတ်ပါဘူး။ 😔

ဒီကာလတွေမှာကျွန်တော်တို့ဟာ မဆုံးရှုံးသင့်တဲ့ အရာတွေကိုဆုံးရှုံးခဲ့ရတယ်၊ အနာဂတ်တွေ ပျောက်ဆုံးခဲ့ကြတယ်၊ အနှစ်နှစ်အလလက တည်ဆောက်ခဲ့တဲ့အရာတွေ မျှော်လင့်ခဲ့တဲ့အရာတွေ ပျက်စီးခဲ့ကြတယ်၊ ချစ်ခင်ရသူတွေကို ခွဲခွာခဲ့ကြရတယ် စသဖြင့် ဆုံးရှုံးမှုတွေများလွန်းလှတဲ့ ဒီလိုအချိန်တွေမှာ အရင်ကထက်စိတ်ဖိစီးမှုတွေ စိုးရိမ်ပူပန်မှုတွေ ပိုများနေကြမယ်ဆိုတာ လူတိုင်းနီးပါးဖြစ်မယ်ထင်ပါတယ်။ 😟😢

စိတ်ပညာရှင်တွေရဲ့ အဆိုအရ စိုးရိမ်ပူပန်မှု (Anxiety) တွေဟာ စိတ်ဖိစီးမှု (Stress) တွေကနေ ဖြစ်ပေါ်လာတဲ့ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုတစ်ခုဖြစ်ပါတယ်။ လူတွေမှာ စိတ်နဲ့ခန္ဓာဆိုတာအမြဲဒွန်တွဲနေတာ ဆိုတော့ ကျွန်တော်တို့ကိုယ်ခန္ဓာမှာ သာမန်ဖျားနာရင်တောင် စိတ်တွေကမလန်းဆန်းနိုင်တော့ဘူးမဟုတ်လား။

အဲဒီလိုပဲ စိုးရိမ်ပူပန်တွေအရမ်းများလာပြီဆိုရင် ပုံမှန်အားဖြင့် ညအိပ်မပျော်တာ၊ ညအိပ်နေရင်း တရေးနိုးလန့်နိုးပြီး ဆက်အိပ်လို့မရဘဲ အစိုးရိမ်လွန်နေတာ၊ နှလုံးအရမ်းခုန်တာ စတဲ့ ခန္ဓာကိုယ်တွင်းကတုံ့ပြန်မှုတွေကိုပါ ခံစားလာရတာမျိုးတွေအပြင် ချွေးစီးတွေပြန် ခြေတွေလက်တွေ တုန်ပြီး Anxiety attack ရတာမျိုးတွေအထိ ဖြစ်တတ်ပါတယ်။ ဆိုတော့ ကိုယ်ကစိတ်ထဲမှာ Stress တွေ Anxiety တွေအရမ်းများနေပြီဆိုတာသတိထားမိပြီ ခန္ဓာကိုယ်မှာလည်း သိသိသာသာခံစားနေရပြီဆိုရင်တော့ ကိုယ်ရဲ့နေ့စဉ်လူနေမှုဘဝကို ပြန်ပြီးဆန်းစစ်ဖို့လိုပါလိမ့်မယ်။ ဒါဆိုရင် ကျွန်တော်တို့ စိတ်ဖိစီးမှုတွေသက်သာနိုင်အောင် ဒီနည်းလမ်းတွေကို လုပ်ကြည့်လို့ရပါတယ်။

🏃‍♂️ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေလုပ်ပါ။

တစ်နေ့လုံးမှာ အထိုင်များရင် ဒါမှမဟုတ်ကိုယ်လက်လှုပ်ရှားမှုသိပ်မရှိဘူးဆိုရင် လူကထိုင်းထိုင်းမှိုင်းမှိုင်းကြီးဖြစ်ပြီးတော့ စိတ်ကလည်း ကြည်ကြည်လင်လင်မရှိတော့ပါဘူး။ ဒါကြောင့် ဖြစ်နိုင်ရင် တစ်နေ့ကို၁၅မိနစ် Work out လေးလုပ်လိုက်တာဖြစ်ဖြစ် အိမ်သန့်ရှင်းလေးထလုပ်လိုက်တာဖြစ်ဖြစ် လုပ်ကြည့်ပါ။ ကိုယ်လက်လှုပ်ရှားမှုကလည်း စိတ်ကျန်းမာရေးအတွက် ကောင်းပါတယ်။

💙🧡 ယုံကြည်ရတဲ့ သူငယ်ချင်းမိတ်ဆွေတွေကို ရင်ဖွင့်ပါ။

ကိုယ်ခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာအခက်အခဲကို စိတ်ချယုံကြည်ရတဲ့ သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင်တွေကို ပြောပြပါ။ ကိုယ့်ရဲ့ ခံစားချက်ကိုနားလည်ပေးနိုင်ပြီး ဝေဖန်သုံးသပ်တာတွေ ပြဿနာဖြေရှင်းပေးတဲ့ ပုံစံမျိုးနဲ့ တုံ့ပြန်တာမျိုးတွေမလုပ်ဘဲ နားထောင်ပေးတတ်တဲ့ သူကိုရင်ဖွင့်ဆွေးနွေးပါ။ ရင်ဖွင့်ဆွေးနွေးခြင်းကလည်း ကိုယ်ရဲ့ Stress တွေကို သက်သာစေမှာပါ။

🛌 အိပ်ချိန် စားချိန် မှန်မှန်ထားပါ။
ကျွန်တော်တို့ရဲ့ နေထိုင်စားသောက်မှုပုံစံတွေ အိပ်ချိန်စားချိန်တွေကလည်း စိတ်ကျန်းမာရေးမှာ အရေးကြီးပါတယ်။ အရင်ကဆို ကျွန်တော်လည်းတော်တော်နောက်ကျမှအိပ်ပြီးတော့ နောက်နေ့ဆိုနေ့လည်လောက်မှ ထတာပေါ့ဗျာ။ အဲဒီမှာ အိပ်ရေးကလည်းမ၀ လူကလည်းဘူကြောင်ကြောင်နဲ့ အမြဲတမ်းစိတ်ဓာတ်ကျသလိုဖြစ်နေတဲ့ ရက်တွေကများလာတော့ ကိုယ်ရဲ့အိပ်ချိန်တွေအရမ်းနောက်ကျတဲ့ အကျင့်ဆိုးကိုတဖြည်းဖြည်း ပြောင်းလဲကြည့်ရင်း စိတ်ကျန်းမာရေးပိုင်းမှာလည်း သိသိသာသာတိုးတက်လာတာကို ခံစားလာရတယ်။ အိပ်ရေးမဝတာကတော့ Physical health ရော Mental health အတွက်ပါထိခိုက်လာနိုင်တာမို့ ရေရှည်အတွက်မကောင်းပါဘူး။ ဒါကြောင့် အချိန်မှန်အိပ် အချိန်မှန်စားရမယ်နော်။

🎨 ဝါသနာပါတာတစ်ခုခုကို နေ့တိုင်းလုပ်ပါ။

ကိုယ်ဘာဝါသနာပါလဲ။ ကိုယ်ဝါသနာပါတဲ့ အရာတစ်ခုခုကိုအချိန်ပေးပြီးလုပ်ကြည့်ပါ။ ခုတစ်လောခေတ်စားနေတဲ့ Handmade လုပ်တာတွေ Crochet ထိုးတာတွေ လုပ်ကြည့်မလား၊ ဟင်းချက်တာစိတ်ဝင်စားရင်လည်း ဟင်းချက်မလား၊ အပင်စိုက်မလား၊ ပုံဆွဲ၊ စာဖတ်၊ ရုပ်ရှင်ကြည့် စသဖြင့်ပေါ့။ ကိုယ်စိတ်ဝင်စားတဲ့ အရာတစ်ခုခုနဲ့ Stress တွေကိုအာရုံလွဲကြည့်ပါ။ ကိုယ်ဘာကိုဝါသနာပါမှန်းမသိရင်တောင် အကုန်လုံးကိုစမ်းလုပ်ကြည့်ဖို့ ကျွန်တော်ကတော့အားပေးတယ်။ တစ်ခုခုကို အာရုံစိုက်ပြီးလုပ်နေမယ်ဆိုရင် စိတ်လည်းပိုငြိမ်သလို Stress တွေ Anxiety တွေအတွက်အချိန်မရှိတော့ဘူးပေါ့ဗျာ။

🧘‍♀️ စိတ်တည်ငြိမ်စေတဲ့ လေ့ကျင့်ခန်းတွေလုပ်ပါ။

ဒီနောက်ပိုင်းမှာဆိုရင် စိတ်တည်ငြိမ်ဖို့အတွက် တရားထိုင်တာ ယောဂကျင့်တာတွေကိုလည်း တော်တော်လေးအပြောများလာတာ ကိုသတိထားမိမှာပါ။ တစ်နေ့နဲ့ တစ်နေ့ ဖြစ်ပျက်ပြောင်းလဲတာတွေ အရမ်းမြန်နေတဲ့ ဒီနေ့ခေတ်ရဲ့ အပြောင်းအလဲတွေနဲ့လိုက်မျောရင်း ကျွန်တော်တို့ရဲ့စိတ်တွေကလည်း အတက်အကျတွေအရမ်းမြန်တယ်၊ စိုးရိမ်ပူပန်စရာတွေလည်းများတယ်။ ဒါကြောင့် ဖြစ်နိုင်ရင်တစ်နေ့မှာ မိနစ်အနည်းငယ်လောက် အာရုံစုစည်းပြီး တရားထိုင် ယောဂကျင့်ဖို့လည်းကြိုးစားကြည့်ပါ။ ( ဒီလိုလေ့ကျင့်ခန်းတွေကို စိတ်ဝင်စားရင် အောက်မှာဖော်ပြထားတဲ့ Page တွေမှာလည်း ဝင်ဖတ်ကြည့်ပါနော်။ 👇👇 )

ကျွန်တော်အခုပြောပြတဲ့ Tips တွေက အကုန်လုံးမဟုတ်တောင် အနည်းဆုံး တစ်ခု နှစ်ခုလောက်တော့လုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ ဒီလိုနည်းလမ်းတွေလည်း လုပ်ကြည့်ရင်း တစ်ဖက်မှာလည်း စိတ်ကျန်းမာရေးပညာရှင် Professional တွေနဲ့တွေ့ဆုံပြီး အကူအညီရယူလိုချင်တာမျိုးရှိမယ်ဆိုရင်တော့ Mental Health Service အချို့ရဲ့ Facebook Page တွေကို ကျွန်တော်ဖော်ပြပေးထားပါတယ်။
🔶 Serenity Counseling Service
https://www.facebook.com/serenitycounselingsupport
🔶 Call me Today
https://www.facebook.com/CallMeToday.Service

🔶 Citta Consultancy
https://www.facebook.com/Cittaconsultancy

🔶 Counselling Corner
https://www.facebook.com/counsellingcornermyanmar

🔶 mental health
https://www.facebook.com/mentalhealmm


ကဲ……. အခုဆိုရင်တော့ လတ်တလောမှာ စိုးရိမ်ပူပန်မှုတွေအရမ်းများနေတဲ့ TYTimers လေးတွေအတွက် ဒီ Content လေးကနေ အကူအညီတစ်ခုခုရရှိသွားမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။ Fighting!!! 💪💪🤗

#MentalHealth
#takeyourtimemyanmar
#anxietyandstress


Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!