✨ထိုင်းနိုင်ငံရဲ့ Siam University အကြောင်း တစ်စေ့တစ်စောင်း...🇹🇭✨

Details

Hello Hello TYTimers တို့ရေ...🙋
💁 တစ်ပတ်လုံးထိုင်းစကောလာရှစ်တွေချည်းပဲတင်နေတော့၊ ဒီနေ့မှာ အထူးအခြားလေးဖြစ်သွားအောင် အခုနောက်ပိုင်းမှာ နိုင်ငံတကာ Ranking ကောင်းလာတဲ့ ထိုင်းနိုင်ငံရဲ့ Private University လေးတစ်ခုအကြောင်းကိုပြောပြပေးသွားချင်ပါတယ်ဗျ Siam University ဆိုတာကတော့လက်ရှိမှာ ထိုင်းနိုင်ငံရဲ့ တတိယမြောက်အကြီးဆုံး Private University တစ်ခုပါ။ Main Campus က ထိုင်းနိုင်ငံရဲ့ အချက်အချာ၊ ဘန်ကောက်မြို့မှာတည်ရှိပြီး BTS Station Bangwa နဲ့ကပ်နေတာမို့ နိုင်ငံတကာကလာတက်ရောက်မယ့်ကျောင်းသားတွေရဲ့ အာရုံစူးစိုက်မှုကိုခံနေရတယ်ဆိုလည်းမမှားပါဘူး History Siam University ကို 1965 ခုနှစ်မှာ Dr. Narong Mongkhonvanit ကနေစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်...
📚 Degrees and Programs
🏫 Siam University မှာ Local ကော၊ Foreign Students တွေအတွက်ပါ Bachelor, Master နဲ့ Ph.D Degree အသီးသီးစီရှိပါတယ်...
🔸International Bachelor Programs : https://inter.siam.edu/
🔸Business Administration (IBBA) : http://ibba.siamnet.asia/
🔸Hotel & Tourism Management : https://ices2013.wixsite.com/interhotelsiamu
🔸Information Technology
🔸International Civil Engineering
🔸Master Programs
🔸Masters In Business Administration (IMBA)
🔸Masters In Peace Studies & Diplomacy (MAPD)
Q: Scholarship တွေကောကမ်းလှမ်းပေးလား❓
A: လက်ရှိကျောင်း၀င်ခွင့်လျှောက်တာနဲ့ Partial Scholarships တန်းလျှောက်လို့ရတဲ့အခွင့်အရေးတွေလည်းရှိသလို Current students တွေအတွက် Financial Assistance သဘောမျိုး Tuition Fees တချို့ထောက်ပံ့ပေးတာမျိုးတွေရှိပါတယ်ခင်ဗျာ... 👌
🎟️ Study cost and Tuition fees
✅ Study cost တွေအနေနဲ့ကတော့ Bachelor Degree Semester တစ်ခုကိုဘတ် ၅ သောင်းမှ ၆ သောင်းအတွင်းကျသင့်မှာဖြစ်တာမို့အတော်လေးစျေးသင့်တင့်တယ်လို့ဆိုရပါမယ်...
✅ Master Program တွေကတော့ program တစ်ခုလုံးစာအတွက် ဘတ် ၂ သိန်းကနေ ၃ သိန်းကျသင့်မှာဖြစ်ပါတယ်...
✔️ Siam University ကလက်ရှိမှာ International Organization တွေဖြစ်ကြတဲ့ - Association of Southeast Asian Institutions of Higher Learning (ASAIHL) International Association of University Presidents (IAUP) International Association of Universities (IAU) Association of Universities in Asia and the Pacific (AUAP) စတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေမှာလည်း Member တစ်ဦးဖြစ်ပါတယ်။ World Ranking & Thai Ranking 2022 ရဲ့ Asian University Ranking အရ Siam Uni ဟာ 401-450 အတွင်းမှာရှိပါတယ်။
✔️ https://www.4icu.org/th/ website ရဲ့ဖော်ပြချက်အရ Thai နိုင်ငံရဲ့ Uni Ranking မှာတော့ Ranking(31) မှာရှိပြီးတော့၊ Private University Ranking မှာတော့ (3) နေရာမှာရှိပါတယ်။ ဘန်ကောက်မှာနေထိုင်မယ့်စရိတ်ကတော့ ကိုယ်နေထိုင်မယ့်အပေါ်မူတည်ပြီး ကွဲပြားနိုင်တာမလို့ ထည့်မရေးပြတော့ပါဘူး...✌️
💁 ကဲ စာလည်း အတော်ရှည်သွားပြီဆိုတော့ အဆုံးသတ်ရင်းနဲ့ ဒီနေ့မှာ ပြောပြခဲ့တဲ့ ကျောင်းသားတွေရဲ့ပါးစပ်ဖျားမှာနာမည်ရလာတဲ့ Siam University အကြောင်းတစ်စေ့တစ်စောင်းကို ဗဟုသုတတစ်ခုခုရသွားမယ်လို့မျှော်လင့်ပါတယ်...
🔗 University Application Portal : https://admission.siam.edu/apply/
📌 ကျောင်း၀င်ခွင့်အနေနဲ့ ၁၀ တန်းအောင်တာနဲ့တက်ရောက်နိုင်ပြီးတော့ IELTS or University Placement Test ဖြေဆိုပြီး Join နိုင်ပါတယ်ခင်ဗျာ...
📌 Admission Requirements နဲ့ပတ်သတ်ပြီး မေးချင်တာရှိရင်လည်း Page chat box မှာ အချိန်မရွေးလာမေးနိုင်တယ်ဆိုတဲ့အကြောင်းကိုလည်း သတင်းကောင်းပါးလိုပါတယ်ခင်ဗျ...
✨ အားလုံး ကောင်းသောညလေးပါ🙏🌌
#takeyourtimemyanmar
#youthopportunities
#siamuniversity


Is this content useful to you?

Thanks for your feedback


Add Comment

Comments

No Comment Yet!