Start with Small

Details

📈မင်္ဂလာပါ TYTimer တို့ရေ။ ခါတိုင်းဆိုရင် ဒီလိုရက်တွေမှာ Quiz လေးတွေ လာတတ်ပေမယ့် ဒီနေ့ကနေစပြီးတော့ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ Self-Improvement Tip တစ်ခုစီဖော်ပြတဲ့ Short Content တွေ တင်ဆက်ပေးသွားပါမယ်ခင်ဗျာ။ Content လေးတွေကို လိုတိုရှင်းလေးတွေ ရေးပေးမှာ ဖြစ်ပြီးတော့ ကျွန်တော်တို့ လူငယ်တွေအတွက် အဓိက လိုအပ်မယ်ထင်တဲ့၊ လူငယ်တွေ ကြုံနေကြ ပြသနာလေးတွေကို ဖြေရှင်းပေးနိုင်မယ့် Tip လေးတွေကို ဖော်ပြပေးသွားပါမယ်ခင်ဗျာ။🙆🏻‍♂️🙆🏻‍♂️

📈ဒီနေ့ Content လေးရဲ့ ခေါင်းစဉ်ကတော့ “Start with Small” ပဲ ဖြစ်ပါတယ်ခင်ဗျာ။
ကျွန်တော်တို့တွေ တစ်ခါတလေမှာ ကိုယ့်ဘဝကို တိုးတက်အောင် လုပ်တော့မယ်လို့ ဆုံးဖြတ်ချက်ချပြီး To Do List တွေ စရေးတာ၊ Habit Scoreboard တွေ လုပ်တာတွေ လုပ်တတ်ကြပါတယ်။ ဒါပေမယ့် တစ်ပတ်လောက်နေရင် To Do List တွေလည်း ဆက်မရေး ဖြစ်တော့ဘူး၊ ကိုယ်လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့ Habit တွေ ဆက်မလုပ်ဖြစ်တော့တာ ကြုံကြတာ လူတိုင်းပါပဲ။ ဥပမာ - နေ့တိုင်း အချိန်ဖြုန်းပြီး Motivation မရှိ Goal မရှိ လမ်းပျောက်နေရာကနေ ကိုယ့်ဘဝကိုယ်ပြောင်းလဲအောင် ကြိုးစားတော့မယ်ဆိုပြီး မနက်ဖြန်အတွက် အချိန်ဇယား စရေးမယ်ဆိုကြပါစို့။ အချိန်ဇယားမှာ မနက်ခင်း ၄နာရီထမယ်၊ Social Media ကို ၁ နာရီထက်ပိုမသုံးဘူး၊ စာအုပ် ၂နာရီဖတ်မယ်၊ အိမ်အလုပ်တွေ ဝိုင်းကူပေးမယ်၊ ညခင်းကို စောစောအိပ်မယ်။ ဒီလို လုပ်ထားရင်တော့ ပထမတစ်ရက်နှစ်ရက်ကတော့ သေချာပေါက်အောင်မြင်ပါလိမ့်မယ်။ ဒါပေမယ့် တဖြည်းဖြည်း ကြာလာတဲ့အခါ တစ်ပတ်နှစ်ပတ်လောက်နေရင် အရင်လို အချိန်ဖြုန်း၊ Motivation မရှိဘဲ ပြန်ဖြစ်သွားမယ်ဆိုတာ အားလုံးသိလောက်မယ်ထင်ပါတယ်။

📈ဒါဆိုရင် ဒီပြသနာကို ဘယ်လိုဖြေရှင်းကြမလဲ။ လူတော်တော်များများအတွက် အဆင်ပြေဆုံးနည်းလမ်းကတော့ နည်းနည်းချင်းစပြီး ပြုပြင်ပြောင်းလဲတာပါ။ ဥပမာ - စာအုပ်နေ့စဉ်ဖတ်ဖြစ်အောင် လုပ်မယ်ဆိုကြပါစို့။ တစ်ရက်ကို ၁၀မိနစ်လောက်ပဲ ၁လတိတိ ဖတ်နိုင်အောင် ကြိုးစားကြည့်ပါ။ စာပုံမှန်ကြိုးစားချင်တဲ့သူဆိုရင် တစ်ရက်ကို ၁နာရီစီလောက် ပုံမှန်လုပ်တာလောက်ပဲ ကြိုးစားကြည့်ပါ။

📈ဒါဆိုရင် ဘယ်လိုအချိန်မှာ စာဖတ်ချိန်၊ စာလုပ်ချိန်ကို ဆက်တိုးကြမလဲ။ အလေ့အကျင့်တစ်ခုဖြစ်သွားတာ သေချာတဲ့အချိန်ရောက်ရင်ပါ။ ကျွန်တော်တို့တွေ နေ့စဉ်အလုပ်ဖြစ်တဲ့ မျက်နှာသစ်၊ သွားတိုက်တာတွေကို To Do List လေးထည့်မရေးပါဘူး။ မျက်နှာသစ်၊ သွားတိုက်၊ ထမင်းစားတာတွေကိုလည်း To Do List ထဲ ဘယ်သူမှ ထည့်မရေးပါဘူး။ ဘာလို့လဲဆိုတာ မနက်နိုးရင် မျက်နှာသစ်၊ သွားတိုက်မယ်ဆိုတာတွေက ကျွန်တော်တို့ရဲ့ အလေ့အကျင့်ဖြစ်နေလို့ပါ။ အဲ့ဒီလိုပဲ မျက်နှာသစ်ပြီးရင် စာပုံမှန်နေ့စဉ်ဖတ်တာက အကျင့်ဖြစ်သွားပြီဆိုရင် ပင်ပန်းတယ်လို့တောင် ထင်မှာ မဟုတ်တော့ပါဘူး။ ပုံမှန်အကျင့်ဖြစ်သွားပြီး ရေရှည်ဆက်ပြီး ထိန်းသိမ်းသွားနိုင်မှာပါ။

📈ဒီနေ့ Tip အတွက်ကတော့ ဒီလောက်ပါပဲ ။ နောက်နေ့ရောက်ရင် နောက် Tip တစ်ခုနဲ့ ပြန်တွေ့ကြရအောင်ပါခင်ဗျာ။🙆🏻‍♂️

#harry
#takeyourtime
#selfimprovementtip
#startwithsmall


Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!