ထိုင်းမှာ ကျောင်းတက်ပြီးရင် အလုပ်ရမှာလား ?

Details

ထိုင်းမှာ ကျောင်းတက်ပြီးရင် အလုပ်ရမှာလား ?
ဒီမေးခွန်းက ကျွန်တော်နဲ့ Counseling Session, Page CB နဲ့ Scholarship Group တွေမှာမေးတာအများဆုံးဖြစ်တဲ့ FAQ တစ်ခုပါ။
ဒီလိုမေးခွန်းမျိုးက ဖြေရအတော်ဘေးကြပ်နံကြပ်ရိုက်တဲ့မေးခွန်းဆိုလည်းမမှားပါဘူး။ ဘာလို့လဲဆို‌တော့ "ကားရှိတယ်၊ကား၀ယ်မလားအစ်ကို"လို့ မေးတဲ့မေးခွန်းနဲ့ ခပ်ဆင်ဆင်ပါပဲ။
ကားတောင် ကားအမျိုးအစား, Functions, Model, နံပတ်ပြားစဖြင့် Specification ကို မေးမြန်းစုံစမ်းပြီး မသေချာရင် Test Drive လေးလုပ်ပြီးမှသာ ၀ယ်မယ်/မ၀ယ်ဘူးဆုံးဖြတ်ကြတာမဟုတ်လား။ ဆိုတော့ ကျွန်တော်တို့အနေနဲ့ မေးတဲ့သူရဲ့ Profile, Education Background, Abilities & Skills တွေမသိပဲ ဖြစ်နိုင်ခြေကိုခန့်မှန်းပေးဖို့က လုံး၀မဖြစ်နိုင်ပါဘူး 🙁
'ကျောင်းပြီးရင်အလုပ်ရှာလို့လွယ်တဲ့နိုင်ငံမရှိပါဘူး'
ဟုတ်ကဲ့ နားကြားမမှားပါဘူး မြန်မာနိုင်ငံမှာတောင် တစ်နှစ်တစ်နှစ်ဘွဲ့ရတွေ သိန်း/သောင်းနဲ့ချီထွက်နေတာပါ။ ဘွဲ့ရကျောင်းပြီးပြီးတော့ကျော့ကျော့မော့မော့ Company CEO ထိုင်ခုံမှာထိုင်နေတာတွေက မအေးအေး၀င်းကိုသာစီစဥ်ခိုင်းမှရပါမယ်ခင်ဗျာ။
ဘွဲ့လက်မှတ်တစ်ခုနဲ့ အလုပ်ရှာလို့မဖြစ်တော့တဲ့ခေတ်မှာ တခြားဘယ်လိုအရာတွေက ကိုယ့်အတွက်အလုပ်ရမယ့် chance ကိုမြင့်တင်ပေးမှာလဲဆိုတာကျွန်တော်နဲ့အတူဆက်လေ့လာကြည့်ရအောင် -
1) Language
When in Rome, Do as the Romans do လိုဆိုသလိုပဲ ဘာသာစကားကိုပြောတတ်အောင်လေ့လာပါ။ ကျောင်းတက်နေတဲ့တစ်လျှောက်လုံး body language နဲ့ပြီးသွားမှာလား ကိုယ့်ကိုကိုယ်ပြန်မေးပါ။ Google Translate သုံးလို့ရပေမယ့်တကယ့်နေ့စဥ်ဘ၀မှာ အမြဲတမ်း Application ဖွင့်ဖို့အချိန်မရပါဘူး
ဥပမာ - ထိုင်းမှာဆိုလည်း ကျွန်တော်အလုပ်ရှာခဲ့တုန်းက Interview ဖြေသမျှ Company တိုင်းက International Company ပေမယ့်ထိုင်းစကားပြောတတ်လား လို့ အမြဲအမေးခံရပါတယ်
2) Extra Curriculum Activities
အလုပ်အတွေ့အကြုံမရှိပဲ Entry Level သမားတွေကိုအလုပ်ခန့်ဖို့က ကျောင်းမှာတည်းက Extra Curriculum Activities တွေပါ၀င်ပါ။ (Example - Sports, Events, Mentor Programs, Associations, Student Clubs စတာတွေမှာကိုယ်စိတ်၀င်စားတဲ့ နယ်ပယ်အလိုက် အတွေ့အကြုံယူထားပါ)
3) Career လေ့လာလိုက်စားမှု
အစမှာပြောခဲ့သလိုပဲ ဘွဲ့လက်မှတ်တစ်ခုနဲ့အလုပ်ရှာတဲ့ခေတ်က ကုန်သွားပါပြီ။ ဆိုတော့ စာတွေ့ထက်လက်တွေ့က လုပ်ငန်းခွင်မှာပိုအရေးကြီးတာမို့ IT Student ဆိုလည်း Software, Hardware, Coding ရေးတာစသဖြင့် ကိုယ် Professional အဖြစ်ရပ်တည်မယ့် Field မှာ နှံ့စပ်ဖို့လိုပါတယ်
4) Don’t forget the power of soft skills
အလုပ်ခွင်အတွက် လိုအပ်တဲ့ skills တွေအစုံသင်ယူထားပေမယ့်လည်း Soft skills တွေလည်းလိုအပ်နေပါသေးတယ်။ IQ ကောင်းတဲ့လူထက် EQ ကောင်းတဲ့သူဟာ အလုပ်ခွင်မှာပိုအောင်မြင်ကြတယ်လို့ သုတေသနတွေကဆိုထားသလိုပါပဲ ။ Soft skills ဆိုတာကတော့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးစွမ်းရည်ပါပဲ။ Relationship, Adaptability, Positive mind set, Public speaking, Presentation skills, Ethnic စတဲ့ သေးသေးလေးကနေ ကိုယ့်ကို life changing လုပ်ပေးနိုင်တဲ့ အရည်အသွေးတွေထိရှိပါတယ်
5) Keep up with trends
Trend နောက်လိုက်ပါဆိုတော့ ပေါ်ပင်လုပ်ခိုင်းတာမဟုတ်ပါဘူး။ ကျွန်တော်ဆိုလိုတဲ့ Trend က ကမ္ဘာကြီးမှာအမြဲလိုလိုအသစ်ပေါ်နေတဲ့ နည်းပညာတွေ စီးပွားရေး ဗျူဟာတွေနဲ့ လေ့လာသင်ယူမှုအသစ်တွေပါ။ အလွယ်ကူဆုံးကတော့ သီတင်းတွေရှာဖတ်ကြည့်ပါ ကိုယ် Career အနေနဲ့လေ့လာမယ့် Field တင်နဲ့ရပ်နေလို့လည်းမရတော့ပါဘူး Example: Russia-Ukraine War အကြောင်းလည်း တီးမီခေါက်မိအောင်လောက်တော့ သီတင်းတွေဖတ်ထားသင့်ပါတယ်
6) Networking
ဒါကတော့ နံပတ် ၄ Soft Skills ကနေလာတဲ့ အရေးပါတဲ့လူငယ်တိုင်းရှိသင့်တဲ့ Ability တစ်ခုဆိုလည်းမမှားပါဘူး။ ကျောင်းလာတက်မယ်ဆိုပြီး ကျောင်းနဲ့အိမ်/အိမ်နဲ့ကျောင်း ပဲအချိန်ကုန်နေရင်တော့ အချိန်တန်အိမ်ပြန်ရမှာပါပဲ။
"Get out of the shell."
သူများနိုင်ငံမှာကျောင်းလာတက်တာဖြစ်တဲ့အတွက် New Friends, New Teachers, New Environment မှာ Connection ကောင်းတွေရှာပါ ကိုယ်အတွက်ဒီနေ့ချက်ချင်း Benefits မဖြစ်ရင်တောင် Future မှာအသုံး၀င်လာပါလိမ့်မယ်။
ကဲ TYTimers တို့ရေ စကားလည်းရှည်သွားပြီမလို့ အပိုင်း (၁) အနေနဲ့ ဒီနေရာမှာအရင်ရပ်ပါရစေခင်ဗျ။ တခြား Highlight လုပ်ချင်တဲ့ skills တွေရှိပေမယ့် စာတအားရှည်သွားမှာစိုးလို့ နောက်ထပ်ဖတ်ချင်သေးရင်တော့ အပိုင်း (၂ )ဖန်တီးပေးသွားဖို့ရှိတာမလို့ "(၂)" ဆိုပြီး comment မှာ မန့်ခဲ့‌ပေးကြပါဦးနော် 😉
ဒါနဲ့ Language is a key ဆိုသလိုပဲ ထိုင်းမှာကျောင်းလာတက်မယ့်ကျောင်းသားတွေအတွက်သတင်းကောင်းလေးရှိပါသေးတယ်ခင်ဗျ 🔊
Thai Basic Course ရုံးချိန်လွတ် အတန်းခွဲအသစ်ကို May 9 ရက်နေ့မှာဖွင့်လှစ်သွားမှာဖြစ်တာမို့ အမြန်ဆုံစာရင်းပေးသွင်းပြီဆိုတဲ့အကြောင်းသတင်းကောင်းလေးပါးလိုပါတယ်ခင်ဗျ 💁‍♂️
✔️ Course Name : Thai Basic Course Batch 6
📅 Starting Date : 9 May 2022
🕜 Date & Time : Mon, Wed (07:00-08:30PM)
⌛ Duration : 2 Months
💰 Course Fees : 50000 ks + Text Book
စိတ်ဝင်စားလို့တက်ရောက်ချင်တယ်ဆိုရင်တော့ အောက်က Google Form မှာ လိုအပ်တာတွေဖြည့်စွက်ပြီးတော့ စာရင်းပေးသွင်းနိုင်ပါပြီနော် 🙆‍♂️✨
Google Form >> shorturl.at/lnBDZ
အားလုံးကောင်းသောညလေးပါ ❣️
#jobopportunities
#tipsforyouths
#takeyourtimemyanmar


Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!