ကျောင်းသား Visa နဲ့အလုပ်လုပ်ချင်တယ်ဆိုတဲ့ အရာမှာ ကိုယ့်ရဲ့ရည်ရွယ်ချက် Goals က ဘာလဲဆိုတာရှင်းလင်းဖို့လိုပါတယ်...
၁) အတွေ့အကြုံရချင်တာလား❓
၂) ပိုက်ဆံရချင်တာလား❓
💁 ကိုယ်က အတွေ့အကြုံတွေလိုချင်လို့ အလုပ်လုပ်ချင်တာဆိုရင် တရား၀င် Internship ဆင်းလို့ရတဲ့ International, Local Company တွေ အများကြီးရှိပြီး လူငယ်တွေကို Training ပေးဖို့ Welcome ကြပါတယ်။ ထိုင်းမှာ Internship အများစုက Unpaid ပါ ... ဟုတ်ကဲ့ "Unpaid" ပါ ခင်ဗျ။ ဒါပေမယ့် နိုင်ငံခြားမှာတော့ သူများလုပ်အားကိုလုံး၀ အကုန်ဖရီးခေါ်ခိုင်းတာမျိုးသိပ်မရှိပဲ *Transportation Allowance၊ *Food Allowance တစ်ရက်ဘယ်လောက်ဆိုပြီးသတ်မှတ်ပေးတာမျိုးရှိပါတယ်။ (တချို့လုံး၀မပေးတဲ့ Company တွေလည်းရှိလို့) Internship လျှောက်တဲ့အခါမှာ Interview တဲ့အချိန်မေးမြန်းပါ ခင်ဗျာ...
💸 ပိုက်ဆံရချင်လို့ Part-time Job ရှာမယ်ဆိုရင်တော့အရင်အပတ်က ပြောခဲ့ဖူးသလိုဘဲ အလုပ်ရှင်တွေက ထိုင်းလူမျိုးနဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေကို ခန့်ကြတာများပါတယ်။
👉 အဲ့တော့ လုံး၀ chance မရှိတော့ဘူးလားဆိုတော့လည်းမဟုတ်ပါဘူး...🙅
1. https://bangkok.craigslist.org/
📌Craigslist မှာ Flyer ဝေတဲ့အလုပ် (Flyer Distribution)
📌အစားထိုးစာသင်ပေးတဲ့အလုပ် (Substitute Teacher)
📌MC (ပွဲတင်ဆက်သူ)
📌Camp Volunteer စသဖြင့် အလုပ်ခေါ်စာလေးတွေတင်လေ့ရှိပါတယ်
⚠️ သတိပေးချင်တာက SPAM တွေလည်းရှိလို့သတိထားပြီးဒီ Platform ကိုအသုံးပြုပါ...
2. Supplier (အ၀ယ်တော်)
📌 ဒီအလုပ်ကတော့ လွယ်မယောင်နဲ့ ခက်ပါတယ်။ လူတိုင်းနီးပါးမြန်မာပြည်ကို ဘန်ကောက်အထည် အသုံးအဆောင်ပစ္စည်းတွေတင်ရောင်းနေကြတာမို့ ကိုယ်အနေနဲ့ လူမှုဆက်ဆံရေးကောင်မွန်ရုံနဲ့မရပါဘူး။
👉 Bangkok က Market Place, Online E-Commerce Platform တွေအကုန်နီးပါးသိရှိဖို့လိုပြီး လူကိုယ်တိုင်အပြင်ထွက်ပြီးစျေး၀ယ်ပေးရတာမျိုးတွေရှိတာကြောင့် အနည်းနဲ့အများတော့အချိန်ပေးရပါတယ်ခင်ဗျာ။ ဒါအပြင်ထိုင်းစကားပြောတတ်ရင်တော့ စျေးဆစ်တာနဲ့ တခြား Negotiate Process တွေပိုလုပ်နိုင်လို့ကိုယ့်အတွက်ပိုကျန်မှာပေါ့ ခင်ဗျာ။ (အ၀ယ်တော်ဆိုမှ လည်လည်၀ယ်၀ယ်ဖြစ်မှပါ မဟုတ်ရင် ထိုင်းတွေ၈ျင်းထဲ့တတ်ပါတယ်) များသောအားဖြင့်အ၀ယ်တော်တွေက % နဲ့ charges လုပ်ကြပါတယ် 10%-20% စသဖြင့်...
3. Online Shop (Export)
📌 OS တွေကလည်းမြန်မာပြည်မှာမှိုလိုပေါက်နေတာမို့ ယခုမှကျောင်းလာတက်မယ့် ကလေးမပြောနဲ့ကျွန်တော့်ကို ယခု OS လုပ်ပါဆိုရင် ဘာရောင်းရမှန်းမသိပါဘူး။ ဒါပေမယ့် စိတ်ဓါတ်ကျသွားစရာမလိုပါဘူး...✌️
👉 OS ကတော့ Flexible work schedule အဖြစ်ဆုံးဖြစ်တာကြောင့် ယခုမှစလည်းနောက်မကျဘူးလို့ထင်ပါတယ်။ ပင်လယ်ရေ သောက်မကုန်ဘူးမဟုတ်လား။ ကိုယ်ကသာ မြန်မာပြည်ကလူတွေတကယ်လိုအပ်တဲ့ ပစ္စည်း/သူများမရောင်းသေးတဲ့ ပစ္စည်းရောင်းရင် ၀ယ်တဲ့ Customer ရှိမှာအမှန်ပါပဲ...👍
4. Online Shop (Import)
📌 မြန်မာပြည်ကိုပစ္စည်းတွေသွင်းဖို့ပဲစဥ်းစားမနေပဲ မြန်မာပြည်က ဘာတွေတင်သွင်းရောင်းချနိုင်လဲ ပြန်ပြီးဆန့်ကျင်ဘက်တွေးကြည့်ရအောင်...။ ထိုင်းမှာလည်းမြန်မာတွေ ပိုပိုများလာတာမို့ မြန်မာအစားအစား၊ အသုံးအဆောင်၊ အ၀တ်အထည်စတာတွေကို ပြန်ရောင်းတာလည်း ကိုယ့်အတွက်အပို၀င်ငွေရနိုင်ပါတယ်...👍
5. Freelance Jobs
📌 နိုင်ငံတကာက Remote Work တွေကို Project Base Part-Time လုပ်တာကလည်း Option တစ်ခုပါပဲ...
👉 https://appen.com/jobs/ ကိုကြားဖူးကြတဲ့သူတွေရှိသလိုမကြားဖူးသေးရင်တော့ Australia မှာအခြေစိုက်တဲ့ Company ဖြစ်ပြီး အချိန်ပိုင်းအလုပ်တွေကို Project, Micro Tasks, Surveys & Data Collection စသဖြင့်ပုံစံအမျိုးမျိုးနဲ့လုပ်နိုင်ပါတယ်။ တချို့ Burmese Language Base Project တွေရှိတာကြောင့်အတော်လေးအဆင်ပြေပါတယ်။ ကျွန်တော်ကိုယ်တိုင်ကျောင်းသားဘ၀တုန်းက ၀င်လုပ်ခဲ့ဖူးပြီး Paypal Account ထဲကို Payment တန်းလွှဲပေးပါတယ်...
6. Interpreter (ဘာသာပြန်)
📌 ဘာသာပြန်လို့ပြောတဲ့အခါမှာ *Myanmar-Thai၊ *Myanmar-English၊ *English-Thai စသဖြင့် ကိုယ်တတ်ကျွမ်းတဲ့ Second/ Third/ Fourth Language ကနေပြီး Translate လုပ်ပြီးတော့ငွေရတာကိုပြောတာပါ။ ဘာသာစကားရထားတဲ့သူတွေအနေနဲ့ကတော့ အချိန်ပိုင်းဘာသာပြန် သို့မဟုတ် Tour Guide စသဖြင့်လုပ်လို့ရပါတယ်။ ကျွန်တော်ဘာလို့ ဒါကို Highlight ထားပြောလဲဆိုရင် Tour Guide တစ်ယောက်ရဲ့တစ်ရက် Fees က ဘတ် ၁၅၀၀ လောက်ကနေစပါတယ်။ အဲ့တော့ ဘာသာစကားရထားရင်သူများထက်ခေါင်းတစ်လုံးသာနေပြီး ဘယ်လိုအပို၀င်ငွေရှာချင်ရှာချင် Option တွေပိုများပါတယ် ခင်ဗျာ...✨💪
✨ TYT က ထိုင်းအခြေခံ နှင့် Level 1 Class ကိုမကြာခင်ဖွင့်သွားမှာမို့ တက်မယ်ဆိုရင် စာရင်းပေးသွင်းနိုင်ပါတယ်...🤩
🗓️ Class Schedule
💳 Course Name : Thai Basic Course Batch 8
📆 Starting Date : 22 June 2022
🕰️ Date & Time : Wed, Thu (07:30-09:00PM)
🚩 Duration : 2 Months
🏷️ Course Fees : 50000 ks
🛎️ Registration Form : shorturl.at/lnBDZ
👉 Level 1 အတန်းမှာသင်ကြားပေးမယ့်
🗓️Class Schedule
💳 Course Name : Thai Level 1 Course V
📆 Starting Date : 23 June
🕰️ Date & Time : Thu, Fri(07:00-08:30PM)
🚩 Duration : 3 Months
🏷️ Course Fees : 50000 kyats per month
🛎️ Registration Form : shorturl.at/pzAT5
💁 ဘာမှတွေဝေမနေပဲ အမြန်စာရင်းသွင်းလိုက်ပါခင်ဗျာ...💪
#takeyourtimemyannar
#Part-TimeJobInThailand
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments
Thet su San December 19, 2022
Very useful