ထိုင်းမှာ ဘာလို့
ကျောင်းလာတက်ကြတဲ့သူတွေများလာတာလဲ ❓❓❓
Timer တို့တွေထဲမှာ
ကျွန်တာ်တို့ page လေးကနေအချက်အလက်တွေရရှိပြီးထိုင်းနိုင်ငံကို ကျောင်းတက်ဖို့
ရောက်သွားကြတဲ့လူငယ်တွေရှိသလို
သွားတက်မယ့်ပြင်နေတဲ့ကျောင်းသားတွေလည်းရှိတာမို့
💁🏻♂️ 2023 မှာဘာကြောင့်ထိုင်းနိုင်ငံမှာ
ကျောင်းသွားတက်သင့်လဲဆိုတာကို
sharing လုပ်ပေးသွားမှာဖြစ်ပါတယ် …
1️⃣ ကျောင်းလခတွေစျေးသက်သာတယ်
Thai ဟာတခြား study abroad နိုင်ငံတွေလို စျေးနင့်နေအောင်ပေးရတဲ့နိုင်ငံမျိုးမဟုတ်ဘဲ ကိုယ်တတ်နိုင်ငံတဲ့ budget အလိုက် private, public university အစားစားရှိပါတယ်။ တစ်နှစ်သိန်း ၁၀၀ကျော်ကျောင်းတွေကနေ သိန်း ၃၀၀ ကျော်အထိ Location အလိုက် ရွေးချယ်တက်ရောက်နိုင်ပါတယ်ခင်ဗျာ။
2️⃣ Convenience Location
မြန်မာပြည်ကနေ လေယာဥ်လေး ၄၅ မိနစ်စီလိုက်တာနဲ့ရောက်လို့ မိဘ ဆွေမျိုးတွေနဲ့အနီးနားမှာပညာသင်ကြားချင်တဲ့ ကျောင်းသားတွေအတွက်
အထူးအဆင်ပြေပါတယ်။
အုပ်ထိန်းသူများအနေနဲ့လည်း shopping လာရင်း family gathering လုပ်လို့ရပါတယ်။
3️⃣ Easy to get Ed-Visa
US, Canada, UK စတဲ့နိုင်ငံကြီးတွေ
Visa ကျပ်ပြီး Rejected အကြိမ်များစွာဖြစ်ခဲ့တဲ့ကျောင်းသားတွေအနေနဲ့ optional စဥ်းစားဖို့အကြံပေးပါတယ်။
ထိုင်းနိုင်ငံက လက်ရှိ ကျောင်းသားဗီဇာဟာ
ရရှိဖို့အလွယ်ကူဆုံးဖြစ်တာမို့ မြန်မြန်နဲ့ပြင်ဆင်ချိန်အများကြီး မပေးချင်တဲ့ကျောင်းသားတွေထည့်စဥ်းစားသင့်ပါတယ်။
4️⃣ Similar Culture
Buddhism Country ဖြစ်တာကြောင့်
မြန်မာနဲ့ ယဥ်ကျေးမှုအနီးစပ်ဆုံးပါ။
အစားအသောက် ထိုင်းလူမျိုးတွေရဲ့ ဖော်ရွေနဲ့ဆက်ဆံရေးကြောင့် လာပြီးရင်ပြန်တော်မပြန်ချင်ပဲဖြစ်သွားမှာပါလေ ကြားထဲ သဘောသီးပြည်က ကောင်လေး၊ ကောင်မလေးတွေကလည်း တီတီတာတာနဲ့ချစ်ဖို့ကောင်းပါသေးတယ် ….🥰🥰🥰🥰 အဲ့လယ်
5️⃣ Stable Currency
မြန်မာပြည်က အခြေအနေနဲ့ $, Euro စတဲ့ Currency တွေနဲ့ကျောင်းသွားတက်မယ့်သူတွေဆို
ငွေကြေးမတည်ငြိမ်မှုတွေနဲ့ကြုံတွေ့ရမှာ
အထွေအထူးသတိပေးစရာမလိုလောက်ပါဘူး။
ပြီးခဲ့တဲ့လပိုင်းက ဂယက်တွေကိုကြည့်တာနဲ့
သိသာပါတယ်။ ထိုင်း (ဘတ်) ကတော့
တခြားငွေကြေးတွေထက် အတော်လေးတည်ငြိမ်ပြီး အရောင်းအ၀ယ်လည်းလွယ်ပါတယ်။
6️⃣ International Study Environment
Thai နိုင်ငံက Top Asia Destination တစ်ခုဖြစ်သလို
နိုင်ငံတကာခရီးသွားတွေ
လာရောက်အပန်းဖြေတဲ့နေရာတစ်ခုတင်မဟုတ်ဘဲ
စီးပွားရေး ကျန်းမာရေး ပညာရေးစတဲ့ နယ်ပယ်တွေမှာပါ နိုင်ငံပေါင်းစုံကလူတွေနဲ့ ထိတွေဆက်ဆံရတာမို့ International Environment တစ်ခုဆိုလည်းမမှားပါဘူး။
7️⃣ Language
ထိုင်းဘာသာစကားကိုအဓိကသုံးကြပေမယ့်
တချို့နေရာအတော်များများမှာ
English လိုလည်းပြောလို့ရတာကြောင့်
နိုင်ငံခြားသားများအကြိုက်တွေကြပါတယ်။
ထိုင်းစကားကလည်း native language တစ်ခုအဖြစ်သုံးပြီး ယခုနောက်ပိုင်း လေ့လာသူတွေလည်း များပြားလာပါတယ် ထိုင်းစကားကို အခြေခံမှစပြီးလေ့လာလိုသူတွေအတွက်လည်း အခြေခံစကားပြောသင်တန်းကို မကြာခင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်ခင်ဗျာ။
ဒါအပြင် 2023 January Intake အတွက်
ကျောင်းတွေက Dec လပထမအပတ်မှာနောက်ဆုံး
တင်ပေးရမှာမို့
နောက်ဆုံးပိတ်အိတ်နဲ့လွယ်
ကျောင်းလျှောက်နိုင်အောင်လို့
ယခုပဲ Take Your Time ကိုဆက်သွယ်လိုက်ပါခင်ဗျာ 😉
ကျောင်းလျှောက်တာနဲ့ ပတ်သတ်ပြီးလိုအပ်တဲ့စာရွက်စာတမ်းတွေအကုန်လုံးကို English လိုတင်ရမှာဖြစ်တာကြောင့် notary ကြိုပြန်ထားဖို့ Take Your Time - Online Notary Services ကို
ဆက်သွယ်လို့ရပါတယ်ခင်ဗျာ။
#StudyinThailand
#scholarshipinthailand
#takeyourtimemyanmar
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments