ကျွန်တော်က ဒီ Major တက်တယ်ကျောင်းပြီးရင်အလုပ်ရပါ့မလား❓
ကျောင်းလာတက်တဲ့ကျောင်းသားအများစု ကျောင်းပြီးရင်အလုပ်ရပါ့မလား❓
စိတ်ပူကြတာ လူတိုင်းနီးပါးပါပဲ...
💁 ကျွန်တော်ဒီနေ့တော့ အထက်ပါမေးခွန်းမျိုးကိုသူများကိုမမေးခင်ထိုင်းမှာ အလုပ်အတွက် အဓိကထားပြီးလေ့လာသင့်တဲ့ Website ကတော့...
1) https://th.jobsdb.com/th
Best of all time လို့ကျွန်တော်တင်စားရတဲ့ Jobsdb လေးကိုအရင်မိတ်ဆက်ပေးပါမယ်
မိမိ Gmail နဲ့အကောင့်ဖွင့်ထားပြီး CV, Cover Letter သေချာပြင်ထားရင် တန်းပြီးအလုပ်လျှောက်လို့ရပါတယ်...
အဲ့ဒါအပြင် Search Box မှာ Burmese/Foreigner ဆိုတဲ့ Key Words တွေထည့်ပြီးရှာကြည့်ပါ။
ကျလာတဲ့အလုပ်အကိုင်တွေက ကိုယ်ရွေးချယ်မယ့် Career လား❓
ဘယ်လို Position နဲ့ Job Descriptions တွေ အပြင်လစာ စသဖြင့်အသေးစိတ် လေ့လာကြည့်ပါ...
2) https://www.glassdoor.com/
Glassdoor ဟာ US Job website တစ်ခုဖြစ်ပြီး Company တွေအပေါ်သူ့ရဲ့ အလုပ်သမားတွေရဲ့ထင်မြင်ချက်တွေ အားသာချက် အားနည်းချက် work environment နှင့်လစာနှုန်းထားတွေက အစ သေချာလေ့လာနိုင်တဲ့အပြင် Opening Positions တွေပါတင်ထားလို့ အတော်လေး Reliable ဖြစ်တဲ့ Platform တစ်ခုပါပဲ
3) https://www.thaijob.com/en/
ယခုနောက်ပိုင်း Foreigner Friendly ဖြစ်လာတာဆို Thai Job Website ပါ သူက Part-time, Full-Time Job တွေကနေ Freelance အထိ တစ်နေရာထဲမှာစုစည်းထားတာမို့ ကျောင်းသားလူငယ်တွေ အမြဲမပြတ်၀င်ကြည့်သင့်ပါတယ် 😉
4) https://th.jooble.org/
ကျွန်တော်သဘောကျတဲ့နောက်ထပ် Flatform -> Jooble ကတော့ Thai နိုင်ငံတစ်ဝှမ်းလုံး မိမိရှာနေတဲ့ မြို့အလိုက်အလုပ်တွေရှာလို့ရတဲ့အပြင် လက်ရှိခေါ်နေတဲ့ Company ကြီးတွေရဲ့ အလုပ်ခေါ်စာတွေကို home page မှာတင်ပေးထားတာမို့ အခွင့်အရေးတွေဟေ့လို့သာအော်ပြီး လျှောက်ကြည့်ပါ။
5) https://www.hoteljob.in.th/
Hospitality Industry မှာ ကျောင်းတက်နေပြီး နောက်ပိုင်းအလုပ်အကိုင်အခွင့်လမ်းရှာဖို့ plan ရှိရင် Management Position မှ General Staff အထိ နေ့စဥ်အလုပ်သစ်တွေတင်တဲ့ ဒီ Website လေးကိုလည်း ၀င်ကြည့်စေချင်ပါတယ် အလုပ်အပြင် လတိုင်း Service Charges အများဆုံးရတဲ့ Hotel list တွေပါ ဖော်ပြပေးထားတာမို့ တကယ့် Wow..Wow…Wow ပါပဲ 😎😎😎
6) Linkedin
နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဖို့
✅အလုပ်
✅Career စတာတွေအကြောင်းပြောရင်
မပါမဖြစ်က Linkedin ပါ သူမှာလည်း အလုပ်ရှာလို့ရတဲ့ Features တွေနဲ့ အလုပ်တွေလျှောက်နိုင်တဲ့အပြင် ကိုယ်စိတ်၀င်စားတဲ့ Company တွေကို Follow လုပ်ပြီး up to date သီတင်းတွေဖတ်ရှု့နိုင်ပါသေးတယ်...
💼 အလုပ်တွေလျှောက်မယ်လို့ ကိုယ်က အစတည်းက Plan ရှိရင်ကျောင်းမပြီးခင်တည်းက အထက်ပါ အလုပ်ခေါ်တဲ့ Website တွေကို၀င်ကြည့်လေ့လာထားဖို့လိုပါတယ်...
💼 နောက်ပြီးအလုပ်လျှောက်ရင် Interview တွေမှာအမေးခံရဆုံးက *ထိုင်းစကားပြောတတ်လား* ဆိုတဲ့မေးခွန်းပါ။ အဲ့တော့ထိုင်းစကားကိုမလာခင်တည်းက တတ်နိုင်သလောက်ကြိုးစားလေ့လာထားသင့်ပါတယ်...
⚠️ ထပ်ပြောရမယ်ဆို ထိုင်းစကားမတတ်ပဲထိုင်းမှာအလုပ်ရှာဖို့မလွယ်ပါဘူး ခင်ဗျာ...
💁 ကဲ ထိုင်းမှာကျောင်းတက်ဖို့လုပ်နေတဲ့သူငယ်ချင်းရှိရင်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေအတူတူသိသွားအောင် share ပေးနိုင်ပါတယ် ခင်ဗျာ...
နောက်ပြီး TYT ကနေ အခမဲ့ကျောင်းလျှောက်ပေးတဲ့ Service လည်းရှိတာမို့ August Semester အတွက်ကျောင်းတက်ချင်ရင် Chatbox မှာဟလိုလိုက်ပါ 🙋🏻♂️
#takeyourtimemyanmar #PlatformForJob
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments
Moe Zaw Oo August 18, 2026
July 12, 2026
Nang Thein Kyal Zin July 12, 2026
201010
Hein lin soe June 3, 2026
0618790687
Hein lin soe June 3, 2026
0618790687