ထိုင်းနိုင်ငံရဲ့ နာမည်ကြီးအစိုးရတက္ကသိုလ်တွေထဲက တစ်ခုဖြစ်တဲ့ KMITL ဟာ 1960 ခုနှစ်ကတည်းကတည်ထောင်ခဲ့တာဖြစ်ပြီး Technology နဲ့ Science Fields တွေမှာ အင်မတန်နာမည်ကြီးတဲ့ ကျောင်းကြီးတစ်ခုလည်းဖြစ်ပါတယ်။
💁♂️ Ranking အားဖြင့်ကြည့်မယ်ဆိုရင်လည်း ထိုင်နိုင်ငံမှာ နံပါတ် (၁၁) ချိတ်နေပြီးတော့ Research တက္ကသိုလ်တွေထဲမှာဆိုရင်တော့ KMITL က နံပါတ် (၁) နေရာမှာရှိတာကြောင့် ထိုင်းနိုင်ငံမှာ နာမည်ကြီးနည်ပညာတက္ကသိုလ်ကောင်းကောင်းကိုမှ တက်ချင်ပါတယ်ဆိုတဲ့ Timers တို့တွေ မဖြစ်မနေထည့်သွင်းစဉ်းစားသင့်ပါတယ်။
💁♂️ တည်နေရာအနေနဲ့ကြည့်မယ်ဆိုရင်လည်း Bangkok မြို့ရဲ့ Lat Krabang မှာတည်ရှိတဲ့အပြင် Suvanabumi လေဆိပ် ကနေ (၁၅) မိနစ်လောက် ကားစီးရုံနဲ့ ကျောင်းကိုအလွယ်တကူရောက်နိုင်ပါတယ်။
💁♂️ Undergraduate မှစလို့ Master နဲ့ Doctoral Degree ထိ နည်းပညာ၊ သိပ္ပံ၊ အင်ဂျင်နီယာနဲ့ပတ်သတ်တဲ့ မေဂျာ စုံစုံလင်လင်ရှိတဲ့အပြင် ထူးခြားချက်အနေနဲ့ International Students တွေတက်ရောက်နိုင်တဲ့ ဆေးကျောင်းလည်းဖွင့်လှစ်ထားပြီဖြစ်ပါတယ်။
💁♂️ KMITL မှာ Undergraduate Students တွေသင်ယူလို့ရမယ့် Majors တွေကတော့
🔷 Business Administration
🔷 Business Information Technology
🔷 Agricultural Engineering
🔷 Biomedical Engineering
🔷 Chemical Engineering
🔷 Civil Engineering
🔷 Computer Innovation Engineering
🔷 Electrical Engineering
🔷 Electronics Engineering
🔷 Food Engineering
🔷 Biomedical Engineering
🔷 Energy Engineering
🔷 Engineering Management and
Entrepreneurship
🔷 Industrial Engineering and Logistics
🔷 Management
🔷 Mechanical Engineering
🔷 Robotics and AI Engineering
🔷 Software Engineering
🔷 Financial Engineering
🔷 Aeronautical Engineering and Commercial
Pilot
🔷 Logistics Management
🔷 Medicine
တို့ပဲဖြစ်ပါတယ်။
ပုံမှန်အားဖြင့်တစ်နှစ်မှာ ကျောင်းဝင်ခွင့် (၅) ကြိမ်ခေါ်လေ့ရှိပါတယ်။
⏰ Early Round (October)
⏰ First Round (November - December)
⏰ Second Round (February - March)
⏰ Third Round (May)
⏰ Final Round (June - July)
ကဲ ဒါဆိုရင် Admission Requirements တွေ ကျောင်းစရိတ်တွေ နဲ့ Scholarship Information တွေကို သိချင်နေကြပြီထင်ပါတယ်ဗျ။
Admission Requirements
☑️ Application Form
☑️ Passport
☑️ ဆယ်တန်းအောင်လက်မှတ် ဒါမှမဟုတ် GED တစ်ခုခုရှိရပါမယ်။
☑️ စာလုံရေ 650 ထပ်မပိုတဲ့ Personal Statement တစ်စောင်
☑️ English Proficiency Test Score
☑️ Recommendation Letters (၂) စောင်
☑️ Portfolios Achievements (Optional)
☑️ Other Certificates and Achievements (optional)
☑️ Interview
💁♂️ Application ဖွင့်ပြီဆိုရင်တော့ အောက်က Link ကနေ Student Account ဖွင့်ပြီး ကိုယ်နှစ်သက်တဲ့ဘာသာရပ်ကို လျှောက်ထားနိုင်ပါတယ်။
Application Link :
https://new.reg.kmitl.ac.th/admission/#/
Tuition Fees
💁♂️ ကျောင်းစရိတ်တွေကတော့ မေဂျာပေါ်မူတည်ပြီး ကွာခြားမှုရှိပါတယ်။
💁♂️ Engineering မေဂျာတွေကတော့ ၄ နှစ်တာ Semesters (8) ခုတက်ရောက်ရမှာဖြစ်ပြီး ပုံမှန်အားဖြင့် Semester တစ်ခုကို ဘတ် 90000 ဝန်းကျင်ကျသင့်မှာပဲဖြစ်ပါတယ်။
💁♂️ Business မေဂျာတွေကတော့ ၄ နှစ်တာ Semesters (8) ခုတက်ရောက်ရမှာဖြစ်ပြီး ပုံမှန်အားဖြင့် Semester တစ်ခုကို ဘတ် 45000 ဝန်းကျင်ကျသင့်မှာပဲဖြစ်ပါတယ်။
💁♂️ Medicine မေဂျာကတော့ ၆ နှစ်တာ Semesters (12) ခုတက်ရောက်ရမှာဖြစ်ပြီး ပုံမှန်အားဖြင့် Semester တစ်ခုကို ဘတ် 495000 ဝန်းကျင်ကျသင့်မှာပဲဖြစ်ပါတယ်။
💁♂️ အောက်က Link ကနေတစ်ဆင့်လည်း အရင် Round တွေက ခေါ်ခဲ့တဲ့ Announcements တွေကိုကြည့်ပြီး ကျောင်းစရိတ်နဲ့ ကျောင်းဝင်ခွင့်လိုအပ်ချက်တွေကို မေဂျာအလိုက်အသေးစိတ်လေ့လာနိုင်ပါတယ်။
https://new.reg.kmitl.ac.th/admission/#/undergraduate/announcement_inter
💁♂️ ကျောင်းစရိတ်တွေမတက်နိုင်ဘူး၊ Scholarship နဲ့မှတက်ချင်ပါတယ်ဆိုတဲ့ Timers တို့အတွက် Scholarship အခွင့်အရေးတွေ KMITL က နှစ်စဉ်နှစ်တိုင်း ပေးလျက်ရှိပါတယ်ခင်ဗျ။
Scholarship Opporunity (Engineering)
💁♂️ Medicine Program က လွှဲပြီး Engineering နဲ့ Business Major တွေက နှစ်စဉ်နှစ်တိုင်း Scholarship တွေခေါ်လေ့ရှိကြပါတယ်။
💁♂️ Engineering ကတော့ ကျောင်းဝင်ခွင့် ခေါ်တဲ့ (၅) ကြိမ်စလုံးမှာ Scholarships တွေပါဝင်တာဖြစ်ပြီး နှစ်စဉ် International Students သီးသန့်အယောက် (၁၀၀) နီးပါးပေးလေ့ရှိပါတယ်။
💁♂️ ဒါ့အပြင် Engineering က Scholarship အတွက်ကို သီးသန့်လျှောက်စရာမလိုပဲ ကျောင်းဝင်ခွင်လျှောက်ကတည်းက တစ်ခါတည်း Scholarship အတွက်ပါထည့်သွင်းစဉ်းစားပေးသွားမှာပဲဖြစ်ပါတယ်။
💁♂️ တစ်ခုရှိတာက Engineering Scholarship က ကျောင်းစရိတ်ကိုပဲ 100% ပေးတာဖြစ်ပြီး Living Expenses ကိုတော့ မိမိဘာသာ အကုန်ကျခံရမှာပဲဖြစ်ပါတယ်။
Scholarship Opporunity (Business)
💁♂️ Business Administration Major ကိုတော့ တစ်နှစ်မှာ Scholarship တစ်ကြိမ်သာခေါ်တာဖြစ်ပြီး နှစ်စဉ် May လကုန် June လစန်းလောက်မှ ခေါ်ယူလေ့ရှိပါတယ်။
💁♂️ Scholarship ကလည်းတစ်နှစ်ကို (၃) ယောက်ပဲရွေးချယ်တာဖြစ်လို့ ပိုပြီး Competitive ဖြစ်ပါတယ်။
💁♂️ Engineering နဲမတူပဲ ကျောင်းဝင်ခွင့်သပ်သပ်နဲ့ Scholarship အတွက် သီးသန့် (၂) ခါလျှောက်ထားရမှာပဲဖြစ်ပါတယ်။
💁♂️ Scholarship မလျှောက်ခင်မှာ ကျောင်းဝင်ခွင့်ရထားကမှာဖြစ်လို့ ကျောင်း ဝင်ခွင့် Round ကို စောနိုင်သမျှစောစောလျှောက်ကြဖို့ အကြံပြုပါတယ်။
💁♂️ ထူးခြားချက်အနေနဲ့ Business Scholarship က ကျောင်းစရိတ် Free ပေးတဲ့အပြင် Living Expenses အနေနဲ့ တစ်လကို ဘတ် 10000 ပါရရှိဦးမှာဖြစ်ပါတယ်။
💁♂️ တစ်ခုရှိတာက Scholarship Policy အရ နှစ်စဉ် GPA 3.25 အောက်မရောက်အောင် ထိမ်းနိုင်ရမယ့်အပြင် Community Service Activities အနေနဲ့ တစ်နှစ်ကို အနည်ဆုံး နာရီပေါင်း ၄၀ လုပ်အားပေးရမှာပဲဖြစ်ပါတယ်။
💁♂️ အောက်က Link ကနေတစ်ဆင့်လည်း အရင် Round တွေက ခေါ်ခဲ့တဲ့ Announcements တွေကိုကြည့်ပြီး Scholarship ဝင်ခွင့်လိုအပ်ချက်တွေကို မေဂျာအလိုက်လေ့လာနိုင်ပါတယ်။
https://new.reg.kmitl.ac.th/admission/#/undergraduate/announcement_inter
💁♂️ ကဲ .. Scholarship အကြောင်းလည်း သိပြီးပြီးဆိုတော့ ကျောင်းရဲ့ Facilities တွေကို အနည်းငယ်ပြောပြပေးချင်ပါတယ်ဗျ။
💁♂️ Rank မြင့်တဲ့ ကျောင်းတစ်ကျောင်းဖြစ်တဲ့အတွက် စာသင်ခန်း Facilities တွေကတော့ ထွေထွေထူးထူး ပြောပြစရာမလိုပဲ Perfect ဖြစ်ပြီးသားဆိုတာ သဘောပေါက်နိုင်ပါတယ်ဗျ။
💁♂️ KMITL ရဲ့ Faculties တွေပြီးရင် အထင်းရှားဆုံးကတော့ KMITL Stadium ပဲဖြစ်ပါတယ်။ ခမ်းနားတဲ့ Stadium ကြီးနဲ့ Capacity 2000 ကျော်ရှိတဲ့ ကွင်းပြင်ကြီးဟာ တကယ့်ကို International Sport Stadium ရောက်သွားသလို ရင်သပ်ရှုမောရပါတယ်။
💁♂️ Standard Swimming Pool, Basketball, Valley Ball, Badminton, table-tennis, soccer, Gyms တို့အပြင်တခြားသော sport activities တွေအများကြီးလုပ်လို့ရတာဖြစ်လို့ အားကစားနှစ်သက်တဲ့ Timers တွေအတွက်ကတော့ စိတ်ကြိုက်ပါပဲခင်ဗျ။
💁♂️ ရင်သပ်ရှုမောဖွယ်ရာတွေထဲမှာတော့ Central Library ကိုလည်းမေ့ထားလို့မရပါဘူးဗျ။ 24 နာရီ WiFi လေးရယ် မအေးလွန်း မပူလွန်းတဲ့ အနေတော် Aircon လေးရယ်၊ တစ်နေ့တာ stress တွေနဲ့ အညောင်းအညာတွေကိုပါ တစ်ခါတည်းပျောက်သွားစေမဲ့ ပျော့အိအိ ဇိမ်ခံ Sofa ခုံတွေရယ်၊ တိတ်ဆိတ်ငြိမ်သက်တဲ့ ကိုယ်ပိုင်နေရာလေးနဲ့ ရုပ်ရှင်တွေထဲကလို Romantic ဆန်ဆန် အထာကျကျ စာလုပ်လိုသူတွေအတွက် မျက်စိကျစေမှာအမှန်ပါပဲခင်ဗျ။
💁♂️ ဒါ့အပြင် ကျောင်းထဲမှာလည်း KMITL Hospital ဖွင့်ပေးထားတဲ့အတွက် ကျန်မားရေးပြသာနာတစ်စုံတစ်ရာရှိပါက Free လာရောက်ကုသနိုင်မှာပဲဖြစ်ပါတယ်။ ကျောင်းရောက်ရောက်ချင်းလည်း ကျောင်းသားတိုင်း Body Check-up နဲ့ Lung check-up ကို လည်း KMITL Hospital မှာ မဖြစ်မနေလုပ်ကမှာပဲဖြစ်ပါတယ်။
💁♂️ ဒါတွေမကသေးပါဘူးခင်ဗျ။ KMITL က ကျောင်းသားတွေအတွက် သီးသန့် Student Dorm ကိုလည်း စျေးနှုန်းသက်သာစွာနဲ့ Standard ရှိရှိစီစဉ်ပေးထားပါတယ်။ Room Type (3) မျိုးရှိပါတယ်ခင်ဗျ။ အခန်းခကတော့ အခန်ပုံစံလိုက်ပြီး ကွာခြားမှုရှိပါတယ်။
🏡 Fan Room (3 people per room) - 650 THB per person + 30 THB for Water Fee + Electric bill
🏡 Fan Room (2 people per room) - 1250 THB per person + 30 THB for Water Fee + Electric bill
🏡 Aircon Room (2 people per room) - 2500 THB per person + Electric bill
(တစ်ခုရှိတာက Fan Room type မှာ Bathroom နဲ့ Toilets ကို အပြင်မှာ Share သုံးကမှာပဲဖြစ်ပါတယ်)
💁♂️ Dorm နဲ့ ကပ်ရပ်မှာ 7/11, Canteen, Kasikorn Bank နဲ့ Krung Thai Bank တို့ရှိပါတယ်။ International Students တွေကတော့ ကျောင်းက Student ID နဲ့ Krung Thai Bank မှာ Bank Account အလွယ်တကူဖွင့်လို့ရပါတယ်။
💁♂️ ဒါ့အပြင် KMITL ဟာဆိုရင် Japan, Singapore, Brunei, India, Vietnam, Taiwan, Belgium, France, Malaysia, Czech Republic, Germany, Spain တို့က နာမည်ကြီး Universities 50 ကျော်နဲ့ Partnership လုပ်ထားတာကြောင့် နှစ်စဉ်နှစ်တိုင်း Exchange Programs တွေအမြောက်အမြားအနဲ့ ကျောင်းသားတွေကို စေလွှတ်လေ့ရှိပါတယ်။
💁♂️ ကဲ… ဒီလောက်ဆိုရင်တော့ KMITL အကြောင်းအနည်းအကျဉ်းတော့ သိသွားကြလိမ်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျ။
💁♂️ မကြာခင်မှာလည်း TYT ကနေ KMITL မှာတက်ရောက်နေတဲ့ Myanmar Students တစ်ချို့ကို ဖိတ်ခေါ်ပြီး Sharing Session လုပ်ပေးဖို့စီစဉ်ထားတာမို့ Timers တို့ ကျောင်းနဲ့ပတ်သတ်ပြီး သိချင်တာရှိရင်ပဲဖြစ်ဖြစ် မရှင်းတာရှိရင်ပဲဖြစ်ဖြစ် လွတ်လပ်စွာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။
Sharing Session ကိုလည်းမကြာခင် Page မှာ အသေးစိတ်တင်ပေးသွားမှာဖြစ်လို့ See First လုပ်ထားဖို့မမေ့ပါနဲ့နော်။
#nick #takeyourtimemyanmar
#KMITL
#Thai
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments