ကျောင်းကပေးတဲ့ပညာသင်ဆုအရွေးချယ်မရဘူး
ဒါပေမယ့် ကျောင်းလာတက်ချင်ပါတယ်
💁🏻♂️ဒုတိယနှစ်လောက်ရောက်ရင်ကျောင်းတွင်း
ပညာသင်ဆုတွေလျှောက်လို့ရမလား
အိမ်က Budget မနိုင်လို့ပါဆိုတာမျိုး
ကျွန်တော်ကိုမေးကြပါတယ်။
ကျွန်တော်တို့အမေးများတဲ့အထက်ပါမေးခွန်းလေးကို Summarize လုပ်ပြီးဖြေရမယ်ဆိုရင်တော့
❌မသေချာတဲ့အရာကိုအားကိုးပြီး
မလာပါနဲ့လို့ဘဲ ပြောချင်ပါတယ်❌
Thai University တွေမှာ ပညာသင်ဆုအမျိုးမျိုး
အစားစားရှိပါတယ် အဲထဲမှာမှ
1️⃣Potential students တွေကိုပေးတဲ့ပညာသင်ဆု
2️⃣Current students တွေကိုပေးတဲ့ပညာသင်ဆု
3️⃣Outstanding Athletic တွေကိုပေးတဲ့ပညာသင်ဆု
ဆိုပြီး common အဖြစ်ဆုံး ၃ ခုကို
ပြောပြပေးသွားပါမယ်ခင်ဗျာ။
ယခုမှ စလျှောက်မယ့်ကလေးတွေအတွက်
No.1 Categories ထဲကနေ ✅Fully Funded ✅Partially Funded စသဖြင့် Private/ Government University တွေကနေ Scholarship တွေပေးပါတယ်။
ဆိုတော့ No.2 မှာ တက်နေတဲ့ကျောင်းသားတွေ
အတွက်ပေးတာရှိတယ်လေ
ဘာလို့မလာခိုင်းတာလဲဆိုတော့
1) Current Student တွေကို Financial Aids ပေးတာမျိုးတွေရှိ/မရှိ ကိုယ်တက်ချင်တဲ့ကျောင်းမှာအရင်စုံစမ်းရပါမယ် (University Website မှာဖော်ပြထားပါတယ်)
2) ရှိတယ်ဆိုရင် ဘာတွေကိုကြည့်ပြီးပေးတာလဲ ဆက်လေ့လာပါ
💡Academic Record ကိုကြည့်တာလား
💡Extra Curriculum Participation ကိုကြည့်တာလား
💡External Talent, Language Proficiency ကိုကြည့်တာလား။
3) ဘယ်လောက်ပေးတာလဲ
များသောအားဖြင့် အများကြီးမပေးကြပါဘူး (Limited Budged / Limited Time) အတွင်းဘဲပေးပါတယ်။
ဥပမာ ဘတ် ၃ သောင်းကို ယခုလာမယ့် August Semester အတွက်ပေးတယ်ဆိုတာမျိုးပေါ့။
💁🏻♂️ဒီလင့်မှာ Mahidol က Sample လေးလေ့လာကြည့်ပါ
https://muic.mahidol.ac.th/.../Financial-Aid-Grants-T3-21...
ဒါပေမယ့် တချို့ကျောင်းတွေမှာ Emergency Relief အနေနဲ့ Covid-19 စစဖြစ်ခြင်းတုန်းက တက်နေတဲ့ကျောင်းသားတွေ ငွေကြေး Burden လျှော့ကျအောင်ပေးတာမျိုးတွေရပါတယ် ။
အဲ့တော့ပြန်ပြောရရင်တော့
1️⃣မသေချာပါဘူး
2️⃣မသေချာပါဘူး
3️⃣မသေချာပါဘူး ဘဲပြောချင်ပါတယ်။
💁🏻♂️နောက်ပြီးတစ်ခုသတိထားရမှာက
ကိုယ်ကရိုးသားဖို့လိုပါတယ် ခင်ဗျာ။
ကျောင်းလျှောက်တည်းက ကိုယ့်ပိုက်ဆံနဲ့ကိုယ်တက်
နိုင်ပါတယ်ဆိုပြီး လျှောက်ခဲ့တာလား ❓သို့မဟုတ်
ပညာသင်ဆုလိုအပ်ပါတယ်လို့လျှောက်ခဲ့တာလား❓သတိချပ်စေချင်ပါတယ်
❌ကိုယ့်ပိုက်ဆံနဲ့ကိုယ်တတ်နိုင်ပါတယ်ပြောလျှောက်ခဲ့ပြီး ဒီရောက်တော့မှ မတတ်နိုင်တော့ပါဘူး ကျောင်းထားပေးပါလို့ကျောင်းကို သွားပြောလို့မရပါဘူးနော်❌
နံပတ် ၃ Outstanding Athletic တွေကိုပေးတဲ့ဟာဆို
ပိုခက်ပါတယ် သူတို့ထိုင်းလူမျိုး Sport မှာ
ထူးချွန်ထက်မြက်တဲ့ကျောင်းသားတွေကို
ကျောင်းကပေးအပ်တာမျိုး Foreigner အနေနဲ့ရနိုင်ဖို့ chance နည်းပါတယ်ခင်ဗျ။
ကဲ ... နောက်ဆုံးကျွန်တော်မှာချင်ကတော့
အစတည်းက လုံလောက်တဲ့
✅Funding နှင့်
✅Preparation ရှိမှသာ oversea study လုပ်ဖို့နဲ့
Funding မရှိရင်
✅မလာခင်တည်းကပညာသင်ဆုကို အားစိုက်လျှောက်ဖို့အကြံပေးပါတယ်
နောက်ပြီးထိုင်းဘာသာစကားရဲ့အရေးပါမှုကိုလည်း အတော်ရှင်းပြခဲ့ပြီးဖြစ်တာကြောင့် ကြိုတင်လေ့လာထားသင့်ပါတယ်။
TYT က မကြာခင်ကျောင်းသွားတက်မယ့်
ပညာသင်လူငယ်တွေအတွက် ထိုင်းအခြေခံစကားပြောအတန်းသစ် ကိုဖွင့်လှစ်သွားဖို့ရှိတာကြောင့် လက်လွတ်မခံသင့်ပါဘူး
Class Schedule
🔔 Course Name : Thai Basic Course Batch 7
🗓️ Starting Date : 6 June 2022
⏰ Date & Time : Mon, Tue (07:00-09:00PM)
⏳ Duration : 1.5 Months
💰 Course Fees : 50000 ks
🙋🏻♂️ကဲ...စိတ်ဝင်စားပြီး တကယ်တက်ချင်တယ်ဆိုရင်တော့ အောက်မှာ Google Form ဖြည့်ပြီး
လျှောက်ထားနိုင်ပါပြီ ...
shorturl.at/lnBDZ
ကျွန်တော့်ကိုဆွေးနွေးပေးစေချင်တဲ့ အကြောင်းအရာရှိရင် comment မှာအကြံပေးခဲ့ပါနိုင်ပါတယ်ခင်ဗျာ 🙋🏻♂️
#takeyourtimemyanmar
#StudyinThailand
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments