💁 အမေးများတဲ့ မေးခွန်းလေးကို တိုတိုတုတ်တုတ်ဖြေပေးရမယ်ဆိုရင်တော့ Student Visa is illegal to work in Thailand။ Thai မှာတရား၀င်အလုပ်လုပ်ချင်ပါက Work Permit နဲ့ Work Visa (Non-Immigrant B) ဆိုတဲ့ Type ကို ကိုယ့်ကိုခန့်တဲ့ Employer က ပြောင်းလဲပေးမှသာလျှင် အလုပ်လုပ်ခွင့်ရှိပါတယ်...
👀 ခိုးလုပ်လို့ရလားဆိုတော့ လုပ်ရဲရင်တော့လုပ်ကြပေါ့ဗျ...🙃
💁 တကယ်တော့ ခိုးလုပ်ချင်ရင်တောင်အလုပ်ခန့်မယ့် Employer တွေသိပ်မရှိပါဘူး။ ဘာလို့လဲဆိုတော့...
⚠️ ၁) အတိုင်ခံရရင် ပြဿနာအကြီးအကျယ် တက်နိုင်ပြီး ကံဆိုးရင် Business Operation ရပ်ခံရနိုင်လို့
⚠️ ၂) Myanmar Immigrant Labor တွေကို ထိုင်း-မြန်မာ MOU စာချုပ်တွေအရ ပေါပေါလောလောခေါ်လို့ရနေတာမို့ ဘယ်သူမှခေါင်းအရှုပ်ခံပြီး ကျောင်းသားကိုအလုပ်မခန့်ကြပါဘူး...
⚠️ နောက်ပြီးကျောင်းသားတွေကို သတိပေးချင်တာက ကိုယ်ကကျောင်းလာတက်တာမို့ Bachelor ကျောင်းသားတကယ်ကျောင်းအပြည့်တက်တဲ့သူဆိုရင် Monday-Friday နီးပါးကျောင်းတက်ရတာပါ။ကျောင်းနားရက်တွေလည်းစာလုပ်မှာမို့ အလုပ်လုပ်ဖို့အချိန်မရှိသလောက်ပါပဲခင်ဗျာ။ Master Program အများစုသာ Part-Time တက်ရတာမို့ အားနေတဲ့အချိန်တွေများတာပါ...
👉 တစ်ခုမှာချင်တာကကျောင်းသားတွေအနေနဲ့ လုံလောက်တဲ့ Budget ရှိဖို့လိုပါတယ်။ မရှိရင် လျှောက်ထားလို့ရတဲ့ပညာသင်ဆုတွေလည်းအများကြီးပါပဲ...😌
🙅 တရားမ၀င်နည်းလမ်းသို့မဟုတ် သူများနိုင်ငံရဲ့ဥပဒေတွေကိုမဖောက်ဖျက်တာပိုကောင်းပါတယ်။
ဒါပေမယ့် ကိုယ်က အပို၀င်ငွေလိုချင်တယ်ဆိုရင် လုပ်လို့ရတဲ့ Options တွေကတော့...👇
🔸 Freelance Jobs (Content Writing, Web Developer etc.)
🔸အ၀ယ်တော် / Supplier
🔸Online Shopping စသဖြင့် တစ်နိုင်တစ်ပိုင်လုပ်လို့ရတာလေးတွေလည်းရှိပါတယ် ခင်ဗျာ...
💁 ကဲ ဒီနေ့တော့အားလုံးသိချင်နေတဲ့ မေးခွန်းလည်းရှင်းသွားပြီလို့ထင်ပါတယ်...
📣 ကျောင်းလျှောက်တာ *Notary Take Your Time - Online Notary Services , *Visa, *Air Ticket, *Insurance တွေကို TYT မှာ one stop service ပေးနေပြီမို့ လိုအပ်ရင်လည်းဆက်သွယ်နိုင်ပါတယ်ခင်ဗျာ... 💪
#takeyourtimemyanmar
#JobOppotunityInThailand
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments